address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, April 7, 2015

မငြိမ်းချမ်းရခြင်း အကြောင်းရင်းကိုလည်း သိဖို့လိုအပ်တယ်။ ဒီမငြိမ်းချမ်းရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းနိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာပါ NCCT ဒုခေါင်းဆောင်၊ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း နှင့်တွေ့ဆုံခြင်း



7.4.2015

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်၊ နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့အလား အလာနှင့်ပတ်သက်၍NCCTဒုတိယခေါင်းဆောင်၊ KNUအထွေထွေအတွင်းရေးမှူးဖဒိုစော ကွယ်ထူးဝင်းကို 7Day သတင်းဌာနက ဧပြီ ၁ရက် တွင် တွေ့ဆုံမေးမြန်းခဲ့ပြီး ယင်းအနက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Wednesday, March 18, 2015

ကရင် သမိုင်းသုတေသနစာစုများ အမည်ရှိစာအုပ်ထွက်ရှိ



18.3.2015

ပုဂံခေတ်မှကုန်းဘောင်ခေတ်ထိ ကရင်-ဗမာဆက်ဆံရေး အပါအ၀င် ကရင် အမျိုးသားများနှင့်ပတ်သက်သည့် ရှားပါးသမိုင်းကြောင်းဆိုင်ရာများ ပါရှိ သည့် ကရင် သမိုင်းသုတေသနစာစုများအမည်ရှိ စာအုပ်ကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဦးဆောက်ပန်းစာပေမှ ထုတ်ဝေဖြန့်ချီလိုက်ပါသည်။

Tuesday, February 10, 2015

ဖေဖော်ဝါရီ ၁၁ရက် ၄ပွင့်ပြန်ဆိုင်ရန် သဘောတူ



10.2.2015

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းခန်းမမှာ ပြန်လည်စတင်ဖို့ အစိုးရနဲ့ ကိုယ်စားလှယ်တွေ သဘောတူညီကြပါတယ်။

ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်



10.2.2015

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တက္ကသိုလ်စာယဉ် တိုးတက်အောင် ဆက်လုပ်ကြရန် စီနီယာကျောင်းသား များ တိုက်တွန်း



10.2.2015

ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) ကော်မတီလုပ်ငန်းများ တိုးတက် မှုရှိအောင် ဂျူနီယာ ကရင်တက္ကသိုလ် ကျောင်းသားများအနေဖြင့် ကျရာဏ္ဍတွင် စည်းစည်းလုံးလုံး ဆက်လုပ် သွား စေလိုသည်ဟု စီနီယာ ကရင်တက္ကသိုလ်ကျောင်းသားများက တိုက်တွန်း ပြောဆိုလိုက်သည်။

ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် အိမ်ရှင်နယူးဇီလန် တစ်အုပ်စုတည်းကျရောက်



10.2.2015

ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် အသင်းများနှင့် အုပ်စု(က)တွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

မြ၀တီမြို့နယ်တွင် လေးကေကော်မြို့သစ် စီမံကိန်း စတင်အကောင်အ တည် ဖော် လုပ်ဆောင်နေ



10.2.2015

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးမယ်ဝါးခီးကျေးရွာအနီးတွင် ကရင်အမျိုး သားအစည်းအရုံး(ကေအဲန်ယူ) နှင့် အစိုးရတို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လေး ကေကော်မြို့သစ်စီမံကိန်းကို သူးလေကုမ္ပဏီမှ တာဝန်ယူ၍ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။

ကေအဲန်အယ်အေ တပ်မဟာ(၇) တပ်ရင်း ၂၁ တပ်ရင်းမှူး ကွယ်လွန်



10.2.2015

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)မှ တပ်ရင်း-၂၁ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး စောတာတိုး(၇၁)နှစ်သည် ဖေဖော်ဝါရီ ၈ရက်နေ့ည ၈နာရီအချိန်တွင် ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေ တစ်နေရာ၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

မြန်မာများကို မှတ်ပုံတင်ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ တိုင်ကြားခံရ



10.2.2015

မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင်လုပ်ပေးခဲ့တဲ့ ထိုင်းအစိုးရ၀န်ထမ်း ၁၆ ဦး ဥပဒေကြောင်းအရ အရေးယူဖို့ တိုင်ကြားခံထားရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

KWO ဗဟို အမြဲတမ်းကော်မတီဝင်များကို နိုင်ငံရေးသင်တန်းပေးရန် ဆုံးဖြတ်



10.2.2015

နိုင်ငံရေးစွမ်းရည် မြှင့်မားလာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ၎င်းတို့၏ ဗဟိုအမြဲတမ်းကော်မတီဝင်များကို လာမည့် သြဂုတ်လအတွင်းတွင် တစ်လကြာ နိုင်ငံရေးသင်တန်းတစ်ရပ် ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

တောင်ငူတွင်ကျင်းပမည့် ကရင်အမျိုးသားနေ့ KNU ဒုဥက္ကဌ တက်ရောက်မည်



10.2.2015

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တောင်ငူခရိုင်တွင် ကျင်းပ မည့် (၆၇) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ဒုဥက္ကဌပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

Monday, February 9, 2015

ဝန်ကြီးချုပ်ဟောင်းယင်လပ်ရှင်နာဝပ် နိုင်ငံခြားခရီးသွားခွင့် ထိုင်းအစိုးရပိတ်ပင်



9.2.2015

ယခုလနှောင်းပိုင်း တွင် ရာဇဝတ်မှုဆိုင်ရာ စွဲချက် များ ရင်ဆိုင်ရေး နိုင်ငံ အတွင်းရှိ နေရေး သေချာစေရန် ဝန်ကြီးချုပ် ဟောင်း ယင်လပ်ရှင်နာဝပ်၏ နိုင်ငံခြားခရီးသွားရေး ခွင့်ပြုခြင်း ကို ထိုင်းအစိုးရက ငြင်းပယ်လိုက် သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ဂျပန်ရောက် မြန်မာအလုပ်သမား ၃၃ ဦး ဒုက္ခသည် ခိုလှုံခွင့်လျှောက်



9.2.2015

ဂျပန်နိုင်ငံ အီဘာရက်ကီ စီရင်စု အလုပ်ရုံကနေ အရင်နှစ်က ပျောက်သွားတဲ့ မြန်မာ နည်းပညာ သင်တန်းသား ၃၃ ဦးဟာ ဒုက္ခသည် အဖြစ် လျှောက်ထား တယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေး ကြောင်း ကေအင်န်ယူသုံးသပ်


9.2.2015

ငါးရက်ကြာပြုလုပ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

မဲခေါင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု သံသယရှိသူ ၈၄၁ ဦး ဖမ်းဆီး



9.2.2015

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း နိုင်ငံ ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒုတိယ အကြိမ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ သံသယရှိသူ ၈၄၁ ဦး ဒီနှစ်အစောပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆိုပြုချက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်ရေး လက်ရှိအချိန်အထိ မသေချာ


9.2.2015

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လာမည့်ပြည်ထောင် စုနေ့တွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အ၀ရှိသော အမျိုးသားပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ ‘ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်’ ကို ကတိက၀တ်ပြု ပါဝင် လက်မှတ်ရေးထိုး သွားကြရန် အစိုးရထံသို့ အဆိုပြုထားရာ ယင်းအဆိုပြု ချက် ကို လက်မှတ်ရေးထိုးနိုင်ရေး လက်ရှိအချိန်ထိ မသေချာသေးကြောင်း နှစ်ဖက် ကိုယ်စားလှယ်များထံမှ သိရသည်။

Friday, February 6, 2015

ပြည်ထောင်စုနေ့ မတိုင်မီ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံမည်


6.2.2015

ယခုလအတွင်း ကျရောက်မည့် (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ မတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ဘန်ကောက် ဗုံးခွဲတရားခံ ရှာဖွေမှုကြောင့် မြန်မာများဆင်ခြင်ကြရန် သံရုံး သတိပေး




6.2.2015 

ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အထူးသတိထား နေထိုင်သွားလာကြဖို့ ဘန်ကောက်မြန်မာသံရုံးက သတိပေးနှိုးဆော်ချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် လူငယ်များ တာဝန်ရှိကြောင်း KNU ဥက္ကဋ္ဌ တိုက်တွန်း



6.2.2015 

ကရင်မျိုးဆက်သစ်လူငယ်များအနေဖြင့် မပြီးဆုံးသေးသော အမျိုးသားတာဝန် ကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကေအဲန်ယူဌာနချုပ်တည်ရှိရာ လေးဝါးစခန်း၌ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသည့် ၆၈နှစ်မြောက် ကေအဲန်ယူနေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

Thursday, February 5, 2015

ဒေါနတောင်ခြေတွင် ၆၈ နှစ်မြောက် (KNU) နေ့ကျင်းပ



5.2.2015

ယနေ့တွင်ကျရောက်သည့် ၆၈ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU စတင်ဖွဲ့စည်းထူထောင်ခဲ့သည့်နေ့ အခမ်းအနားကို (ကေအင်န်ယူ) ဗဟိုကဦး ဆောင်၍ ဘားအံခရိုင်ရှိ လေးဝါးစခန်းတွင်ကျင်းပခဲ့ရာ ခရိုင်နှင့်တပ်မဟာ ၇ ခုမှ ခေါင်းဆောင်များ ကရင်အမျိုးသားများ တက်ရောက်ခဲ့ကြသည်။