address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 30, 2013

တရားရုံးများ၏ တရားစီရင်ရေး မယုံသဖြင့် အယူခံမ၀င် ဟု ဒေါ်နော်အုန်းလှပြော

30.9.2013
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ။ ။မြန်မာ နိုင်ငံရှိ တရားရုံးများ၏ တရားစီ ရင်ရေး ကို အယုံအကြည်မရှိသော ကြောင့် အယူ ခံလုံးဝဝင်မည်မဟုတ် ဟု ဒေါ်နော်အုန်းလှကပြောကြောင်း ၎င်း၏ရှေ့နေ ဦးရောဘတ် ဆန်း အောင်မှ တစ်ဆင့် သိရ သည်။

ကယားပြည်နယ်သူရဲကောင်းဗိမာန်ကိုပြုပြင် မွမ်းမံအလှဆင်မှုပြုလုပ်

30.9.2013

ကယားပြည်နယ်၊လွိုင်ကော် မြို့ရှိသူရဲကောင်းဗိမာန်ကိုဆေး သုတ်ခြင်း၊ ဗိမာန်ပတ်လည်တွင် ကွန်ကရစ်ခင်း၍ အကာ အရံလက် ရန်းတိုင်များတပ်ဆင်ခြင်း၊ ဗိမာန် အ၀င်လမ်းအားကွန်ကရစ်ခင်းခြင်း စသည့်ပြုပြင်မွမ်းမံအလှဆင်မှုပြု လုပ် ထားကြောင်းသိရသည်။

KNPP နှင့်အစိုးရတို့ ဖွံ့ဖြိုးရေးလုပ်ငန်း မပူးပေါင်းနိုင်သေး

30.9.2013

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအ တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေးကြောင်း KNPP မှ ဗိုလ်မှူး ဘုန်းနိုင်က ပြောသည်။

ပြည်ထောင်စု ၀န်ကြီးများက နိုင်ငံရေးပါတီ ၃၇ ခုမှ ခေါင်းဆောင် ၇၀ ဦးခန့်နှင့် တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြ

စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ တွေ့ဆုံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MPC)
 30.9.2013

အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၇၀ ၀န်းကျင်တို့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ ချရေး တို့ကို ဆွေးနွေးမှုပြုလုပ် ခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီးများက အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်ရွယ်ထား သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တောင်းဆို


30.9.2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်ကြောင်းများကို ရုပ် သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလေးဖွဲ့က အစိုးရထံ တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူး ကြီး စောစန်းအောင်က ပြောကြားသည်။

ဒုက္ခသည်အရေးဆောင်ရွက်ရန် ဦးဆောင်ကော်မတီတစ်ခုဖွဲ့ မည်


30.9.2013

ဒုက္ခသည်အရေး ဆောင်ရွက်ရန် ကရင်ဒုက္ခသည်ကော်မတီ(KRC)က ဦးဆောင်ကာ ကရင်လူထုအခြေပြုအဖွဲ့ အစည်း များနှင့် ကေအဲန်ယူတို့ ပါဝင်သည့် ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Friday, September 27, 2013

အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးသာ လက်တွေ့ကျဟု KNU ပြောကြား



27.9.2013

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်လျက်ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) သည် လက်နက်ကိုင် တပ် ဖွဲ့များနှင့် နိုင်ငံရေးပါတီ အချို့က တောင်းဆိုနေသော အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲမှုကို သဘောမတူဘဲ အခြေ ခံ ဥပဒေ ပြင်ဆင်ရေး နည်းလမ်းသည်သာ လက်တွေ့ကျသော နိုင်ငံရေး ဖြေရှင်းမှုဟု ယုံကြည်ကြောင်း KNU အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ကရင်သတင်းစဉ်၏ အခြေခံသတင်းသင်တန်း အာဏာပိုင်များ စောင့်ကြည့်မှုရှိခဲ့



27.9.2013

ကရင်သတင်းစဉ်ဂျာနယ်က ဦးစီး၍ ကရင်ပြည်နယ် ဘားအံမြို့ ၊ သုမေဓါရာမ ကြားတောရကျောင်းတိုက်၌ စက်တင်ဘာ လအ တွင်းက ဖွင့်လှစ်ခဲ့သည့် အခြေခံသတင်းစာသင်တန်းသို့ အာဏာပိုင်အချို့က သင်ကြားနေမူကို လာရောက်စောင့် ကြည့်ခဲ့ ကြောင်း သိရသည်။

အစိုးရ၏ အရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကေအဲန်ယူ ခရီးထွက်ခွာ



27.9.2013

မြန်မာအစိုးရ၏ အုပ်ချုပ်ရေးနှင့် တပ်ဖက်ဆိုင်ရာ အကြီးအကဲများကို တွေ့ဆုံရန် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ် (၉)ဦးသည် ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်သို့ ယနေ့နံနက် ခရီးထွက်ခွါသွားခဲ့သည်။

Thursday, September 26, 2013

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် ဆွေးနွေးမည်




26.9.2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများ လာမည့် လပိုင်းအတွင်း စတင်တော့ မည် ဟု ဆိုထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ကရင် အမျိုးသား အစည်း အရုံး KNU အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အကြိုလုပ်ငန်းစဉ်များကို ဆွေးနွေး မည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ သိရှိရသည်။

အဖေကိုတရားစွဲတဲ့ စေါဘဦးကြီး”


26.9.2013

 နေစရာအိမ်တွေများပါရဲ့နဲ့ အိမ်တစ်ခြမ်းထပ်လိုချင်လို့ ….ဒေါ်စုကို အောင်ဆန်းဦးကတရားစွဲတယ်ကြားတော့.. ဗိုလ်ချုပ်နဲ့ ပတ်သက်ရင်အမြှီးပါလဲလေးစားမယ်ဆိုတဲ့ စိတ်ဓါတ်ပျောက်သွားတယ်။ လူတွေဟာလူတွေဘဲလေ ဘုရား နဲ့ပတ်သက် တဲ့ အထဲမှာတောင် ဒေ၀ဒတ် ပါနေသေးတာဘဲ ။ ကရင့်ခေါင်းဆောင်စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ်ဆိုတာ ကြား ဖူးတော့ .. သူ့ကိုဘာကြောင့်လေး စားထိုက်တယ်ဆိုတာသိသွားတယ်

MKO ရုံးသို့ မလေးရှားအလှမယ် သွားရောက်လေ့လာခဲ့


26.9.2013

မလေးရှားနိုင်ငံ၏ Miss Malaysia World 2013 ဆုရရှိထားသူ အသက် ၂၁နှစ်အရွယ် အလှမယ် Melinder Bhullar က မလေး ရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Malaysia Karen Organization (MKO) ရုံးသို့ သြဂုတ်လ ၂၉ရက်နေ့က သွားရောက်လေ့လာခဲ့ ကြောင်း သိရသည်။

ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ကရင်နှစ်သစ်ကူးကို စုပေါင်းကျင်းပရန် စီစဉ်

      စုပေါင်းယဉ်ကျေးမှုများ ဖေါ်ထုတ်ကြစဉ် စုပေါင်းယဉ်ကျေးမှုများ ဖေါ်ထုတ်ကြစဉ် (ဓါတ်ပုံ - ကရင်လူငယ်အဖွဲ့)
 26.9.2013

၂၀၁၃ ခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်ကို ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ တနေရာတည်း စည်းကား သိုက်မြိုက် စွာ ကျင်းပနိုင်ရန် မြ၀တီ ခရိုင် ရွှေကုက္ကိုမြိုင် ၌ ယနေ့ အစည်းအဝေး ကျင်းပ သွားခဲ့ သည်ဟု ပြောခွင့်ရသူ အစိုးရ နယ်ြ ခား စောင့်တပ်မှ ဗိုလ်မှူးချုပ် ချစ်သူက ဆိုပါသည်။

တောင်တက်ယာဉ် အသင်း၏ ကမ်းလှမ်းမှုအား ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က လက်မခံဟုဆို


26.9.2013

ရန်ကုန် ၊ စက်တင်ဘာ ၂၄။ ။ ကျိုက် ထီးရိုးမော်တော်ယာဉ်အသင်းက ယာဉ်လိုင်းပြေးဆွဲခွင့်ရရှိရေးကြိုး ပမ်းနေသည့် ကရင်စာပေနှင့် ယဉ် ကျေးမှုအဖွဲ့အား ကနဦးထောက် ပံ့ငွေကျပ်သိန်း ၂၅၀ နှင့် ယာဉ်လိုင်း တည်ရှိနေသည့်ကာလ ပတ် လုံး နှစ်စဉ်ကျပ်သိန်း ၁၀၀ ထောက် ပံ့ပေးမည့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ ခြင်းကို လက်မခံခဲ့ကြောင်း ကျိုက် ထိုမြို့နယ် ကရင် စာပေနှင့်ယဉ် ကျေးမှုရုံးမှ သိရသည်။

ဒုက္ခသည် အမျိုးသမီးတစ်ဦး မယ်လစခန်းပြင်ပတွင် ဒဏ်ရာများဖြင့် သေဆုံး


26.9.2013

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်း (ဇုံ-စီ)အနီးအနားရှိ သစ်တောနေရာတစ်ခုတွင် ဒဏ်ရာ များဖြင့် သေဆုံးနေသော ဒုက္ခသည် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း မယ်လစခန်းတာဝန်ရှိသူများ က ပြောသည်။

Wednesday, September 25, 2013

အောက်တိုဘာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးပွဲတွင် အဖွဲ့အားလုံး မပါဝင်ပါက အပစ်ရပ်ပြီးသည့် အဖွဲ့များပါ ပါဝင်ဖွယ် မရှိဟုဆို


25.9.2013

လာမည့် အောက်တိုဘာလအတွင်း ပြုလုပ်မည်ဟု အစိုးရဘက်က ပြောကြားနေသော နိုင်ငံလုံးဆိုင်ရာ အပစ်အခ တ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး မပါဝင်ပါက အပစ်ရပ်ပြီးသည့် အဖွဲ့ များလည်း ပါဝင်လက်မှတ် ရေးထိုးဖွယ် မရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

ငလျင် အကြိမ်အရေအတွက် စိပ်လာ၍ ငလျင်ကြီး အန္တရာယ်သတိထားဖို့လို

25.9.2013

ယခုနှစ်အတွင်း ငလျင်လှုပ်သည့်အကြိမ်အရေအတွက် စိပ်လာခြင်းသည် ငလျင်ကြီးအန္တရာယ်လာနိုင်သည့်အတွက် သတိထားသင့်ကြောင်းမြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက မဇ္ဈိမကိုပြောသည်။

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည်ရိုက်နှိပ်ရေး လှုပ်ရှားမည်


25.9.2013

မြန်မာနိုင်ငံတွင် အသုံးပြုနေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ပြန်လည်ရိုက်နှိပ် ထုတ်ဝေပေးရန် အတွက် ပြည်သူများ၏ ဆန္ဒသဘောထား လက်မှတ်များကို BG သွေးလှူအသင်းမှ လူငယ်များက ဦးဆောင် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ကြီးဆွေးနွေးပွဲ ရလဒ်ကို တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကျေနပ်

(တောင်ကြီးမြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ အခမ်းအနား)
 25.9.2013

နိုင်ငံရေး အင်အားစုအဖွဲ့ ၇၀ ကျော်၏ တောင်ကြီးဆွေးနွေးပွဲ ရလဒ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ပအခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကျေ နပ်ကြောင်း UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက စက်တင်ဘာ ၂၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

မြ၀တီမြို့နယ်ရှိ ရွာ ၁၀ရွာကို လမ်းစဉ်နှင့် လက်ရှိနိုင်ငံရေး ကေအဲန်ယူ ချပြဆွေးနွေး


25.9.2013

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ မောခီးကျေးရွာအုပ်စုရှိ ရွာ ၁၀ရွာ ကို ကေအဲန်ယူက ၎င်းတို့၏ လမ်းစဉ်နှင့် လက်ရှိ နိုင်ငံရေးအခြေအနေများကို စက်တင်ဘာလ တတိယပတ်အတွင်း ရှင်းလင်း ချပြ ဆွေးနွေးသည်ဟု သိရသည်။

Monday, September 23, 2013

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းဖို့ ဗိုလ်မှူးချုပ် ပေါင်ခေး အကြံပြု

 အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေ ပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့                                      ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ အကြံပြု ဆွေးနွေးတဲ့ ဗိုလ်မှူးချုပ် ပေါင်ခေး
23.9.2013

အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ ကွပ်ကဲ မှု အောက် မှာ ထားရှိဖို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) အ ကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ပေါင်ခေး က အကြံပြု ပြောဆို လိုက်ပါတယ်။

ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းကျော် စရောင်းမည်

23.9.2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းထားသည့် ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းနှစ်ထောင်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကျပ် ၁၅၀၀ နှုန်းဖြင့် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း MPT က ထုတ်ပြန် ကြေညာသည်။

ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ပြီးဆုံး


23.9.2013

တတိယ အကြိမ် (၃) ရက်ကြာမျှ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်းပြည်နယ်/ ကယားပြည်နယ်/ မွန်ပြည်နယ်) ဆွေးနွေး ပွဲသည် ယနေ့ ပြီးဆုံး သွားခဲ့ သည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် ကယန်း ပြည်သစ် ပါတီ အတွင်းရေးမှူး (၁) ဗိုလ် မှူးကြီး စောလွင် ကဆိုပါသည်။

ကရင်ပြည်နယ်အတွင်း အစိုးရ၏ စီးပွားရေးရင်းနှီးမြုပ်နှံမှုများအပေါ် ပထမအဆင့်ဆွေးနွေး


23.9.2013

ကရင်ပြည်နယ်၌ မြန်မာအစိုးရ၏ စီးပွားရေးရင်းနှီးမြုပ်နှံမှုများအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ နားလည် မှုအမြင်များကို ပထမအဆင့်အနေဖြင့် ဒေသခံလူထုနှင့် ပညာရှင်များက ဖားအံမြို့၊ ကရင်ကျောင်းသား များရိပ်သာတွင် စက်တင်ဘာလ ၂၁ မှ ၂၂ရက်နေ့အထိ တွေ့ဆုံဆွေးနွေးကြသည်။

ဖားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျင်းပ


23.9.2013

ဖားစည်မြေလူငယ်ကွန်ရက်များက ဦးစီး၍ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကန်သာဦးခန်းမ၌ ပထမအကြိမ် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၂၁ရက်နေ့တွင် ပြုလုပ်ကျင်းပကြသည်။

ကော့ကရိတ် မြ၀တီ လမ်းကြောင်း၌ မိုင်းနင်းမိ သေဆုံး


23.9.2013

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြ၀တီ လမ်းကြောင်းရှိ ချောက်ကမ်းပါး အလှုခံ မဏ္ဍာပ်၏ နေရာဘေးရှိ ချောက်ကမ်းပါး လျှိုမြောင် လမ်းကြား ထဲသို့ တောနင်း သွားသူ တဦး မိုင်းနင်း မိပြီး သေဆုံး ခဲ့ရသည်ဟု အစိုးရ လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ် သူဒေသခံ တဦးက ဆိုပါသည်။

Saturday, September 21, 2013

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး ပွဲတော်နှင့် လူထုလမ်းလျှောက်ပွဲကို သက်ဆိုင်ရာက ခွင့်ပြု

21.9.2013

စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး လိုလားသူ အရပ်ဘက် အဖွဲ့စည်းများမှ ပြုလုပ်မည့် ငြိမ်းချမ်းရေး ပွဲတော်နှင့် လူထုလမ်းလျှောက်ပွဲ အ တွက် သက်ဆိုင်ရာက ခွင့်ပြုမိန့် ရရှိပြီဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ ယနေ့ စတင်မည်

21.9.2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်မည့် ရှမ်း၊ ကယား၊ မွန်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယအဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြေမြှုပ်မိုင်းကြောင့် ခံစားနေရသူများကို ကန်ဒေါ်လာ နှစ်သိန်းကျော် ဂျာမနီကူညီ

21.9.2013

မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများ ပြန်လည် သန်စွမ်းရေး အတွက် ဂျာမနီ အစိုး ရက အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်ကို မြေမြှုပ်မိုင်းကြောင့် ဓားစာခံ ဖြစ်ခဲ့ရသူများ အတွက် ပံ့ပိုးကူညီနေသည့် ဒိန်းမတ်နိုင်ငံ အခြေစိုက် Danchurch Aid (DCA) သို့ ထောက်ပံ့ထားကြောင်း စက်တင်ဘာလ ၁၈ရက်နေ့တွင်(DCA)  ကထုတ်ပြန်သည်။

ကယားပြည်က စစ်တပ် သိမ်းဆည်းမြေ ပြသနာများ



21.9.2013
(၃)နှစ်ကြာ သိမ်းဆည်းခံ ထားရသည့် လယ်ယာမြေ (၂၇၀၀) ဧကကို လျှော်ကြေးပေးမည် ဖြစ်ကြောင်း ကယားပြည် နယ် အစိုးရ၏ ပြောကြားချက်ကို ဒေသခံများက လက်မခံဟု တုန့်ပြန် ခဲ့ကြောင်း ကရင်နီ အမြဲစိမ်း (Ever green) အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ အာမူထူးက ဆိုပါသည်။

Friday, September 20, 2013

မြဝတီမှာ လောင်းကစားလုပ်ငန်းတွေ ဖြိုခွင်း


20.9.2013

ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားဂိမ်းရုံ ၂၄ ရုံကို မြဝတီခရိုင် ရဲတပ်ဖွဲ့က လောင်းကစား စက်ပစ္စည်းတွေ အပြင် ဆိုင်ရှင် ၂ ဦးကိုပါ ဖမ်းဆီးလိုက်တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးက ဒီနေ့ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းများ ယခုနှစ်အပြီး ရှင်းမည်ဟုဆို

20.9.2013

ကရင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် မြေမြှုပ်မိုင်းများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖော်နိုင်ရန် လုပ်ငန်းစဉ် ချမှတ် ဆောင်ရွက်သွားမည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (DKBA) မှ သတင်းနှင့် ပြန်ကြားရေး ဗိုလ်မှူးနိုင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

Thursday, September 19, 2013

ကေအဲန်ယူ တပ်မဟာ(၅)တွင် မွမ်းမံစစ်သင်တန်းဆင်းပွဲ ပြုလုပ်


19.9.2013

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ တပ်မဟာ (၅) တစ်နေ ရာတွင် စက်တင်ဘာလ ၁၇ရက်နေ့က မွမ်းမံစစ်သင်တန်း အခမ်းအနားတရပ် ပြုလုပ်ကျင်းပခဲ့သည်။

ကယားတောင်သူတွေ အစားထိုးလျော်ပေးတဲ့ လယ်မြေကို လက်မခံ

19.9.2013

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်း ဆောက် လုပ်ရေး စီမံကိန်းအတွက် သိမ်းယူထားခဲ့တဲ့ လယ်မြေတွေကို ကယားပြည်နယ်အစိုးရက တခြားလယ်ယာမြေတွေနဲ့ အစား ထိုးပြန်ပေးမယ့် အစီအစဉ်ကို လယ်သမားတွေဘက်က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတစ်ခု ဓါးပြတိုက်

19.9.2013

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အမည်မသိ မွန်လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုက ဆက်ကြေးငွေများ အတင်းအဓ္ဓမလိုက်လံတောင်းနေသည်ဟု သိရပါသည်။

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီရပ်ဆိုင်းထား


19.9.2013

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံးက ယာယီရပ်ဆိုင်း ထားကြောင်း သိရသည်။

ကရင်ကျောင်းသားများရိပ်သာကို ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက်ကျောင်းအဖြစ် ပြောင်းလဲ


19.9.2013

ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်းသားများရိပ်သာ (Kayin Student’s Center-KSC) ကို ၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေး(ဘ.က)တွဲဖက်ကျောင်းအဖြစ်သို့ ပြောင်းလဲဖွင့် လှစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

Wednesday, September 18, 2013

အစိုးရဌာနဆိုင်ရာ စွမ်းဆောင်ရည်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် UNDP ကူညီမည်

18.9.2013

မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနဆိုင်ရာများစွမ်းဆောင်ရည်တိုးတက်ကောင်းမွန် လာစေရန်နှင့် ဒေသဖွံ့ဖြိုးလာ ရန် ၂၀၁၃ မှ ၂၀၁၅ အထိ စီမံကိန်းအတွက် ထောက်ပံ့ကူညီသွားမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)က ယနေ့ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ၎င်းတို့၏ ရုံးဖွင့်လှစ်သည့်အခါ ပြောကြားခဲ့သည်။

မြန်မာအလုပ်သမား ၁၉ ဦးကို အလုပ်ရှင်မှ လစာငွေပေးရန် ပျက်ကွက်မှုအတွက် တရားရုံးက ဆုံးဖြတ်

18.9.2013

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၊ မယ်ပ ၁၀ ရပ်ကွက်ရှိ M-1 အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား အမျိုးသမီး ၁၉ ဦးကို အလုပ်ရှင် မှ လစာပေးရန် ပျက်ကွက်မှုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲဆောက်မြို့ အလုပ်သမား ကာ ကွယ်ရေးရုံး၏ ဆုံးဖြတ်ချက်ဖြင့် လုပ်အားခပြန်အမ်းငွေကို ယနေ့ ပြန်လည်ရရှိခဲ့သည်။

ကရင်အလုပ်သမားတစ်ဦး ဆောက်လုပ်ရေးတိုက်ပေါ် ဖြုတ်ကျသေဆုံး

18.9.2013

ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်မြို့ရှိ ဆန်ဒေ့(ကလေး)တရားရုံးအနီး၌ပါဝါလိုင်းကုမ္ပဏီမှအသစ် ဆောက်လုပ်နေ သည့် အဆောက်အဦးတစ်ခုအပေါ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ရက်နေ့၊ ညနေ ၈နာရီ ၀န်းကျင်က ကရင်အလုပ် သမားတစ်ဦး ဖြုတ်ကျသေဆုံးခဲ့သည်ဟု သိရသည်။

အတ္တရံမြစ်ကူးတံတားတစ်စင်း တည်ဆောက်မည်

18.9.2013

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသည့် မုဒုံ-မြဝတီလမ်းမပေါ် ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့ နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် အတရံမြစ်ကူးတံတားတစ်စင်း (ချောင်းနှစ်ခွတံတား) တည်ဆောက်ရန် ရှိသည်ဟု သိရသည်။

ဇွဲကပင်တောင်ဆံတော်ရှင် Cable Car စီမံကိန်းအတွက် မြေစမ်းသပ်မှု ပြုလုပ်တော့မည်


18.9.2013

မြန်မာနိုင်ငံ၌ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ Cable Car စီမံကိန်းအတွက် ကရင်ပြည်နယ်၊ ဇွဲကပင်တောင် ခြေရှိ လုမ္ဗနီဥယျာဉ်တွင် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး မလေးရှားပညာရှင်များက မြေစမ်းသပ်မှုများ လာရောက်ပြု လုပ်တော့မည်ဖြစ်ကြောင်း စီမံကိန်းဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။

ကရင်ပြည်နယ်တွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းသူများကို ဖမ်းမိ


18.9.2013

ကရင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းချသူများကို စက်တင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာ တတိယပတ်၌ ဖွင့်လှစ်မည်

        (ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး ဖွင့်လှစ်ထားသည့်ဆိုင်အား တွေ့ရစဉ်)
 
18.9.2013

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက် မှတ် ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာလ တတိယအပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

Tuesday, September 17, 2013

အစိုးရ၏ ပြည်လုံးကျွတ်အပစ်ရပ် ခေါ်ယူရေးအပေါ် UNFC အရေးပေါ် အစည်းအဝေးခေါ်ယူ

17.9.2013
မြန်မာအစိုးရအနေဖြင့် တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရန် လာ မည့် အောက်တိုဘာလတွင် ခေါ်ယူဆွေးနွေးမည့်အပေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC)က အရေးပေါ်အလုပ်အမှုဆောင် အစည်းအဝေး တစ်ရပ်ခေါ်ယူဆွေးနွေးခဲ့သည်။

ကေအဲန်ယူနယ်မြေရှိ ကော့ကရိတ်-ကျိုက်ဒုံ ကတ္တရာလမ်းဖောက်လုပ်ရန် ပြင်ဆင်နေ


17.9.2013

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေရှိ ကော့ကရိတ်မှ ကျိုက်ဒုံသို့ သွားလာနေသည့် မြေလမ်းကို ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် စက်တင်ဘာလ အတွင်း အစိုးရ က ပြင် ဆင်လျှက်ရှိသည်ဟု သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အောင်မြင်ရန် စစ်တပ်သဘောထားကြီးသင့်ဟု ABSDF ဥက္ကဋ္ဌပြော

17.9.2013
 
အပစ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရန် အင်အားကြီးသူဘက်မှ ပိုမိုတာဝန်ရှိပြီး သဘောထားကြီး သင့် သည်ဟု လတ်တလောဖြစ်ပေါ်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIO နှင့် အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပေါ်နေသည့် အခြေအနေကို ရည်ညွှန်းကာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကပြော ဆိုလိုက်သည်။

အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် မွတ်ဆလင်သူပုန်တွေကို ဖိလစ်ပိုင်အစိုးရက လေကြောင်းကနေ ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်


17.9.2013

ဖိလစ်ပိုင်နိုင်ငံမှာ ဂ ရက်ကြာ ပြင်းထန်စွာ ပဋိပက္ခဖြစ်နေတဲ့ မွတ်ဆလင်လွတ်မြောက်ရေးသူပုန်တွေကို ဖိလစ်ပိုင်အစိုးရက မနေ့က ရဟတ်ယာဉ်တွေသုံးပြိးလေကြောင်းကနေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။စက်တင်ဘာ ၁၃ ရက်နေ့ ကစတင်ဖြစ်ပွါးခဲ့တဲ့ဒီတိုက်ပွဲမှာဇမ်ဘိုအန်ဂါ မြို့ကိုမွတ်ဆလင်သူပုန်တွေကစီးနင်းထားတာဖြစ်ပါတယ်။

မြေမြုပ်မိုင်း အနရာယ် ပညာပေးရေး ဆရာဖြစ် သင်တန်း NMSP ကျင်းပ


17.9.2013
  
မွန်ပြည်သစ် ပါတီ နှင့် Norwegian People Aid (NPA) အဖွဲ့အပါအ၀င် Dan Church Aid (DCA) တို့သည် မြေမြုပ်မိုင်း အနရာယ် ပညာပေးရေး” (Mine Risk Education) ဆရာဖြစ် သင်တန်း တစ်ရပ်ကို မွန်ပြည်သစ် ပါတီ မော်လမြိုင် ဆက် ဆံရေး ရုံး၌ ယနေ့ စတင် ကျင်းပ ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှ နိုင်ဟံသာဗိုန်ခိုင် က ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ချက် သမ္မတ တွေ့ဆုံ ဆွေးနွေး


17.9.2013

ချက် သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ချက် သမ္မတ မစ္စတာ Milos Zeman နှင့် ယနေ့ နံနက် ပိုင်းက သီးခြား တွေ့ဆုံ၍ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

မြွေကို အရက်နဲ့ စိမ်သောက်တာ မြွေက အသက် ပြန်ရှင်လာပြီး ထပေါက် တာမျိုး တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့။


17.9.2013

မြွေကို အရက်နဲ့ စိမ်သောက်တာက ကျန်းမာရေး အတွက် အကျိုးရှိ တယ်လို့ ယူဆ ကြပါတယ်။ တကယ် လို့ အဲ့စိမ်ထား တဲ့ မြွေက အသက် ပြန်ရှင်လာပြီး ထပေါက် တာမျိုးက တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့ပါတယ်။

KIO နှင့် အစိုးရ Technical Team တို့ (၃)ရက်ကြာ ဆွေးနွေးမည်


 
17.9.2013

ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ Technical Team အဖွဲ့တို့သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြု ရုံး၌ တွေ့ဆုံဆွေးနွေး နေ ကြပြီး ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လမိုင်ခွန်ဂျာက ဆိုပါသည်။

Monday, September 16, 2013

GSM လိုင်းကတ်ထပ်တိုး၍ရောင်းချပေးသွားမည်

16.9.2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် အရေအတွက် ကန့်သတ်ရောင်းချပေးနေသည့် GSM လိုင်းကတ်များကို အရေအတွက်တိုးမြှင့်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးကပြောကြားသည်။