address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 31, 2013

မြန်မာလုပ်သားများရဲ့ ကလေးများ ဗီဇာရရှိရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်း


31.10.2013

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများရဲ့ အသက် ၁၅ နှစ်အောက် သားသမီးများကို နှစ်နိုင်ငံသဘောတူထားပြီးဖြစ်တဲ့ နေထိုင်ခွင့် မှီခိုဗီဇာထုတ်ပေးရေး ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက မနေ့က ထိုင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဝီဆန် တီချာတီရာဝပ် (Mr. Visarn Techateerawat) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာအစိုးရညွှန်ကြားချက်နဲ့ မြန်မာအလုပ်သမားများရဲ့ကလေးငယ်တွေကို ယာယီပတ်စပို့စ် ထုတ်ထားပေးခဲ့ပေမယ့် ထိုင်းအစိုးရက ဒီကလေးအတော်များများကို နေထိုင်ခွင့် မှီခိုဗီဇာထုတ်မပေးတဲ့အတွက် အခုလို သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။

မိတ္တီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာနေရာတွင် ဗုံးလန့်မှုဖြစ်ပွား



31.10.2013

်အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီ ခွဲခန့်က မိတ္တီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာလမ်းမဘေးရှိ ၀ါယာကြိုးစများ ထွက်ရှိနေသော ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ်ကို ထရန်စဖာမာအား ကာရံထားသော သံဇကာအတွင်းပိုင်း အမြင့်လေးပေခန့်တွင် ချိတ်လျက် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ဗုံးဟုယူဆကာ ပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်းပေးခဲ့ရာကြွပ်ကြွပ်အိတ်အတွင်းတွင် ထမင်းဘူး စားကြွင်းစားကျန်များနှင့် ၀ါယာကြိုးစများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်သည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်ကြမ်းနှင့် အိမ်ဖော်လုပ်ငန်းများသာ လုပ်ကိုင်ခွင့်ရှိ

31.10.2013

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ကြမ်းနှင့် အိမ်ဖော်လုပ်ငန်းသာ လုပ်ကိုင်ခွင့်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား ကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

လာမည့်တနင်္ဂနွေနေ့တွင် နေကြတ်မှုဖြစ်ပေါ်မည်



31.10.2013

လာမည့်တနင်္ဂနွေနေ့လသည် နေနှင့်ကမ္ဘာကြားသို့ရောက်ရှိကာ နေကြတ်မှုဖြစ်စဉ်ဖြစ်ပေါ်မည်ဖြစ်ရာအာဖရိက၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်နေကြတ်မှုအား တွေ့မြင်ကြရမည်ဖြစ်ကြောင်း နာဆာအဖွဲ့၏ ၀က်ဆိုက်တွင်ဖော်ပြသည်။

ဇွဲကပင်တောင် Cable Car ရန်ပုံငွေပွဲမှာ အနုပညာရှင်ပေါင်းစုံနဲ့ အတူ IC လည်းပါမယ်



31.10.2013

ကရင်ပြည်နယ် ဇွဲကပင်တောင် Cable Car စီမံကိန်း ရန်ပုံငွေ ပွဲမှာ Iron Cross (IC) အဖွဲ့၊ မဟာရန်ကုန် စံပြသဘင် အဖွဲ့နဲ့ အတူ ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်တွေ ပူးပေါင်းပါဝင် ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဇွဲကပင်တောင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတွင် ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်များစွာ ပူးပေါင်းပါဝင် ဖျော်ဖြေမယ့်ကိစ္စ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က မဟာသန္တိသုခ ကျောင်းတော်ကြီး နတ်ချောင်း ရပ်ကွက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် Bologna မြို့သူဆုနဲ့ ဒဿနိက ဒေါက်တာဘွဲ့ ကို လက်ခံ



31.10.2013

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ မြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိက ဒေါက်တာ ဘွဲ့ကို လက်ခံခဲ့ပါတယ်။

လိုင်ဇာညီလာခံ ပြည်သူအများ စောင့်ကြည့်နေ၍ အမှားမခံနိုင်ဟု KIO ဒုတိယဥက္ကဋ္ဌ ပြောကြား


31.10.2013

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ယနေ့ စတင်ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးပွဲကို ပြည်သူ အများ စောင့်ကြည့်နေသောကြောင့် လုံးဝအမှားခံမည် မဟုတ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးတစ်ဦးကို နယ်ကျော်လက်နက်သယ်ဆောင်မှုဖြင့် စစ်ဆေးနေ

31.10.2013

ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို လက်နက်နယ်ကျော်သယ် ဆောင်လာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု လှိုင်သာယာရဲစခန်းမှ စခန်းမှူးရဲအုပ်ဌေးဝင်းက အောက်တို ဘာ ၃၀ တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

NLD ပါတီဝင်အဖြစ်မှ အခြားပါတီဝင်အဖြစ် ၁၀ ရက်အတွင်း ၂ သုတ် ပြောင်းရွှေ့


31.10.2013

NLD ပါတီဝင်အဖြစ်မှ အခြား ဒီမိုကရေစီ ပါတီတစ်ခုသို့ ၁၀ ရက်အတွင်း ၂ သုတ်ပြောင်းရွှေ့မှု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တွင် ဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည် ကြီးပျော်ဖွယ် အနောက်ရပ်ကွက် လမ်း ၃၀ နှင့် ၉၁ လမ်းထောင့် ရှိ ဒီမိုက ရက်တစ်ပါတီ (မြန်မာပြည်) ရုံးသို့ အောင်မြေသာဇံမြို့နယ် NLD ပါတီမှ ၈ ဦးပြောင်းရွှေ့လာကြောင်း သိရသည်။ ယခုပြောင်းရွှေ့မှုသည် ၁၀ ရက်အ တွင်း ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့က လည်း ၁၂ ဦးပြောင်းရွှေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာဘာသာဖြင့် ရေးသားမှုများစိစစ်ရန် ဖေ့စ်ဘွတ်ခ်က ၀န်ထမ်းတစ်ဦးခန့်အပ်


31.10.2013

ပြည်တွင်းရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် မြန်မာဘာသာစကားဖြင့် အငြင်းပွားဖွယ် ရေးသားမှုများ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား တိုက်ခိုက်ရေးသားမှုများကို စိစစ်ရန် မြန်မာစာတတ်ကျွမ်းသည့် ၀န်ထမ်းတစ်ဦးအား ဖေ့စ်ဘွတ်ခ်က ခန့်ထားကြောင်း မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) မှ သတင်းရရှိသည်။

လိုင်ဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြည်တွင်းစစ် ရပ်စဲနိုင်‌‌ရေးအတွက် အဆုံးအဖြတ်‌‌ဖြစ်မည် ဟု တိုင်းရင်းသားခေါင်း ဆောင်များ မျှော်လင့်

31.10.2013

ပထမဆုံးအကြိမ်အဖြစ် လိုင်ဇာ တွင်ကျင်းပမည့် ပြည်တွင်းတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပါဝင် သည့် အပစ်အခတ်ရပ်စဲေ ရးဆွေးနွေးပွဲမှ ဆုံးဖြတ်ချမှတ် မည့် အချက်အလက်များ သည်တိုင်းပြည် ၏နာတာရှည် ပြည်တွင်း စစ် ရပ်စဲနိုင်‌‌ရေးအတွက် အဆုံးအဖြတ်‌‌ ပေး လိမ့်မည်ဟု ငြိမ်းချမ်း‌ရေး အကျိုး‌ ဆောင်အုပ်စု (PCG)မှ ဦးလမိုင်ခွန်ဂျာ က သုံးသပ်လိုက်သည်။

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည်

31.10.2013

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား ညီလာခံတွင် တိုင်းရင်းသား တပ်ပေါင်းစု အားလုံး ပါဝင် သည့် အပစ်အခတ် ရပ်စဲရေး မူဝါဒ သဘောတူညီချက် တရပ် ရေးဆွဲ ထုတ်ပြန်နိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးခြင်း အစီအစဉ်အား RCSS၊ KNU ကန့်ကွက်



31.10.2013

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးရန် အစီအစဉ် ချမှတ်ခဲ့ခြင်းအား ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့က ကန့်ကွက်ခဲ့ကြသည်။  

တိုင်းရင်းသားလူငယ် အများအပြားပါဝင်သည့် KNLA ၏ စစ်ဖက်အခြေခံဆေးသင်တန်းပြီးစီး



31.10.2013

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဖက်ဆေးဌာနမှ ဦးစီးဖွင့်လှစ်သော တိုင်းရင်းသား လူငယ် အများအပြားပါဝင်သည့် အချိန်ခြောက်လကြာ အပတ်စဉ် (၂၇)စစ်ဖက်အခြေခံဆေးသင်တန်းကို အောက်တိုဘာ ၂၉ ရက်နေ့က သင်တန်းဆင်းပွဲအခမ်းအနားအတူ ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

အားလုံးအတွက် ငြိမ်းချမ်းရေးလိုလားဟု KNLA ဒုစစ်ဦးစီးချုပ် ထုတ်ဖော်ပြောဆို


31.10.2013

မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက် ငြိမ်းချမ်းရေးနှင့် တန်းတူအခွင့်အရေးရရှိရန် အခြားတိုင်းရင်းသား များနှင့် ရှေ့ဆက်လက်တွဲသွားလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)မှ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ထုတ်ဖော်ပြောကြား လိုက်သည်။

Wednesday, October 30, 2013

အပစ်အခတ်ရပ်စဲရေးအတွက် ''code of conduct'' ကို တပ်မတော် ဘက်က ရေးမပြီးသေးဟု နောစီဖိုးရာစိန်ကဆို



30.10.2013

လတ်တလောပြည်တွင်း၌ ဖြစ်ပွားနေသောတိုက်ပွဲများကို ရပ်ဆိုင်းရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့ လက်မှတ်ရေးထိုးမှုများပြုနေ သော်လည်း အပစ်အခတ်ရပ်စဲ ရေးအတွက် အရေးကြီးသည့် အချက်များဖြစ်သော စစ်ဘက်ဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ် စည်းကမ်းများ(code of conduct)ကို အစိုးရတပ်မတော်ဘက်က ရေးဆွဲ၍မပြီးသေးကြောင်း ၊ KNU ဒုဥက္ကဋ္ဌ ဖဒိုနော်စီဖိုးရာစိန်ကဆို ကြောင်း KIC သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဥရောပနိုင်ငံသားတွေအပေါ် အမေရိကန် လျှို့ဝှက်ထောက်လှမ်းခြင်းမရှိ NSA အကြီးအကဲထွက်ဆို



30.10.2013

ဥရောပတိုက်သား သန်းနဲ့ချီရဲ့ တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းတွေကို အမေရိကန် ထောက်လှမ်းရေးက ရယူခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝ မမှန်ကန်ဘူးလို့ အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အကြီးအကဲက ပြောလိုက်ပါတယ်။

အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း




30.10.2013

အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ဆိုရင် အမေရိကန်ဘက်က ကြိုတင် စည်းကမ်းသတ်မှတ် ချက်တွေ ထားသင့်တယ်လို့ ၀ါရှင်တန်မှာလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။ လက်ရှိ အားဖြင့် အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် အလျှင်စလို ဆက်ဆံလာတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တိုင်းရင်းသားညီလာခံ တက်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ လိုင်ဇာမြို့ရောက်


30.10.2013

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအခြေစိုက်တဲ့ လိုင်ဇာမြို့မှာ မနက်ဖြန်စတင်ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ညီလာခံကို တက်ရောက်ဖို့ တစ်နိုင်ငံလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့နဲ့ ကိုယ်စားလှယ် ၆၀ကျော် လိုင်ဇာမြို့ကို ဒီကနေ့ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ဦးသန့် (၁၀၅)နှစ်ပြည့်ပွဲတွင် “ဘ၀အကြောင်း” မှတ်တမ်းရုပ်ရှင်အစား "Short Video" ပြသမည်

30.10.2013

ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ဦးသန့် (၁၀၅) နှစ်ပြည့်အမှတ်တရပွဲတွင် “ဦးသန့်ဘ၀အ ကြောင်း” မှတ်တမ်းရုပ်ရှင်အစား "Short Video" ကို ပြသမည်ဖြစ်ကြောင်း သမီးဖြစ်သူ ဒေါ်အေးအေး သန့်က မဇ္ဈိမသို့ ပြော ကြားလိုက်သည်။ အဆိုပါပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် ဦးသန့်၏နေ အိမ်တွင် ကျင်းပမည်ဖြစ်ပြီး ဦးသန့်ပြတိုက်ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှာနေထိုင်သူ နှစ်သောင်း လျော့ကျ



30.10.2013

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းအချို့မှာ နေထိုင်သူလူဦးရေဟာ ဘဝတိုးတက်မှုနည်းပါးလာတဲ့အတွက် တဖြည်းဖြည်းလျှော့ကျလာတာ ပြီးခဲ့တဲ့တစ်နှစ်ကာလအတွင်း နှစ်သောင်းခန့်ရှိသွားပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ ရိက္ခာအကူအညီပေးနေတဲ့ ဒုက္ခသည် အကူအညီပေးရေး TBC အဖွဲ့အစည်းကြီးရဲ့မှတ်တမ်းမှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လူဦးရေ ၁သိန်း ၄သောင်းခန့် နေထိုင်နေကြတယ်လို့ ဖော်ပြခဲ့ပေမယ့် အခုနှစ် စက်တင်ဘာလ စာရင်းဇယားအရတော့ လူဦးရေ ၁သိန်း ၂သောင်းကျော်ပဲရှိတော့ကြောင်း ဖော်ပြပါရှိပါတယ်။

အလုပ်သမားကြီးကြပ်ရေးရုံးဆုံးဖြတ်ချက်ဖြင့် လုပ်အားခအဖြတ်ခံရသည့် ရွှေ့ပြောင်းမြန်မာ ၆၇ ဦး လစာငွေပြန်ရ



30.10.2013

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဟိုဖွိုင်ရပ်ကွက်ရှိ Tip Garment Co,ltd အထည်ချုပ်စက်ရုံမှ လုပ်အားခ ဖြတ်တောက်ခြင်းခံရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၆၇ ဦးကို လစာပြန်လည်ပေးရန် မဲဆောက်မြို့ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(ဆ၀ါဒီကန်)က ယမန်နေ့၌ ဆုံးဖြတ်လိုက်သည်။

သံလွင်မြစ်ပေါ်မှ ရေကာတာ ၆ ခု ဒေသခံများ စိုးရိမ်ပူပင်



30.10.2013

သံလွင်မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ဓာတ်အားထုတ်ယူမယ့် ရေကာတာ ၆ ခု တည်ဆောက်မှာကို တိုင်းရင်းသားဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဒီနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီး ဒိုင်းမွန်းကွန်ဒိုမှာ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲစတင်


30.10.2013

အစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းေ တွရဲ့ ခေါင်းဆောင်တွေ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ စုဝေးပြီးတပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသေဘာထားတရပ် ရရှိဖို့အတွက် ၃ ရက်ကြာဆွေးနွေးပွဲကို ဒီနေ့ စတင်လိုက်ပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ တည်ဆောက်ရေးဟု လိုင်ဇာညီလာခံ၌ UNFC ဥက္ကဌ ပြောကြား




30.10.2013

UNFC အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း ၁၇ဖွဲ့တက်ရောက်သည့် လိုင်ဇာညီလာခံ၏ ၃ရက်ကြာ အစည်းအဝေးကို စတင်ကျင်းပနေပြီး စစ်မှန်ပြီး ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေးသည် ဖယ်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံတည်ဆောက်ရေးဖြစ်ကြောင်း UNFC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက အဖွင့်မိန့်ခွန်း၌ ပြောဆိုခဲ့သည်။

စစ်တောင်းမြစ်ရေလျှံ၍ တောင်ငူမြို့ဝန်းကျင်တွင် ရေကြီး




30.10.2013

ပဲခူးတိုင်းအတွင်း ကရင်တိုင်းရင်းသားအများဆုံးနေထိုင်ရာဒေသ တောင်ငူမြို့ အရှေ့ဘက်ခြမ်းဝန်းကျင်၌ စစ်တောင်းမြစ်ရေလျှံသောကြောင့် ယမန်နေ့ အောက်တိုဘာ ၂၉ရက်နေ့က ကမ်းနံဘေးရှိ မြို့နေရပ်ကွက် အချို့နှင့် ရွာအချို့တွင် ရေများတက်လာလျှက်ရှိသည်။

အ ဖေ ယူ စေ ချင် တဲ့ ငြိမ်း ချမ်း ရေး ကို နှစ် ခါ ပြန် မ ယူ ချင် သူ (KNU ဗိုလ်ချုပ်မြရဲ့သား KNU-KNLA-PC ဗျူဟာမှူးစောနေစိုးမြနှင့်တွေ့ဆုံခြင်း)


30.10.2013

ယနေ့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး သဘောထားလေး သိချင်ပါတယ်။

စိတ်သဘော ထား ကတော့ ရိုးရိုး လေးပါ။ လိုချင်တာက ငြိမ်းချမ်းရေးပါပဲ။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးအပေါ် စိတ်ပါလက်ပါနဲ့ တံခါးဖွင့်ပေးဖို့လိုတယ်။  လက်ခံဖို့လိုအပ်တယ်။ အဲဒါတွေပံ့ပိုးပေး မှပဲ တိုင်းရင်းသားတွေအနေနဲ့ တိကျတဲ့ အဖြေကို စုစည်းလို့ရမယ်။ နိုင်ငံတော် ဘက်ကလည်း အဲဒါမှသာ လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးရမယ်။ယခုလက်ရှိ ငြိမ်းချမ်းရေးတွေလုပ် တယ်။ အောင်မြင်အောင်တော့ လုပ်နေ တာပဲ။ ဒါပေမဲ့ ကချင်မှာမပြတ်သေးဘူး။

KNU အထူးစုံစမ်းရေးကော်မရှင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို စတင်စစ်ဆေး


30.10.2013

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် အပါအဝင် မြို့ကြီးအချို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကို ပြန်လည် စုံစမ်းရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖွဲ့စည်းထားသော အထူးစုံစမ်း စစ်ဆေးရေးကော်မရှင်က ပြည်တွင်း၌ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုက ပြောကြားသည်။

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား


30.10.2013

လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဆင်းရဲသောနိုင်ငံများအတွက် ဘရာဇီးနှင့် ဘီဂိတ်ဖောင်ဒေးရှင်းတို့ပူးပေါင်း ကာ ကာကွယ်ဆေး ထုတ်လုပ်ရန်စီစဉ်




30.10.2013

ကမ္ဘာပေါ်ရှိ ဆင်းရဲမွဲတေသော နိုင်ငံများအတွက် ရည်ရွယ်ကာ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ နှစ်မျိုးစလုံးကို ဆေးတစ်လုံးတည်းဖြင့် တိုက်ဖျက်နိုင်မည့် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်မည်ဟု ဘရာဇီးနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန က ဆိုသည်။ လက်ရှိအချိန်တွင် ယင်းသို့သော ကာကွယ်ဆေးကို အိန္ဒိယ တစ်နိုင်ငံတည်းက ထုတ်လုပ်လျက်ရှိသည်။

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်



30.10.2013

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စရပ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေး




30.10.2013

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမှာဖြစ်တဲ့အတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ ဘန်ကောက် မြန်မာသံရုံးကပြောပါတယ်။

Tuesday, October 29, 2013

SEA Games ကာလ မန္တလေးမှ နေပြည်တော် အထူးယာဉ်များ ၂၄ နာရီပြေးဆွဲမည်


29.10.2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကာလအတွင်း အားကစား ဝါသနာရှင်များနှင့် ဧည့်ပရိသတ်များ ပြိုင်ပွဲများ ကြည့်ရှုရာတွင် သွားလာရေး အဆင်ပြေစေရန်အတွက် မန္တလေးမှ နေပြည်တော်သို့ တစ်နာရီလျှင် တစ်စီးနှုန်းဖြင့် အထူးမှန်လုံ ယာဉ်ကြီးများ ၂၄ နာရီ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

လိုင်ဇာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပူးတွဲ အပစ်အခတ် ရပ်စဲ မှု စောင့်ကြည့်ရေး အ ဖွဲ့များ ဖွဲ့ရန် ဆွေးနွေးမည်ဟု ကေအင်န်ယူပြော

29.10.2013

လိုင် ဇာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီး လေးလအတွင်း နိုင်ငံရေး တွေ့ ဆုံဆွေးနွေး ပွဲကျင်းပရန်နှင့် ပူးတွဲအပစ်အခတ်ရပ်စဲမှုစောင့် ကြည့်ရေးအဖွဲ့ များ ဖွဲ့ရန်တို့ကို ဆွေးနွေး မည်ဖြစ်ကြောင်း ကေ အင်န်ယူမှ ပဒိုစောကွယ် ထူးဝင်း က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။

“၀” နှင့်မိုင်းလား လိုင်ဇာညီလာခံ မတက်ရောက်နိုင်



29.10.2013

“၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား(NDAA)က ခေါင်းဆောင်များ ကျန်းမာရေး အခြေအနေအရ လိုင်ဇာမြို့တွင်ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ညီလာခံ သို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း အကြောင်းကြားလာသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားကမဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လမ်းစဉ် ပုပ်ရဟန်းမင်း ချီးကျူး


29.10.2013

်မြန်မာနိုင်ငံမှာ ဘာသာတရားတွေကြား ဆွေးနွေးညှိနှိုင်းကြဖို့ ဗာတီကန် ကျောင်းတော်က ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်သည် ခွဲထွက်ရေးနှင့် တစ်ပြည်ထောင် အာဏာရှင်စနစ် အား ရှောင်ရှားခြင်း သာဖြစ်ဟုဆို

29.10.2013

တိုင်း ရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ခွဲထွက်ရေးနှင့် တစ်ပြည်ထောင် အာဏာရှင်စနစ်အား ရှောင်ရှား ခြင်းသာဖြစ်ကြောင်း ညီညွတ် သော တိုင်းရင်းသားများ ဖက်ဒ ရယ် ကောင်စီ UNFC မှ အတွင်း ရေးမှူးဦး ခွန်ဥက္ကာက ပြောဆို သည်။

လျှပ်စစ်မီတာခများ ယူနစ်အလိုက် တိုးမြှင့်ကောက်ခံမည်




29.10.2013

ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ အရှုံးပေါ်နေသည့်အတွက် လျှပ်စစ်မီတာခ နှုန်းထားများကို နိုဝင်ဘာလ သုံးစွဲမှုအပေါ် စတင်၍ လာမည့် ဒီဇင်ဘာတွင် ယူနစ်အလိုက် ပြောင်းလဲ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ကင်တားနား၏ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာကန့်ကွက်





29.10.2013

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ တင်သွင်း ခဲ့သော မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင် ခံစာသည် မြန်မာ နိုင်ငံ အစိုးရ၏ လူ့အခွင့် အရေး ဆိုင်ရာ ရှာဖွေ တွေ့ရှိချက် များနှင့် လုပ်ဆောင် နေမှု များကို ဖေါ်ပြရန် ပျက်ကွက် ခဲ့သော အစီ ရင်ခံစာသာ ဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာ နိုင်ငံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က အောက်တိုဘာ လ (၂၄) ရက်နေ့တွင် တုန့်ပြန် ပြောဆို ခဲ့ပါသည်။

ဇွဲကပင်ကေဘယ်လ်ကား ရန်ပုံငွေဖျော်ဖြေပွဲကို နယ်ခြားစောင့်တပ်နှင့် KNU လုံခြုံရေးတာဝန်ယူမည်


29.10.2013

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် ပြုလုပ်မည် ဇွဲကပင်တောင်ဆံတော် ရှင်ကေဘယ်လ်ကား စီမံကိန်းရန် ပုံငွေဖျော်ဖြေပွဲတွင် နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ လုံခြုံရေးတာဝန်ယူမည်ဖြစ်ကြောင်း ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်းဖြစ်မြောက်ရေး ကော် မတီအတွင်းရေးမှူး -၂ ဦးစောအောင်ချစ်က မဇ္ဈိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားအရေး ပြောကြားပေးလိုဟု BNI ပြောဆို



29.10.2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပြောသင့်ပြောထိုက် သည်များကို ပြောကြားရန်လိုကြောင်း နိုင်ငံတကာမြန်မာ့သတင်း- BNI ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ကဆုမွန်က ပြောကြားလိုက် သည်။

ဖားအံမြို့တွင် လယ်ယာမြေ စုံစမ်းစီစစ်ရေးကော်မရှင်အဖွဲ့ ရှင်းလင်းပွဲပြုလုပ်


29.10.2013

နေပြည်တော်ရှိ လယ်ယာမြေစုံ စမ်းစီစစ်ရေးကော်မရှင်အဖွဲ့(၉)မှ ဦးအောင်သိန်းလင်း ဦးစီး၍ ကရင်ပြည်နယ် အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရသည့် ပြည်သူများအား လာရောက်တွေ့ဆုံကာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဖော်ထုတ်ရန် KNU အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း


29.10.2013

မြန်မာပြည်အတွင်း အောက်တိုဘာလလယ်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဆက်စပ်မှု ရှိသည်ဟု အစိုးရဘက်မှ ပြောဆိုခြင်း၊ ရှင်းလင်းခြင်းများနောက်ပိုင်းတွင် ၎င်းဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အဖွဲ့ဝင် ၇ဦး ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို အောက်တိုဘာလ ၂၅ရက်နေ့က KNU ဖွဲ့စည်းလိုက်သည်။

Monday, October 28, 2013

အနိမ့်ဆုံး စပါးဈေး သတ်မှတ်ပေးရန် သမ္မတထံ စာတင်မည်

28.10.2013

ပြည်တွင်းတွင် စပါးဈေးကို အနိမ့်ဆုံးဈေး သတ်မှတ်ပေးရန်အတွက် တောင်သူ လယ်သမားများ၏ လက် မှတ်များ စုဆောင်း၍ သမ္မတထံ စာတင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားများ နှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်အေး က မဇ္ဈိမ သို့ အောက်တိုဘာ ၂၇ တွင် ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းလူမျိုးများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြရန် စီစဉ်နေ

28.10.2013

ကချင်ပြည်နယ်အတွင်း နေထိုင်သော ရှမ်းလူမျိုးစုများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့က စစ်တမ်းကောက်ယူပြီး နိုင်ငံတကာ လူ့အခွင့်ရေး ကော်မရှင်ထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းက အောက်တိုဘာ ၂၇ ရက်က မဇ္ဈိမသို့ ပြောသည်။

ကချင်ဒေသခံများ၏ အသက်အိုးအိမ်ထိခိုက်မည့် လုပ်ရပ်များ ရှောင်ရန် တပ်မတော်နှင့် KIO ကို အမေရိကန် တိုက်တွန်း

28.10.2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်များ ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းနေချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ အသက်အိုးအိမ် ထိခိုက်စေမည့် လုပ်ရပ်များကို တပ်မတော်နှင့် KIO/KIA အဖွဲ့တို့က ရှောင်ကြဉ် သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က အမေရိကန် ပြည်ထောင်စုအစိုးရ ကိုယ်စား တိုက်တွန်း ပြောကြားသည်။

နက္ခတ်ကြောင့် မြစ်ထဲရောက်နေရတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ရှေ့ရေး



28.10.2013

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး "ဓမ္မစေတီ" ရန်ကုန်မြို့ပြင်တနေရာ မြစ်ထဲမှာ နစ်မြုပ်နေရတာဟာ ခေါင်းလောင်းကို သွန်းလုပ်ခဲ့တဲ့ နက္ခတ်ကြောင့်ဖြစ်တယ်၊ ပြန်ဆယ်ယူရေး အောင်မြင်ဖို့ ဆိုတာ လာမယ့် ဇွန်လ ကျော်သွားမှ ဖြစ်နိုင်ချေရှိတယ်လို့ နက္ခသိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောလိုက်ပါတယ်။

အမေရိကန်က မာကယ်လ်၏ဖုန်းကို ၂၀၀၂ခုနှစ် ကတည်းက ထောက် လှမ်းနေခဲ့နေဖွယ်ရှိ


28.10.2013

ဂျာမနီမှ Der Spiegel မဂ္ဂဇင်းက အမေရိကန်သည် ဂျာမနီအဓိပတိ အိန်ဂျယ်လာမယ်ကယ်လ်ကို လွန်ခဲ့သော ၁၀နှစ်ကျော် ကတည်းကထောက်လှမ်းနေခဲ့ဖွယ်ရှိသည်ဟု ရေးသားလိုက်သည်။

ညီနောင်တိုင်းရင်းသားပါတီ ၁၅ ပါတီက ရေးဆွဲနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ အကြမ်းထည် ပြီးစီးနေပြီဖြစ်ကာ ပညာရှင်များဖြင့် အချောသတ်နေ

28.10.2013

တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က ရေးဆွဲနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းမှာ အကြမ်းထည် ပြီးစီးပြီဖြစ်ပြီး ပညာရှင်များဖြင့် အချောသတ်နေကြောင်း NBF ပြောခွင့်ရပုဂ္ဂိုလ် ဦးဇိုဇမ်က ပြောကြားသည်။

မြ၀တီမြို့ လောင်းကစား ကင်းစင်ဖို့ ...



28.10.2013

ကရင်ပြည်နယ် ၇ မြို့နယ်ကို လောင်းကစား ကင်းစင်တဲ့ဒေသတွေအဖြစ် လုပ်ဆောင်သွားမယ်လို့ ကရင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

SEA Games အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ရောင်းချရန် လုပ်ငန်းရှင် ၅၀ ကို တရားဝင်ခွင့်ပြု


28.10.2013

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ရောင်းချမည့် အသေးစား၊ အလတ်စား လက်မှုလုပ်ငန်းရှင် ၅၀ ကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အပြီးချပြမည်

28.10.2013

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ခံမှုမှထွက်ပေါ် လာသော ကိန်းဂဏန်းအချက်အ လက်များ အား ၂၀၁၅ခုနှစ် ရွေး ကောက်ပွဲမတိုင်ခင် ထုတ်ပြန်နိုင် ရန်လုပ်ဆောင် သွားမည်ဟု လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံ



28.10.2013

ဥရောပသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံ ဗာတီကန်မြို့တော်၏ အအချုပ်အချာ အာဏာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် အောက်တိုဘာလ ၂၈ ရက်နေ့ (ယနေ့) တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းပြန်ကြားရေး အရာရှိ Federio Lombardi က သတင်းထုတ် ပြန်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကိုရှောင်လွှဲမနေသင့်ဟု KIO ဥက္ကဋ္ဌ အထိမ်းအမှတ်နေ့တွင် ပြောကြား




28.10.2013

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးကြောင့်ဖြစ်ပေါ်နေသော ပြဿနာများအားဖြေရှင်းရာတွင် ရှောင်လွှဲနေခြင်းကြောင့် တိုင်းရင်းသားများနေထိုင်ရာဒေသတို့တွင် တော်လှန်ရေး ခရီးကြာရှည်နေခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO (၅၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် KIO ဥက္ကဋ္ဌဇောင်းဟရား မိန့်ခွန်း ပြောကြားခဲ့သည်။

ကရင် အမျိုးသား အစည်း အရုံးနှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ပူးတွဲ ကြေငြာချက်


မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့မှုများကို ကေအဲန်ယူ သွားရောက်လေ့လာ



28.10.2013

မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်းချမ်းရေးဆိုင်ရာ ဖော်ဆောင်ခဲ့မှုလုပ်ငန်းများကို လေ့လာရန် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)မှ တွဲဖက်အတွင်းရေးမှူး(၂) ပဒို မန်းမန်းမန်းဦးဆောင်သည့် ကိုယ်စားလှယ် ၇ဦးသည် ယနေ့ အောက်တိုဘာ ၂၈ရက်နေ့ နံနက်တွင် အင်္ဂလန်(ဗြိတိန်)နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိလျှက်ရှိသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်ခွင့်ရရေး ဆွေးနွေးမည်

28.10.2013

အစိုးရက လာမည့်နှစ်အတွင်း ကျင်းပမည်ဟု ကြေညာ ထားသော နိုင်ငံရေး ဆွေးနွေးပွဲများကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ ပူးတွဲစီမံခွင့် ရရှိရေး ကရင်အမျိုးသား အစည်း အရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့က KIO ဌာနချုပ် လိုင်ဇာ တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံတွင် တင်ပြ ဆွေးနွေး သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရှိရသည်။

Sunday, October 27, 2013

အီတလီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်စုတွေ့ဆုံမည်




27.10.2013

ဥရောပ ၅ နိုင်ငံကို သီတင်းနှစ်ပတ်ကြာ ခရီး ထွက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ရောက်ရှိနေပြီး တနင်္လာနေ့မှာတော့ ပုပ်ရဟန်းမင်း Francis နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကျိုက္ခမီရေလယ်ဘုရား ပွဲတော်တွင် ထိုင်းခရီးသွားများ အပါအ၀င် ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကား



27.10.2013

ကျိုက္ခမီမြို့ရှိ သမိုင်းဝင်ကျိုက္ခမီ ရေလယ်ဘုရားပွဲတော် ကာလဖြစ်သော သီတင်းကျွတ် လပြည့်နေ့မှ လပြည့်ကျော် (၅) ရက်နေ့အတွင်း ထိုင်းနိုင်ငံမှာ ခရီးသွားများ အပါအ၀င် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

" ဆီးဂိမ်း ပြိုင်ပွဲအား LED ဘုတ်များထောင်၍ မြို့ကြီး လေးမြို့ တွင် တိုက်ရိုက် ပြသမည်"



27.10.2013

ဆီးဂိမ်းဖွင့်ပွဲနှင့် အားကစားပြိုင်ပွဲ များ ကျင်းပပုံကို မြို့ကြီးလေးမြို့တွင်LED ဘုတ်များ ထားရှိ၍ တိုက်ရိုက် ပြသသွားမည်ဟု အားကစား ဝန်ကြီးဌာန မှ သိရသည်။

"အမေရိကန် NED အဖွဲ့ နှင့် တိုင်းရင်းသား UNA အဖွဲ့ ဆွေးနွေး"

27.10.2013

ကမ္ဘာတဝှမ်း ဒီမိုကရေစီ ထွန်းကားရေးအတွက် အားပေးကူညီနေတဲ့ အမေရိကန် ပြည်ထောင်စု က National Endownment for Democracy - NED အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ဒီနေ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများနှင့် သီးခြားတွေ့ဆုံ

27.10.2013

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်သည် ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများနှင့် သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး တိုက်ပွဲများကြောင့် ကချင်ဒုက္ခသည် နှစ်ထောင်ကျော်တိုး



27.10.2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ပြီ သုံးပတ်အတွင်းမှာပင် ဒီတပ်မတော်နှင့် ကေအိုင်အေတို့၏ ဗန်းမော် ခရိုင်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကချင်ဒုက္ခသည် နှစ်ထောင်ကျော် တိုးလာသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက The Voice သို့ ပြောကြားသည်။

နေထိုင်စရာရရှိရေး ရန်ကုန်မြို့လယ်မှာ တောင်းဆိုဆန္ဒပြ



27.10.2013

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက ပေးထားတဲ့ ကတိအတိုင်း နေထိုင် စရာဆောင်ရွက်ပေးဖို့ ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

NSA ရဲ့ လုပ်ရပ်ကို ဆန့်ကျင် ဆန္ဒပြကြပြီ



27.10.2013

အမေရိကန် အစိုးရက ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် အပေါ် သူလျှို ထောက်လှမ်းခဲ့တာနဲ့ ပတ်သက်လို့ စွပ်စွဲ ပြောဆိုချက်သစ်တွေကို ဂျာမနီထုတ် ဒက်ရှ် စပီးဂဲမဂ္ဂဇင်းက ထုတ်ဝေလိုက်ပါတယ်။

လိုင်ဇာမြို့လက်မှတ်ထိုးပွဲတက် ရန် UNFC အဖွဲ့ မြစ်ကြီးနားမြို့ရောက်ရှိ

27.10.2013

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ယခုလ ၃၀ရက်နေ့ကနေ နိုဝင်ဘာလ ၁ရက်နေ့အထိ ကျင်းပမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ - UNFC အဖွဲ့ဝင်တွေဟာ ဒီနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ကို ရောက်လာပါတယ်။

မြန်မာ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာကို အမြန် ဖြေရှင်းဖို့ လိုတယ်လို့ ဒေါ်စုပြော


27.10.2013

မနေ့ နေ့လယ်က လန်ဒန်မြို့ ဗြိတိသျှ ကောင်စီ ရုံးမှာ လန်ဒန်ရောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ အောက် စဖို့ဒ် တက္ကသိုလ်က ပညာရေး အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ရန်ကုန် တက္ကသိုလ် မွမ်းမံအသက်သွင်းရေး ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။