address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, November 30, 2013

လဲနေသူ ထူ၊ အားနည်းသူ ကယ်၊ မယ်တော်ရဲ့မယ်မယ်



30.11.2013

နေထွက်သည်နှင့် သူတို့ ရောက်လာတတ်သည်။ ငယ်ရွယ်သည့် မိခင်များ၊ ဖခင်များက စိုးရိမ် သောကအပြည့် မျက်နှာများနှင့် သူတို့၏ သားသမီးများကို ပွေ့ပိုက်ပြီး အရိပ်ထဲတွင် ထိုင်ကာ ဆေးခန်း ဝန်ထမ်းများကို စောင့်နေတတ်သည်။

Friday, November 29, 2013

HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည်



29.11.2013

HIV ဖြင့် အသက်ရှင်နေထိုင်သူများ နှင့် နန်းခင်ဇေယျာတို့သည် နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် ကန်တော်ကြီး၌ လမ်းလျှောက်ကြမည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် World AIDS Day ကို ကြိုဆိုသည့်အနေဖြင့် PSI က စီစဉ် လုပ်ဆောင်ခြင်းဖြစ်ပြီး နန်းခင်ဇေယျာ အနေဖြင့် ဒုတိယအကြိမ်မြောက် ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

ပြည်ပအော်ပရေတာ တယ်လီနောနှင့်အူရီးဒူးတို့ အလုပ်အကိုင်ခေါ်ယူသည့်ပွဲများ ပြုလုပ်မည်


29.11.2013 

ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိသော ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် တယ် လီနောနှင့် အူရီးဒူးတို့က မြန်မာနိုင်ငံတွင် ၀န်ထမ်းများခန့်ထားရန်အတွက် အလုပ်အကိုင်ခေါ်ယူမည့် ပွဲများ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု အဆိုပါကုမ္ပဏီများ၏ ထုတ်ပြန်ချက်များအရသိရသည်။

အဖွဲ့အစည်းတိုင်းအမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာရန် ကရင်နီအမျိုးသမီး လုပ်ရှားမှု စတင်


29.11.2013

ကရင်နီလူမှုအသိုင်းအ၀ိုင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုအသင်း အဖွဲ့များတွင် အမျိုးသမီးများ ပါဝင်မှုရာနှုန်းနည်းပါးလျက်ရှိနေသည့်အတွက် အခြေအနေတိုးတက်မှုရှိလာရန် ကရင်နီအမျိုးသမီးအဖွဲ့မှ ၁၆ရက်တာ လုပ်ရှားမှုအတောအတွင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။

ထိုင်းနယ်စပ်ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံသားများကို ဒီဇင်ဘာတွင် ပြန်ခေါ်မည်


 29.11.2013 

ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော မြန် မာနိုင်ငံသားများကို ဒီဇင်ဘာလအ တွင်း ပြည်တွင်းသို့ပြန်လည်ခေါ်ဆောင် သွားရန် အစီအစဉ်ရှိကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ အာရှတော် ဝင်ဆေးရုံ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောသည်။

နည်းလမ်း အမျိုးမျိုးဖြင့် ပြည်ပရောက်နေသူများ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ပြန်လာစရာမလို




29.11.2013

မွန်ပြည်နယ်မှ အကြောင်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပရောက် ရွှေ့လျားလုပ်သားများသည် သန်းခေါင်စာရင်း ကောက်ယူမည့် ကာလတွင် သန်းခေါင်စာရင်းမ၀င်မှာ စိုးရိမ်စိတ်ဖြင့် ပြည်တွင်းသို့  ပြန်လာစရာ မလိုသည့်ပြင် အရေးယူခံရမည်ကို စိုးရိမ်စိတ်ဖြင့် ဒေသခံမိသားစုများကလည်း လိမ်လည်ပြီး မဖြေဘဲ အမှန်တိုင်းဖြေဆိုရန် လိုအပ်ကြောင်း၊ အမှန်အတိုင်း ဖြေသည့်အတွက် မည်သို့မျှ အရေးယူမည် မဟုတ်ကြောင်း၊ မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်တို့၏ အပစ်အခတ်ရပ်စဲရေးမူကြမ်း ဘားအံဆွေးနွေးပွဲတွင် အတည်ပြုမည်


29.11.2013

တိုင်းရင်းသားလက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောထား ရပ်တည်ချက်ပါ အချက်များကို ထပ်မံဖြည့်စွက်မှုများ ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ဘားအံတွင် ပြုလုပ်မည့် တိုင်းရင်းသား ခေါင်းဆောင်များ စည်းဝေးပွဲတွင် အတည်ပြုသွားမည်ဖြစ်သည်။

မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်


29.11.2013 

ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့တွင်အသက်၁၂နှစ်အရွယ် မြန်မာရွှေ့ ပြောင်းကျောင်းသူလေး နှစ်ဦးအား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး သားမယားပြုကျင့်ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရ သည်။ ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း၏ ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။

နယ်ခြားစောင့်တပ်၏ ပေးစာ


29.11.2013 

သို့

(မြန်မာနိုင်ငံ သမ္မတကြီးနှင့် တပ်ချုပ်ကြီးတို့ သိစေရန်)

၂၀၁၃ခုနှစ် အောက်တိုဘာလ ၅ရက်နေ့ (၁၉း၀၀)ချိန်ခန့်၌ ဖားအံမြို့၊ ဇွဲကပင်ခမ်းမတွင် ကရင်ပြည်နယ်ဝန်ကြီးတစ်ဦးမှ (DKBA) ဗိုလ်ကြီးနှင့် (KNLA-PC) ဗိုလ်မှူးကြီးတို့အား ၂၀-၈-၂၀၁၀ခုနှစ်က (DKBA)မှ (BGF)သို့ အသွင်ပြောင်းသည့် နယ်ခြားစောင့် တပ် ၁၀၁၁ မှ ၁၀၂၂အထိ တပ်ရင်း ၁၂ရင်း ဖွဲ့စည်းခဲ့သည်မှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဌာနချုပ်တပ်ခွဲမှူးတို့သည် ဗိုလ်မှူးရာ ထူးအဆင့် သူတို့ပေးထားကြောင်း တပ်ရင်းမှူးအဆင့်သည် ဒုတိယဗိုလ်မှူးကြီးဖြစ်ပါသည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပေးဖို့လည်း မရှိပါ။ ခွင့်ပြုဖို့လည်း မရှိပါဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောသွားပါသည်။

သမ္မတဖြစ်ပါက တိုင်းပြည်ညီညွတ်ရေး ဦးစားပေးလုပ်မည်ဟု ဒေါ်စု ပြော


29.11.2013 

မိမိသာ သမ္မတဖြစ်လာပါက တိုင်းပြည်ညီညွတ်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ ရက်၌ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ လိုဝီ နိုင်ငံတကာ မူဝါဒရေးဆိုင်ရာဌာနတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောဆိုလိုက်သည်။

ကရင်တပ်များ ပူးပေါင်းမိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် နှစ်ကုန်အမီ မပြီးနိုင်

29.11.2013 

ကရင်ပြည်နယ်တွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းကာ မိုင်းရှင်းလင်းနေမှုများတွင် တပ်ဖွဲ့များကြား ကုန်စင်စွာ ရှင်းလင်းရန်မှာ DKBA ဘက်မှ အစည်းအဝေးများလာရောက်ရန် ပျက်ကွက်နေပြီး မိုင်းရှင်းလင်းရန် နယ်မြေများ ကျန်ရှိနေသည်ဟု ကရင်ပြည်နယ်တွင်း မိုင်းပူးပေါင်း ရှင်းလင်းရေးအဖွဲ့တွင် ပါဝင်သည့် ကရင်ပြည်နယ် နယ် ခြားစောင့်တပ်မှ ဗျူဟာမှူး ဗိုလ်မှူးနိုင်မောင်ဇော်က မဇိ္ဈမသို့ ပြောဆိုသည်။

Thursday, November 28, 2013

အစိုးရ သဘောထား မမှန်၍ နိုင်ငံတ၀န်း အပစ်ရပ်ရေး ကြာဦးမည်ဟု နိုင်ဟံသာ ပြော


28.11.2013

တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုးရေးမှာ အစိုးရဘက်က သဘောထား မမှန်၍ ကြန့်ကြာနေဦး မည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက် သည်။

အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် မူကြမ်း လက်ခံရန် အခက်အခဲဖြစ်


28.11.2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ (၃) ရက်တာ ဆွေးနွေးပွဲသည် အစိုးရ တင်ပြသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်မူကြမ်းအား လက်ခံနိုင်ရန် အခက်အခဲ ရှိကြောင်း ဆွေးနွေးရင်း ယနေ့ ပြီးဆုံး ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာကဆိုပါသည်။

မြန်မာအစိမ်းရောင်ကွန်ယက်၏ တတိယအကြိမ်တွေ့ဆုံပွဲ ကရင်ပြည်နယ်၌ ကျင်းပမည်


28.11.2013

မြန်မာအစိမ်းရောင်ကွန်ယက် (Myanmar Green Network)၏ တတိယအကြိမ် စုပေါင်းတွေ့ဆုံပွဲကို လာမည့် ဒီဇင်ဘာ ၂ရက်မှ ၅ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၁)ရပ်ကွက်ရှိ သုမေဓရာမ ကြားတောရကျောင်း၌ ကျင်းပမည်ဟု သိရသည်။

ကရင်နိုင်ငံရေးပါတီများ လက်တွေ့ ပူးပေါင်းလုပ်ဆောင်ရန် ခက်ခဲနေသေး


28.11.2013

ကရင်နိုင်ငံရေးပါတီများသည် လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကရင်ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းသွားနိုင်ရေးကို ဆန္ဒရှိ ကြသော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ ခက်ခဲနေသေးကြောင်း ၎င်းပါတီများ၏ ထိပ်ပိုင်းခေါင်းဆောင်များက ယမန်နေ့၌ ပြောကြားလိုက်သည်။

တယ်လီနောမြန်မာက အုပ်ချုပ်ရေးပိုင်းတွင် မြန်မာဝန်ထမ်း ၅၀ ရာခိုင်နှုန်း ခန့်အပ်ထားဟုဆို


28.11.2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေသော တယ်လီနောမြန်မာက ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်းတွင် ဝန်ထမ်းများ၏ ထက်ဝက်ခန့်ကို မြန်မာလူမျိုးများ ခန့်အပ်ထားကြောင်း တယ်လီနောမြန်မာမှ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က The Voice သို့ ပြောကြားသည်။

မြန်မာ - ထိုင်း ဗီဇာမဲ့ အပြန်အလှန် သွားလာခွင့် မကြာမီ ခွင့်ပြုမည်ဟု ထိုင်းသံအမတ်ကြီးဆို


28.11.2013

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ အခက်အခဲ အတားအဆီးမရှိ အပြန်အလှန် သွားလာခွင့်ကို မကြာမီ အချိန်အတွင်း ခွင့်ပြုတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Pisanu Suvanajata က The Voice နှင့် သီးခြား တွေ့ဆုံရာတွင် အတည်ပြု ပြောကြားသည်။

မြဝတီမြို့ ဂေါက်ကွင်းစားသောက်ဆိုင်မှာ ပစ်ခတ်မှုဖြစ်

28.11.2013

မြဝတီဂေါက်ကွင်း မြစန္ဒီစာသောက်ဆိုင်မှာ သေနတ်ဖြင့်ပစ်ခတ်မှုတခု ဒီကနေ့ နေ့လည် ၁၂ နာရီခန့်မှာ ဖြစ်ပွားခဲ့ပါတယ်။ အပစ်ခံရသူမှာ မြဝတီမြို့က ကသစ်ရေသန့်ပိုင်ရှင် ကိုမျိုးအောင် အသက် ၄၃ နှစ် ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် အဆောင်နေ ပထမနှစ်ကျောင်းသား တစ်ထောင်ကျော် လက်ခံမည်


28.11.2013

လာမည့် ပညာသင်နှစ်တွင် စတင်လက်ခံမည့် ရန်ကုန်တက္ကသိုလ် အဆောင်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ နေထိုင်သူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ဦးကို လက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၏ သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

ထိုင်းတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား၊ ယင်းလပ်အစိုးရကို အယုံအကြည်မရှိ အဆို ကြာသပတေးနေ့တွင် မဲခွဲမည်


28.11.2013

ထိုင်းနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အကြီးဆုံးသော ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိပြီး အတိုက်အခံပါတီက တင်သွင်းထားသော လက်ရှိဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ အစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုကို ကြာသပတေးနေ့တွင် ပါလီမန်၌ မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူ



28.11.2013

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ သြစတြေးလျနိုင်ငံ ပထမနေ့ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ သင်္ဂေတတစ်ခုဖြစ်တဲ့ ဆစ်ဒနီ Opera House မှာ တက္ကသိုလ်နှစ်ခုက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေလည်း ရရှိခဲ့ပါတယ်။

ရဲဘော်သုံးကျိပ်ဝင်များအနက် နောက်ဆုံးကျန်ရှိသူ ဗိုလ်ရဲထွဋ် ကွယ်လွန်


28.11.2013

ရဲဘော်သုံးကျိပ်ဝင်များအနက် နောက်ဆုံး ကျန်ရှိသူဖြစ်သော ဗိုလ်ရဲထွဋ်မှာ နိုဝင်ဘာ ၂၇ ရက်(အမျိုးသားနေ့) ည ၉ နာရီမိနစ် ၂၀ အချိန်တွင် ရန်ကုန်မြို့ရှိ သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏သားဖြစ်သူ ဦးကျော်ကျော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်မူကြမ်းပါ အချက်အချို့ NCCT ပယ်ဖျက်

28.11.2013

အစိုးရ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်း လက်ခံနိုင်ဖွယ်မရှိသည့် အချက်အချို့ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ပယ်ဖျက်လိုက် သည်ဟု အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။

ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ ကရင်နှစ်သစ်ကူး ပွဲတော် ရွှေကုက္ကိုလ်မြိုင် တွင် ကျင်းပမည်


28.11.2013


ဇန်နဝါရီ ၁ ရက်တွင်ကျရောက်မည့် ကရင် နှစ်သစ် ကူးနေ့အား ကမ္ဘာလုံးဆိုင် ရာနှစ်သစ်ကူးပွဲတော်အဖြစ် က ရင်ပြည်နယ် မြဝတီမြို့နယ် ရွှေ ကုက္ကိုလ်မြိုင်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကျပ် သိန်းပေါင်း တစ်သောင်းကျော်တန် Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် နယ်စပ်မှ သွင်းရာတွင် ဖုံးအုပ်ကာ အလုံပိတ် ပုံစံမျိုးဖြင့် ပြောင်းလဲတင်သွင်း


28.11.2013

ကျပ်သိန်းပေါင်း တစ်သောင်းကျော်တန် ကြေးရှိ Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် မြန်မာ-ထိုင်း နယ်စပ်မှတစ်ဆင့် တင်သွင်းရာတွင် ယခင်ကကဲ့သို့ မဟုတ်ဘဲ ကားအမျိုးအစားကို အလွယ်တကူ မမြင်တွေ့နိုင်သည့် ဖုံးအုပ်သယ်ယူသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်း လာသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

Wednesday, November 27, 2013

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီနှင့် နိုင်ငံရေး ပါတီ များ တွေ့ဆုံဆွေးနွေးမှု ရလဒ်ကို နိုင်ငံတော်သမ္မတထံတင်မည်


27.11.2013

ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် နိုင်ငံရေးပါတီ ၁၁ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ သည့် မြန်မာ့နိုင်ငံရေး နှင့်ပတ်သက်ပြီး ဆွေးနွေးမှုရလဒ် များကို ပြည်ထောင် စု ဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်သမ္မတ ထံ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေးစင်တာ ထူထောင်ရန် အစိုးရစီစဉ်




27.11.2013

တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲနိုင်ရေး လုပ်ဆောင်နေသော မြန်မာအစိုးရသည် ပြည်တွင်းစစ် ဖြစ်ပွားနေသော ဒေသများအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများ စတင်နိုင်ရန် မြေမြှုပ်မိုင်းရှင်းလင်းရေး စင်တာ ထူထောင်သွားမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ လက်ထောက်အမှုဆောင် ညွှန်ကြားရေးမှူးဟောင်း ဦးနေမျိုးသူက ပြောကြားသည်။

သူရိယနေ၀န်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား


27.11.2013

အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ခရိုနီများကို ပြင်းထန်စွာ ဝေဖန်သည့် သူရိယနေ၀န်း ဂျာနယ်အား ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇက တရားစွဲဆိုမည့် ဖြစ်စဉ်အပေါ် ပြည်တွင်း စာနယ်ဇင်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ စိတ်ဝင်တစား ရေး သား ဖော်ပြလာကြောင်း တွေ့ရသည်။

အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ NCCT ချင်းမိုင်မှာ ဆွေးနွေးပွဲစတင်


27.11.2013

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဟာ ဒီကနေ့မနက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အပစ်အခတ်ရပ်စဲရေး မူဘောင်ဆိုင်ရာအချက်တွေကို စတင်ဆွေးနွေးခဲ့ကြပါတယ်။

ဆစ်ဒနီငြိမ်းချမ်းရေးဆု ရရှိခဲ့သူ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း


27.11.2013

ဒေါက်တာစင်သီယာမောင်ကို ၁၉၅၉ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင်နမ့်လှကြည်နှင့် ဖခင်မန်းငြိမ်းမောင်တို့မှ ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ကရင်လူမျိုးဖြစ်ပြီး ၈၈ကျောင်းသားအရေးအခင်းအပြီးတွင် ကရင်ပြည်နယ် အိန္ဒု ကျေးရွာတွင် တာဝန်ထမ်းဆောင်ရာမှ နယ်စပ်သို့ ထွက်ခွာခဲ့သည်။ ၁၉၈၉ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မယ် တော်ဆေးခန်းကို စတင်တည်ထောင်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ မိဘမဲ့ကလေးများ၊ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးလျှက်ရှိသည်။

မိကျောင်းကန် ရပ်ကွက်သားတွေ ၉ ကြိမ်မြောက် ဆန္ဒပြ


27.11.2013

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ က မြေပိုင်ရှင်တွေ ဟာ တပ်ကသိမ်းယူထားတဲ့ မြေနေရာတွေပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အထက (၁) ကျောင်းရှေ့မှာ ၉ ကြိမ်မြောက်ဆန္ဒပြခဲ့ကြပြီး နေ့ လယ်ပိုင်းမှာတော့ ဘိုးဘွားပိုင် မိကျောင်းကန်မြေနေ ရာရှေ့မှာ ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ခဲ့ကြပါတယ်။

White Card ကိုင်ဆောင်ထားသူနှစ်ဦး အပါအ၀င် ဘင်္ဂါလီ ခုနစ်ဦးအား ငွေကျပ် ၃၂ သိန်း ယူဆောင်၍ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် ခိုးသွင်းလာမှု ဖမ်းဆီးရမိ

27.11.2013

    White Card ကိုင်ဆောင်ထားသူနှစ်ဦး အပါအ၀င် ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ရန်ကုန်မြို့သို့ ငွေကျပ် ၃၂ သိန်း ယူဆောင်၍ လိုင်စင်မဲ့ ပါဂျဲရိုးကားဖြင့် ခိုးသွင်းလာမှုအား နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် မှော်ဘီမြို့နယ်တွင် မှော်ဘီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနတို့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ ချင့်ချိန်လုပ်ဆောင်မည်ဟု KNU ဒူးပလာယာခရိုင် ဆုံးဖြတ်


27.11.2013

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်အတွင်း ထိုးဖောက်ဝင်ရောက်လာသော ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ချင့်ချိန်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)က နိုဝင်ဘာ လ ၁၉ရက်မှ ၂၁ရက်နေ့အထိ ၎င်းတို့ခရိုင်ရုံးတွင် ကျင်းပသော အရေးပေါ်အစည်းအဝေး၌ ဆုံးဖြတ်လိုက်သည်။

ဦးကျော်သူနဲ့ ဒေါက်တာစင်သီယာမောင် တွေ့ဆုံ


27.11.2013

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူနဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိလာပြီး မယ်တော်ဆေးခန်းနဲ့ မနောဖြူစင် ရေလှူအသင်းအပါအ၀င် ပရဟိတလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး လူမှုရေးလုပ်ငန်း အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။

Tuesday, November 26, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ရန် UNFC ဆို




26.11.2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက တိုက်တွန်း ပြောကြားသည်။

အစိုးရ၏ အပစ်ရပ်ရေးသဘောတူညီမှု စာချုပ်မူကြမ်းကို NCCT ပြန်သုံးသပ်ပြီ


25.11.2013

လိုင်ဇာထိပ်သီးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာ ၂၆ ရက် တွင် ပြုလုပ်မည်ဖြစ်ပြီး အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းကို ဆွေးနွေးသွားမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

တိုင်းရင်းသားများ လက်နက်စွန့်ရေး စဉ်းစားနိုင်သည့် အခြေအနေမရှိသေးဟု ရန်ကုန်ရောက် UNFC သုံးသပ်


25.11.2013

လက်ရှိ နိုင်ငံရေးအခြေအနေသည် တိုင်းရင်းသားအဖွဲ့များ လက်နက်စွန့်ရေး စဉ်းစားနိုင်သည့် အခြေအ နေတွင် မရှိသေးဟု နိုဝင်ဘာ ၂၅ ရက် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ထိပ်ပိုင်းခေါင်းဆောင်များက သုံးသပ်ခဲ့သည်ဟု ပြည်တွင်းတိုင်းရင်းသား ပါတီ တာဝန်ရှိသူအချို့က မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်တွင် ရော်ဘာခြံပိုင်ရှင်နှင့် သားသမီးသုံးဦး မီးလောင်သေဆုံးမှု ဖြစ်စဉ်အား စစ်ဆေးရာ ဓားဒဏ်ရာများ တွေ့ရှိခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲစစ်ဆေး


25.11.2013

ကရင်ပြည်နယ် သံတောင်မြို့နယ်၊ လိပ်သို မြို့နယ်ခွဲ ကျေးရွာတစ်ရွာရှိ ရော်ဘာခြံ တစ်ခြံအတွင်း ရော်ဘာခြံပိုင်ရှင်နှင့် သားသမီး သုံးဦးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေမှုကို စစ်ဆေးရာ ဓားဒဏ်ရာများ တွေ့ရှိခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲ စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ၀င်းစိန်က နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက The Daily Eleven သို့ ပြောကြားသည်။

တိုင်းရင်းသားတို့၏ ငြိမ်းချမ်းရေးမျှော်လင့်ချက် ဖြည့်ဆည်းပေးရန်အသင့်ရှိဟု ဒေါ်စုပြော


25.11.2013

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေချိန် တွင် တိုင်းရင်းသားများ၏ သဘောထားဆန္ဒများကို ဖြည့်ဆည်းပေးရန် ဆန္ဒရှိသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

ကရင်လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပန်းတနော်မြို့နယ်၌ ကျင်းပခဲ့




25.11.2013

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် ကရင်ရေးရာကော်မတီနှင့် ကရင်အဝိုင်းအဝန်း (Youth Cycle) တို့မှ ဦးဆောင်ပြီး “ကရင်လူငယ်နှင့် အနာဂတ်မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် ပထမဦးဆုံးအကြိမ် ကရင်လူငယ် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၈မှ ၂၀ရက်နေ့အထိ ပန်းတနော် မြို့နယ်၊ တောကျောင်းရွာတွင် ကျင်းပခဲ့သည်။

နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ ၂၀၁၄ ဧပြီမှာ ဖြစ်မြောက်လာရေး ကြိုးပမ်းမည်


25.11.2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဆင့်ဆွေးနွေးပွဲကို လာမယ့် ၂၀၁၄ ဧပြီလလောက်မှာ ဖြစ်မြောက်လာအောင် ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားများ လက်နက်စွန့်ရေး စဉ်းစားနိုင်သည့် အခြေအနေမရှိသေးဟု ရန်ကုန်ရောက် UNFC သုံးသပ်


25.11.2013

လက်ရှိ နိုင်ငံရေးအခြေအနေသည် တိုင်းရင်းသားအဖွဲ့များ လက်နက်စွန့်ရေး စဉ်းစားနိုင်သည့် အခြေအ နေတွင် မရှိသေးဟု နိုဝင်ဘာ ၂၅ ရက် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ထိပ်ပိုင်းခေါင်းဆောင်များက သုံးသပ်ခဲ့သည်ဟု ပြည်တွင်းတိုင်းရင်းသား ပါတီ တာဝန်ရှိသူအချို့က မဇ္ဈိမကို ပြောသည်။

Monday, November 25, 2013

"ဗြဟ္မစိုရ်တရားကိုစောင့်ထိန်းကြပါ" ~ ကျော်သူ



25.11.2013

မြန်မာနိုင်ငံမှာ ကပ်ဘေးတွေ အမျိုးမျိုး ကြုံတွေ့နေရတာဟာ ဗြဟ္မစိုရ်တရားလေးပါး ခေါင်းပါးလို့ဖြစ်တယ်ဆိုပြီး ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အကယ်ဒမီမင်းသား ကျော်သူက ဧရာဝတီသတင်းဌာနကို ဒီနေ့ ပြောပါတယ်။

ဖယ်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးအတွက် UNA နှင့် UNFC လက်တွဲဆောင်ရွက်မည်


25.11.2013

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ ယူအဲန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ လူမျိုးများ ဖယ်ဒရယ်ကောင်စီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါဝင်တဲ့ (ယူအဲန်အေ) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ကိုယ်စားလှယ်တွေဟာ ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း ခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးက ခြိမ်းခြောက်နေတဲ့ ကချင်ပြည်


25.11.2013

အသက် ၃၉နှစ် အရွယ်ရှိပြီဖြစ်သော ကချင်အမျိုးသား ကိုတန်ရော်သည် လွန်ခဲ့သော ၈နှစ်က ဘိန်းဖြူ အကြီးအကျယ် စွဲလမ်းခဲ့သူဖြစ်သည်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောက်စိမ်းတွေထွက်ရှိရာ ဖားကန့်ဒေသမှာ မူးယစ်ဆေးသုံးစွဲသူဘ၀ နှင့် ရှိနေခဲ့တုန်းက အိပ်မက်ဆိုးတွေကို သူက ပြန်ပြောပြခဲ့သည်။

ရန်ပုံငွေအတွက် ကားပါမစ် ယူခဲ့ကြောင်း ABSDF ပြော


25.11.2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များ အစိုးရထံမှ ရယူခဲ့ခြင်းသည် နိုင်ငံရေး လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်ရန် ရန်ပုံငွေအတွက်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ



25.11.2013

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဧရိယာအတွင်း မယ်ကုတိုက်နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟန်ထိုင်းအထည်ချုပ် စက်ရုံ(Wonderful Co,ltd) အလုပ်ရှင်က ၎င်းစက်ရုံမှ မြန်မာအလုပ်သမား ၁၇ဦးကို အထည်ထုတ်လုပ်မှု ရာခိုင်နှုန်းကျသည်ဟု အကြောင်းပြကာ နိုဝင်ဘာ ၂၃ရက်နေ့၌ အလုပ်ထုတ်လိုက်သည်။

UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ




25.11.2013

မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

တိုင်းရင်းသားဒေသများရှိ တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးပျံ့  နှံ့မှု အရှိန်အဟုန်မြင့်မားနေဟုဆို


25.11.2013

ဒေသခံ တိုင်းရင်းသားများက ဆေးကျောင်း များဟု အမည်ပြောင်းခေါ်ရ သည် အထိ တိုင်းရင်းသားဒေသ များရှိ တက္ကသိုလ်များတွင် မူးယစ် ဆေးဝါးပျံ့နှံ့မှုအရှိန်အဟုန် မြင့် မားနေကြောင်း ပအိုးဝ်အမျိုး သား အဖွဲ့ချုပ် ၏ပြောကြားမှု အရသိရသည်။ ''အခု မူးယစ်ဆေးဝါးက အရင်က မီဒီယာတွေ မလွတ်လပ် လို့လူတွေသိပ်မသိတာ။ ဒါပေမဲ့ ပြည်နယ်ကလူတွေကတော့ အ ကုန်သိတယ်။ ဒီမူးယစ်ဆေးဝါး အခြေအနေ ဘယ်လောက်အထိ ဆိုးနေ တယ် ဆိုတာကိုပေါ့။ ပြည်နယ်တွေမှာရှိ တဲ့တက္ကသိုလ်တွေမှန်သမျှကို ပြည် နယ်ကလူတွေက ဆေးကျောင်း လို့ခေါ်တယ်''ဟု ပအိုးဝ်အမျိုး သားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးခွန်သိန်းဖေက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ KNU လေးဝါးစခန်း၌ ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်မည်


25.11.2013

ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ (လိုင်ဇာ) က ချမှတ်သည့် မူဘောင်များကို အပြီးသတ် အကောင်အထည် ဖော်ရန် ဒုတိယအကြိမ် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကို KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ လေးဝါးစခန်း၌ ဒီဇင်ဘာလ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ထံမှ သိရသည်။

ဗုံးဖောက်ခွဲမှု ဖမ်းမိသူများကို ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး


25.11.2013

ဗုံးဖောက်ခွဲမှုဖြစ်စဉ်များကြောင့် ဖမ်းဆီးထားသူများကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးကာ သက်ဆိုင်ရာ တရားရုံးများသို့ လွှဲအပ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုင်းပြည်ခေတ်နောက်ကျတာ ပြည်တွင်းစစ်ကြောင့်လို့ UNFC ပြော


25.11.2013

မြန်မာနိုင်ငံဖွံဖြိုးတိုးတက်မှု နောက်ကျနေရတာဟာ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့်ဖြစ်တယ်လို့ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ထိပ်သီးခေါင်းဆောင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲကြောင်း အစိုးရဘက်က ကြေညာပေးရန် တောင်းဆိုထားသည်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

25.11.2013

အစိုးရဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန် တောင်းဆိုထားသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲမှ ဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင်၊ UNFC ၏ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာက နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်လုံးကျွတ် အပစ်ရပ်ရေး၊ ကာချုပ်လက်မှတ်ထိုးရန် UNFC လိုလားနေ


25.11.2013 

ပြည်လုံးကျွတ် အပစ်ရပ် စိတ်ချစေရန် သမ္မတ၊ ဒု-သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တရားသူကြီး ချုပ်တို့ လက်မှတ်ရေးထိုးမှသာ စိတ်ချရသည့် အပစ်ရပ်ရေးဖြစ်မည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက ရန်ကုန်မြို့သို့ရောက်ရှိနေစဉ် မီဒီယာများသို့ နိုဝင်ဘာ ၂၄ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်


25.11.2013 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း UNFC အဖွဲ့ထံမှ သိရသည်။

Sunday, November 24, 2013

အစိုးရနှင့် UNFC ရန်ကုန်တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်


24.11.2013

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်များ နိုဝင်ဘာလ ၂၄ ရက်နေ့၌ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center မှ တွဲဖက် အစီအစဉ် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

အခြေခံဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းမည်




24.11.2013

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရတွေ့ဆုံဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်က အကောင်အထည်ဖော်ပေးစေလိုကြောင်း မေတ္တာရပ်ခံစာ ရေးသားပေးပို့သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သံချောင်း (ခေါ်) စ၀်ခွန်ကျော်သည် RCSS နှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံ နေရသောကြောင့် နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်နေခြင်းဖြစ်ပြီး ပါဂျောင်ကိစ္စကိုမူ ဥပဒေအရ ဆက်လက်ဆောင်ရွက်လို့ ရသည်ဟု နိုင်/စစ် ကော်မတီ အဖွဲ့ဝင် ပြောကြား


24.11.2013

ဦးသံချောင်း (ခေါ်) စ၀်ခွန်ကျော်သည် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံ နေရသောကြောင့် နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်နေခြင်းဖြစ်ပြီး ပါဂျောင်ကိစ္စကိုမူ ဥပဒေအရ ဆက်လက်ဆောင်ရွက်လို့ ရသည်ဟု နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး အပြီးတွင် ကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်ပေးမည့် နိုင်ငံကူးလက်မှတ် စာအုပ် အလုပ်သမားများ ဆန္ဒအတိုင်း ဆောင်ရွက်နိုင်ဟုဆို


24.11.2013

ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများကို ယာယီနိုင်ငံကူး လက်မှတ်အစား မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ်စာအုပ် (အနီရောင်) ပြောင်းလဲ ထုတ်ပေးမည့်အပေါ် အလုပ်သမားများ ဆန္ဒအတိုင်း ဆောင်ရွက်နိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က The Voice သို့ ဖြေကြားသည်။

တရုတ် ရေနံပိုက်လိုင်း ပေါက်ကွဲမှု လူ ၄၀ ကျော်သေဆုံး




24.11.2013

တရုတ်နိုင်ငံ ကွမ်ဒေါင်း ဆိပ်ကမ်းမြို့ရှိ ရေနံပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံးသွားကြောင်း ဒေသခံ အာဏာပိုင်များ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် ဒေါ်လာ ၄ သန်း အီးယူထောက်ပံ့




24.11.2013

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ ဘ၀ပြန်လည်ထူထောင်ရေးတွေအတွက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်နဲ့ ညီမျှတဲ့ ယူရိုငွေ ၃ သန်း ထောက်ပံ့ဖို့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU က မနေ့က ကြေညာပါတယ်။

UNFC ထိပ်ပိုင်းခေါင်းဆောင်များ ရန်ကုန်မြို့ကို ရောက်ရှိ



24.11.2013

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ ဦးအေဘယ်လ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒို ဒေးဗစ်တာကပေါတို့ ရန်ကုန်မြို့ကို ဒီကနေ့ ည ၇ နာရီလောက်မှာ လေကြောင်းခရီးနဲ့ ရောက်ရှိလာပါတယ်။

ထိုင်းနိုင်ငံသားနှစ်ဦးကို DKBA ဖမ်းဆီးထား




24.11.2013

ကလို့ထူးဘော DKBA အဖွဲ့ကနေ သူတို့ရဲ့အဓိပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောလားပွယ်ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်နေတယ် ဆိုတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။ 

Saturday, November 23, 2013

ပါတီပေါင်းစုံမှ ကရင်လွှတ်တော် ကိုယ်စားလှယ်များအား ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ တွေ့ဆုံမည်




23.11.2013

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကိစ္စရပ်များ အတွက် ပြည်ထောင်စု လွှတ်တော်၌ရှိသော ပါတီပေါင်းစုံမှ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များအား ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး ဆွေးနွေး




23.11.2013

အနည်းဆုံး လုပ်ခလစာကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပင်လုံခန်းမမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံရသည့် မြန်မာရေလုပ်သား များအား ပြန်လည်ကယ်ဆယ်ရန် သတင်းအချက်အလက် ကောက်ယူပြီး လုပ်ဆောင်မည်



23.11.2013

ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံရသည့် မြန်မာရေလုပ်သားများအား ပြန်လည်ကယ်ဆယ်ရန် အတွက် သတင်းအချက်အလက် ကောက်ယူပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ပြောကြားသည်။

ပြည်ထောင်စု ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး UNFC ထပ်မံ ရှင်းပြ



23.11.2013

မြန်မာ့တပ်မတော်ကို ပြည်ထောင်စု ဖက်ဒရယ် တပ်မတော်အဖြစ် ဖွဲ့စည်းနိုင်ရေးကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က နိုဝင်ဘာလ ၂၂ ရက်က နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း တက်ရောက်ဆွေးနွေးသူများက ပြောသည်။

ရှေ့လုပ်ငန်းစဉ် လေးရပ်ကို KUPC ချမှတ်




23.11.2013

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC)သည် နိုဝင်ဘာ ၂၀ရက်မှ ၂၁ရက်နေ့အထိ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ စိန့်ပီတာနှင့် စိန်ပေါလ်ဘုရားကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်လေးရပ်ကို ချမှတ်လိုက်ကြောင်း KUPC အဖွဲ့ဝင် မန်းအောင်ပြည်စိုးက ပြောသည်။

မော်လမြိုင်တွင် ကေအဲန်ယူ ဒူးပလာယာခရိုင်/တပ်မဟာ(၆) စီးပွားရေးရုံး ဖွင့်လှစ်




23.11.2013

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၏ စီးပွားရေးရုံးနှင့် ဆောင်းဆည်းဆာကုမ္ပဏီဖွင့်ပွဲကို မွန် ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာ(၄)လမ်းတွင် ယနေ့ နိုဝင်ဘာ ၂၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

UNFC ခေါင်းဆောင်သုံးဦး ရန်ကုန်ကို ထွက်ခွာ




23.11.2013

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ ဦး အေဘယ်လ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒို ဒေးဗစ်တာကပေါတို့ ရန်ကုန်မြို့ကို ဒီကနေ့မနက် လေကြောင်းခရီးနဲ့ ထွက်ခွာပါတယ်။

ညောင်လေးပင်မြို့နယ် ကျောင်းချိန်ပြင်ပ ကရင်စာပေသင်ကြားရေး ခက်ခဲမှုရှိနေသေး




23.11.2013

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ကရင်စာပေသင်ကြားရေးကော်မတီ ဖွဲ့စည်း ပြီး ကျောင်းချိန်ပြင်ပ၌ ကရင်စာပေ သင်ကြားနေသော်လည်း အခက်အခဲရှိနေသေးကြောင်း ညောင်လေးပင်မြို့နယ် ပညာရေးမှူး ဆရာမကြီး နော်ချစ်မေက ကေအိုင်စီသို့ ပြောသည်။

DKBA ၏ ဖိတ်ကြားမှုဖြင့် ဦးကျော်သူက ကရင်ပြည်နယ်တွင် လူထု အသိပညာပေးဟောပြောပွဲများ ပြုလုပ်မည်




23.11.2013

DKBA အဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး၏ ဖိတ် ကြားမှုဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ကရင် ပြည်နယ် ရှိ မြို့နယ် များသို့သွား ရောက်ကာ လူထုအသိ ပညာပေး ဟောပြောပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

UNFC နှင့် ပြည်တွင်း နိုင်ငံရေး ပါတီများ အပြန်အလှန် ဆွေးနွေးခြင်း

23.11.2013

အစိုးရ ငြိမ်းချမ်းရေး စင်တာ (MPC) မှ စီစဉ်သော ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ယနေ့နံက်(၉) နာရီတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဥက္ကဌ အေ ဘယ်လ်ဒွိက ဆိုပါသည်။

Friday, November 22, 2013

အ၀င်လွယ်ပြီး အထွက်ခက်နေသည့် အာဖဂန်ရှိ အမေရိကန်စစ်သည်များ




22.11.2013

အာဖဂန်နစ္စတန်ရှိ အမေရိ ကန်တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့်ကို ၂၀၁၄ အကုန်ထိဆက်လက်ထား ရှိခွင့်ပြုရေး၊ အမေရိကန်ပြည် ထောင်စုနှင့် အာဖရန်နစ်္စတန် အစိုးရတို့ ဆွေးနွေးလျက်ရှိသည်။ အဆိုပါဆွေးနွေးပွဲတွင် အာဖရန် နစ္စတန်သမ္မတ ကာဇိုင်းအနေဖြင့် မူအရသဘောတူညီကြောင်း သိ ရသော်လည်းအပြီးသတ်ဆုံးဖြတ် ချက်ချနိုင်ရန်အတွက် အာဖဂန် နစ္စတန်တိုင်းရင်းသားခေါင်းဆောင် များ ညီလာခံသို့တင်ပြကာအဆုံး အဖြတ်ယူရမည်ဖြစ်သည်။

ထိုင်းရေလုပ်ငန်းနှင့် လူကုန်ကူးမှု


22.11.2013

ငါးဖမ်းလုပ်ငန်းသည် ထိုင်းနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် နေထိုင်ကြသူများအတွက် အဓိကကျသည့် အသက်မွေးဝမ်းကျောင်းအဖြစ် တည်ရှိနေသည်မှာ ကြာညောင်းပြီ ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ် တစ်ဝက်ခန့်မှစကာ ထိုင်းငါးဖမ်းလုပ်ငန်း၏ စက်ရုံအလုပ်ရုံများ အလျင်အမြန် တိုးတက်ဖွံ့ဖြိုး လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ စီးပွားရေးလည်း သိသိသာစွာ တိုးတက်ဖြစ်ထွန်း လာခဲ့သည်။ ထိုင်းငါးဖမ်းလုပ်ငန်း၏ သဘောသဘာဝပါ အခြေခံကျကျ ပြောင်းလဲလာခဲ့သည်။

အစိုးရတပ်များအား ချောင်းပစ်ခြင်း၊ ၀င်ရောက်တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အေတပ်များကို ကေအိုင်အို ဗဟိုက ညွှန်ကြားထားသော်လည်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မန်စီမြို့နယ်အတွင်း တိုက်ပွဲပြန်လည် ဖြစ်ပွား



22.11.2013

အစိုးရတပ်များအား ချောင်းပစ်ခြင်း၊ ၀င်ရောက် တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အေ တပ်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုက ညွှန်ကြား ထားသော်လည်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မန်စီမြို့နယ် အတွင်းရှိ နန့်လင်းပါ ကျေးရွာအနီးတွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။