address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 31, 2014

ထီလုံကျေးရာတပ်သိမ်းမြေများ ပြန်လည်စွန့်လွှတ်ရာတွင် ချန်လှပ်ခံရသော လယ်သမားများ၏လယ်မြေများအတွက် ကာကွယ်ရေး ပြည်ထောင်စု ၀န်ကြီးထံလွှတ်တော်ကိုယ်စားလှယ်များစုပေါင်း လက်မှတ်ထိုးတင်ပြ




31.3.2014

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်ထီလုံကျေးရာ၌ တမီလ်လူမျိုးများဘိုးဘွားစဉ်ဆက်စိုက်ပျိုး လုပ်ကိုင်ခဲ့သော လယ်မြေဧက ၁၀၀ ကျော်ခန့်ကို ၁၉၉၅ ခုနှစ် တွင် အမှတ် (၂၀၃) ခြေမြန်တပ် ရင်းတည်ဆောက်ရာတွင် တစ်ကြိမ်၊ စစ်မှုထမ်းဟောင်းအိမ်ရာကွက် ဖော်ရန်တစ်ကြိမ်၊ ၂၀၀၆-၂၀၀၇ ခုနစ်များတွင် တပ်မိသားစုသက် သာချောင်ချိရေးအတွက် စိုက်ပျိုး ရေးလုပ်ရန်တစ်ကြိမ်အကြိမ်ကြိမ် သိမ်းယူခဲ့ပြီး သက်ဆိုင်ရာကိုယ် စားလှယ်များ၏ လွှတ်တော်ကော် မရှင်လမ်းကြောင်းမှ တင်ပြမှုများ အရ တပ်ကသိမ်းဆည်းမြေများကို ပြန်လည်စွန့်လွှတ်သော်လည်း လယ်သမားအချို့၏လယ်မြေ ၁၈ ဧကခန့်ပြန်လည်စွန့်လွှတ်ရာတွင် ချန်လှပ်ခံရသည့်အတွက် ဒေသခံ ကိုယ်စားလှယ်သုံးဦး စုပေါင်း လက်မှတ်ရေးထိုး၍ပြည်ထောင်စု ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံ ကူညီဖြေရှင်းပေးရန် ၂၈.၃. ၂၀၁၄ ရက်စွဲဖြင့်တင်ပြခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်



31.3.2014

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင် ပြန်လည် ခန့်အပ်မည်ဟုဆို


31.3.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံနိုင်လောက်သည့် ပွင့်လင်းမြင်သာမှုမျိုးရှိအောင် လုပ်သွားမည်ဟု နိုင်ငံရေးပါတီများအား သမ္မတဦးသိန်းစိန် ကတိပေး




31.3.2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံနိုင်လောက်သည့် ပွင့်လင်းမြင်သာမှုမျိုးရှိအောင် လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က မတ် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြု လုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ကတိပေး ပြောကြားသည်။

မိကျောင်းကန် သပိတ်စခန်းကို မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား




31.3.2014

မတ် ၃၀ ရက် နံနက် ၃ နာရီခွဲ ၀န်းကျင်ခန့်က မဟာဗန္ဓုလ ပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းကို သက်ဆိုင်ရာက အင်အားနှစ်ထောင်ခန့်ဖြင့် ဖယ်ရှားခဲ့ပြီး ယင်းသို့ဖယ်ရှားမှုကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ၈၈မျိုးဆက် ဆက်ဆံရေးရုံးဖွင့်လှစ်




31.3.2014

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက ၎င်းတို့၏ ဆက်ဆံရေးရုံးတစ်ရုံးကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်-၅ ရပ်ကွက်၊ အောင်ဇေယျလမ်း၌ မတ်လ ၃၀ ရက်နေ့(ယနေ့)တွင် ဖွင့်လှစ်လိုက် သည်။

ကရက်လက်နက်ကိုင်BGFများ၏ကွပ်ကဲရေးအကြီးအကဲဗိုလ်ချုပ်ကြီးစောထွန်းလှိုင်ကျန်းမာရေးမကောင်းဟူသော သတင်းမှားယွင်းမှုသာဖြစ်



31.3.2014

ယခင်ကရင်အမျိုးသားအစည်း အရုံးတွင်ပါဝင်ခဲ့ပြီး ကရင်ပြည် နယ်တွင်း နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရာတွင် ပါဝင်၍ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများပြုလုပ်နေသော ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် များဗဟိုကွပ်ကဲရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးစောထွန်းလှိုင်ကျန်း မာရေးမကောင်း၍ လူမြင်ကွင်းသို့ ထွက်လာတော့ခြင်းမရှိဟုသတင်း ထွက်နေပြီး ယင်းသတင်းများမှာ ဗိုလ်ချုပ်ကြီးအပေါ်စိုးရိမ်နေသော ကရင်ပြည်သူများ၏စိုးရိမ်မှုတစ်ခု သာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်ကြီး စောထွန်းလှိုင်မှာ ကျန်းမာရေး အထူးကောင်းမွန်လျက်ရှိကြောင်း ကရင်ပြည်နယBGF တပ်နယ် တာဝန်ရှိသူတစ်ဦးကဆိုသည်။

သမီးကလေး အပါအဝင် ကျေးရွာသုံးရွာမှ နေထိုင်သူများ DKBA နယ်မြေသို့ ပြောင်းရွှေ့မည်


31.3.2014

လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရသော သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာ သုံးရွာမှ အိမ်ထောင်စု ၉၁ စုသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေသို့ ဧပြီလ ၁ ရက်နေ့တွင် လိုက်ပါ ပြောင်းရွှေ့မည် ဖြစ်ကြောင်း သမီးကလေးကျေးရွာ နေသူများ ယာယီ ခိုလှုံနေသည့် အောင်သိဒ္ဓိကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့က ဟန့်တားနှောင့်ယှက်




31.3.2014

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ စတင် ကောက်ယူနေပြီဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေပါ မကျန်ရလေအောင် နေပြည်တော်မှာ ပြုလုပ်တဲ့ Launching Ceremony မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ KIO/KIA အဖွဲ့က လွဲလို့ ကျန်တဲ့ဒေသတွေမှာ ကောက်ယူဖို့ သဘောတူညီမှုတွေ ရခဲ့ပါတယ်။ ကချင်ပြည်နယ်ကို မတ်လ ၁၆ ရက်နေ့က သွားရောက်ခဲ့တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်မှာ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဧပြီလဆန်းတွင်ကျင်းပမည်


31.3.2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဧပြီလဆန်းတွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကအတည်ပြု ပြောကြားလိုက်သည်။

မြန်မာအလုပ်သမား ၂၅ ဦးပါ ကားတစ်စီး မတော်တဆ ထိခိုက်မှုဖြစ် ၁ ဦး သေဆုံး




31.3.2014

ထိုင်းနိုင်ငံတောင်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး သစ်ပင်နဲ့ ၀င်ဆောင့်မိတာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကမ်းနီးဝင်ဖမ်းသည့် ကမ်းဝေးလှေများ အရေးယူနိုင်ရန် ရေလုပ်သားများ ပါသည့်အဖွဲ့ ဖွဲ့မည်




31.3.2014

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီး ရေပြင်သို့ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးသည့်ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် ကမ်းနီးငါးဖမ်း ရေလုပ်သားများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။

Friday, March 28, 2014

နှစ်သစ်ကူးပွဲတော်အကြို နေရပ်သို့ ပြန်လာကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ




28.3.2014

နှစ်သစ်ကူးပွဲတော်အကြို မိမိနေရပ်သို့ ပြန်လာကြသော မြန်မာ့ရွှေ့ပြောင်းလုပ်သားများ ပြည်တွင်း၌ ၀င်ငွေမရှိ၊ အသုံးစရိတ် မြင့်တက်ခြင်းကြောင့် သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာနေကြရပြီ ဖြစ်သည်။

လူတိုင်းက စစ်ကားကို ကြိုက်ကြပေမယ့် စစ်ဖြစ်တာကို မကြိုက်ကြဘူးလို့ဆိုလာ သူဒါရိုတ်တာပန်းချီစိုးမိုး




28.3.2014

(၆၈) နှစ်၊ တပ်မတော်နေ့ မှာ ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ်ကား ကို မြဝတီရုပ်မြင်သံကြားမှထုတ်လွှင့်ပြသခဲ့ပြီးနောက် ရှေ့ဆောင်ရုပ်ရှင်ရုံမှာ ရုံတင်ပြသခဲ့ပါတယ်။ ရုပ်ရှင်ရုံမှာ ပြသစဉ်ပရိသတ် တစ်ခဲနက် အားပေးခဲ့ကြပါတယ်။

တစ်နိုင်ငံလုံး ဖုန်းလိုင်းကောင်းမွန်ရန် ဆက်သွယ်ရေးတာဝါတိုင် တစ်သောင်းကျော်လိုအပ်ပြီး လက်ရှိတွင် တာဝါတိုင် ၁၆၅၅ ခုသာရှိ




28.3.2014

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးဖုန်းလိုင်း ကေင်းမွန်ရန် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း တစ်သောင်းကျော် လိုအပ်မည်ဖြစ်ပြီး လက်ရှိတွင်ဆက်သွယ်ရေး တာဝါတိုင် ၁၆၅၅ ခုသာရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုသစ် ၁၂၀ကျော် ထပ်မံတွေ့ရှိ




28.3.2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုအခုပေါင်း ၁၂၀ ကျော်ကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ဆက်တလိုက် ဂြိုလ်တု ကနေတဆင့် ထပ်မံတွေ့ရှိခဲ့ပါတယ်။

ကရင်ပြည်နယ်တွင် ကျည်ဆံဟောင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံး




28.3.2014

ကရင်ပြည်နယ် ဘားအံမြို့နယ် အိမ်တဲကျေးရွာမှာ မတ်လ ၂၂ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ကျည်ဆံဟောင်းတလုံးကို ကလေးငယ်တွေက ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။

KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်




28.3.2014

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်ဟုသိရသည်။

Wednesday, March 26, 2014

KNU ဗဟိုအမြဲတမ်း ကော်မီတီ ၏ အရေးပေါ် အစည်းအဝေးကျင်းပ




26.3.2014

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအမြဲတမ်း ကော်မီတီ အရေးပေါ် အစည်း အဝေးကို ယနေ့ နံက်ပိုင်း တွင် တပ်မဟာ (၇) နယ်မြေရှိ လောခီး လာ ခေါ် လေးဝါး စခန်းတွင် စတင်ကျင်းပခဲ့ သည်ဟု ဗဟိုအမြဲတမ်း ကော်မီတီဝင် တဦးဖြစ်သူ ပဒိုအောင်မော် အေးက ဆိုပါသည်။

NLD နာယကဦးတင်ဦးနှင့်အဖွဲ့ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံ




26.3.2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ယနေ့ မတ်လ ၂၄ရက်၊ နေ့လည် ၁၂နာရီခွဲတွင် သွားရောက်လေ့လာခဲ့ပြီး ဆေးခန်းထူထောင်သူ ဆရာမကြီး ဒေါက်တာစင်သီ ယာမောင်နှင့် တွေ့ဆုံခဲ့သည်။

ပေါ့ဆမီးကြောင့် မယ်လစခန်း အိမ်ခြေ ၅၀ ပျက်စီးကြောင်း ထပ်မံ အတည်ပြု




26.3.2014

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီအမှတ်(၄)ရပ်ကွက်တွင် မတ် ၂၄ရက်နေ့၊ ည ၉နာရီခွဲအချိန်က ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၅၀ ပျက်စီးသွားကြောင်း မယ်လစခန်းဥက္ကဌ စောအောနက်စ်က ယနေ့ ထပ်မံ အတည်ပြု ပြောကြားလိုက်သည်။

ဟောင်သရော မြစ်ကူးရာတွင် စနစ်တကျ လုံခြုံမှုရှိရန် ဒေသခံများ လိုလား




26.3.2014

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လှိုင်ကွယ်-မဲသေရောအပိုင်း တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာအကြားရှိ ဟောင်သရောမြစ်ကို ဖြတ်ကူးရာတွင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ လုံခြုံစွာ စနစ်တကျ စီစဉ်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောသည်။

ဆာသူးလေကျောင်း၏ ၂၀၁၃-၁၄ ပညာသင်နှစ် ကျောင်းဆင်းပွဲ ကျင်းပပြီးစီး




26.3.2014

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သော ဆာသူးလေ အထက်တန်းကျောင်း၏ ၂၀၁၃-၁၄ပညာသင်နှစ် ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ထိုင်းစံတော်ချိန် နံနက် ၉နာရီမှ ၁၁နာရီခွဲအထိ ကျင်းပ ပြီးစီးခဲ့သည်။

မြဝတီမြို့နယ် NLD ရုံးဖွင့်ပွဲ အခမ်းအနားကို DKBAအဖွဲ့မှ ဗိုလ်ဆန်းအောင် တက်ရောက်ခဲ့




26.3.2014

အခမ်းအနားကို တက်ရောက်လာရတဲ့ အကြောင်းကို ဗိုလ်ဆန်းအောင် က အခုလို့ရှင်းပြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ကျနော်တို့ရဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်နဲ့ တသွေးတသားတည်း တထပ်တည်းပြောရင်လဲ မမှားပါဘူး။ NLD ရဲ့ လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဝန်းရံတာတွေ မလုပ်ဘူးဆိုရင် ကျနော်တို့ တာဝန်မဲ့ရာကျတယ်။ ဒါကြောင့် ဒီအခမ်းအနားကို တက်ရောက်လာရခြင်းဖြစ်တယ်။

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန် လွှတ်တော်မှာ ဆွေးနွေး




26.3.2014

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့နဲ့ မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတဲ့မူဝါဒတွေ ပယ်ဖျက်ရေးအတွက် အမေရိကန်အစိုးရက ဦးစားပေးဆောင်ရွက်ဖို့ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။

Nok Air လေကြောင်း မဲဆောက်-မော်လမြိုင် ခရီးစဉ်ရပ်နား


26.3.2014

ထိုင်းနှင့် မြန်မာနယ်စပ် မဲဆောက်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ တိုက်ရိုက် ပြေးဆွဲနေသည့် Nok Air လေကြောင်းခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် အချိန်မှ ငါးလအကြာ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ ခရီးစဉ် ပြေးဆွဲမှု ရပ်နားထားလိုက်ပြီး ဖြစ်ကြောင်း မော်လမြိုင် အခြေစိုက် သက်ဆိုင်ရာ လေယာဉ် လက်မှတ် ဝန်ဆောင်မှု လုပ်ငန်းအချို့ထံမှ သိရသည်။

ပျောက်ဆုံး မလေးရှားလေယာဉ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည်များ၏ ဆွေမျိုးများ ဘေဂျင်းရှိ မလေးရှားသံရုံးသို့ ချီတက်ဆန္ဒပြ




26.3.2014

ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်တွင် လိုက်ပါသွားသော တရုတ်ခရီးသည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် ဘေဂျင်းမြို့ရှိ မလေးရှားသံရုံးသို့ စုဝေးချီတက်ပြီး မလေးရှား အာဏာပိုင်များကို ဆန္ဒပြခဲ့ကြသည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းရောက် ဗီဇာသက်တမ်းကုန် မြန်မာသိန်းချီကို ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်


26.3.2014

ထိုင်းနိုင်ငံရောက် ဗီဇာသက်တမ်းကုန် မြန်မာလုပ်သား တစ်သိန်းဝန်းကျင်ကို ဗီဇာသက်တမ်းတိုးခွင့် ပြုထားသဖြင့် ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်ဟု ထိုင်းအစိုးရက မတ်လ ၂၅ ရက်နေ့တွင် တရားဝင် ကြေညာ လိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။

မောင်တောနယ်စပ် လေယာဉ်ကွင်းရွာရှိ ဘင်္ဂါလီနေအိမ်မှ သေနတ်တစ်လက်နှင့် ကျည်ဆန်များ ထပ်မံဖမ်းဆီးရမိ


26.3.2014

မောင်တောနယ်စပ် အလယ် သံကျော် ကညင်တန်းကျေးရွာ အုပ်စုချောင်းအတွင်း ရှိ စက်လှေပေါ်မှ သေနတ်တစ်လက်နှင့် ကျည်ဆန် ကိုးတောင့် မတ် ၁၄၊ ၁၅ ရက်က ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေး မှုများပြုလုပ်လျက်ရှိရာ မောင်တောနယ်စပ် အလယ် သံကျော်အုပ်စု လေယာဉ်ကွင်းကျေးရွာရှိ ဘင်္ဂါလီ နေအိမ် smist or welson ငါးချက်ပေါက် ဆုံလည်သေနတ်တစ်လက်နှင့် ၃၉ အမျိုးအစား နိုင်ငံ ခြား ကျည်ဆန်တစ်တောင့်ကို မတ် ၁၉ ရက်မွန်းလွဲ ပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ




26.3.2014

မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။

ဗိုလ်ချုပ်စောထိန်မောင် ဆေးကုသမှု ခံယူ




26.3.2014

ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင် ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ SSC ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ကရင်စကား ပြောရမှာကြောင့် မိုးမြင့်သဇင် ရင်ခုန်နေ


26.3.2014

ဒါရိုက်တာ အဏ်ထော်ဏီ ရိုက်ကူးမည့် "World First Hijack" (ရောင်နီဦး အလင်းရောင်နှင့်အတူ) ဖြစ် ရပ်မှန်ဇာတ်ကားတွင် မိုးမြင့်သဇင်သည် ကရင်အမျိုးသမီး တစ်ဦးအနေဖြင့် ကရင်စကားပြောကာ ပါဝင် သရုပ်ဆောင်ရမည် ဖြစ်ခြင်းကြောင့် များစွာ စိတ်လှုပ်ရှားမိသည်ဟု မိုးမြင့်သဇင်က မဇ္ဈိမ သို့ ပြောသည်။

Monday, March 24, 2014

ကရိုင်းမီးယားရှိ ယူကရိန်း လေတပ်အခြေစိုက်စခန်းကို ရုရှတပ်ဖွဲ့များ စီးနင်းသိမ်းပိုက်


24.3.2014

ရုရှတပ်ဖွဲ့များသည် သေနတ်များ မိုးပေါ်သို့ ပစ်ဖောက်ကာ၊ သံချပ်ကာယာဉ်များလည်း အသုံးပြု၍ ကရိုင်း မီးယားရှိ ယူကရိန်းလေတပ်အခြေစိုက်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းခဲ့သည်ဟု မတ်လ ၂၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

KNU ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံရွာသား တစ်ဦး သေဆုံး




မတ်လ ၂၄ ရက်

ကရင်ပြည်နယ် ကျောက်ကြီးမြို့နယ် မြောင်ဦးကျေးရွာနေ ဦးစိုင်းအောင်နိုင်နှင့် ၃ ဦးသည် မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မီးသွေးများ သယ်ဆောင်ရန် ထွက်ခွာလာကြစဉ် ဖိုးကျောက်ကြီးကုန်းအနီး၌ KNU ထောင်ထား သော မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲရာမှ ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ခွဲတမ်းရပ်နားထားသည့် GSM ဆင်းမ်ကတ် ပြန်ရောင်းမည်


24.3.2014

မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်းကျပ်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရောင်းချပေးမှု ရပ်နားထားခဲ့သည့် တန်ဖိုးနည်း GSM မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို မတ်လတွင် ပြန်လည် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) ထုတ်ပြန်ချက်များအရ သိရသည်။

မြဝတီသို့ အလုပ်ရှာရောက်လာသော လူငယ်အချို့ ကော်ရှူမှုများလာ


24.3.2014

[ အတွဲ ၁၀ အမှတ် ၁၃ ၊ The Flower News Journal ]

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ဒေသစုံမှ အလုပ်အကိုင်ရှာ ဖွေသူများ ယာယီလာရောက်အခြေချနေထိုင် လျက်ရှိရာ အသက် ၁၆ နှစ်ဝန်းကျင်လူငယ် များမှာ မြို့ပေါ်တွင် ကြုံရာကျပန်းလုပ်ငန်း များလုပ်ကိုင်လျက်ရှိပြီး ၄င်းတို့အနေဖြင့် ကော်ရှူမှုများပြုလုပ်နေကြကြောင်း မြဝတီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှူး ဦးသိန်းဇော်ကံက ပြောသည်။

KNU ခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးကျင်းပ




24.3.2014

လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် KNU ဗဟိုအမြဲတမ်းကော်မတီ ၄၈ ဦး၏ အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ကစတင်ကာ KNU လက်အောက်ခံ ဘားအံခရိုင်ရှိ လေးဝါးစခန်း တွင် စတင် ကျင်းပလျှက်ရှိသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် တိုင်းရင်းသားတို့၏ စိုးရိမ်မှုများ




24.3.2014

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိပြီး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကောက်ယူမည့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးစုတို့၏ စိုးရိမ်မှုများသည် သန်းခေါင်စာရင်းကောက်မည့်ရက် နီးကပ်လာသည်နှင့်အမျှ စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။

တိုင်းရင်းလက်နက်ကိုင် ညှိနှိုင်းရေးအဖွဲ့ အပစ်ရပ်ရေး ဆက်လက်ဆွေးနွေးမည်




24.3.2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး NCCT ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့နဲ့ ဆက်လက်ဆွေးနွေးဖို့ မကြာခင် ရန်ကုန်ကို သွားရောက်ဖို့ရှိပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ဖို့ နှစ်ဘက်အဆိုပြုထားတဲ့ မူကြမ်းတွေကို မူတခုတည်းဖြစ်ပေါ်လာရေး ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ သွားရောက်မှာဖြစ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေသည့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ခါးပတ်ကြိုးများနှင့် ကုန်တင်သစ်သား အခင်းပြားတစ်ခု ရှာတွေ့




24.3.2014

ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံး မလေးရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင်ရာ၌ အသုံးပြုသော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူအင်အား တစ်ထောင်စီဖြင့် မော်လမြိုင်နှင့် ထားဝယ်တွင် ဆန္ဒထုတ်ဖော်မည်


24.3.2014

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့တို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဒေသမြို့ခံ လူထုအင်အား တစ်ထောင်ခန့်စီဖြင့် မတ်လ ၂၆ ရက်နေ့တွင် စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

မီတာခတက်လိုက်ခြင်းက ပြည်သူကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဟု လျှပ်စစ်ဒု-၀န်ကြီး ကာကွယ်ပြောဆို


24.3.2014

လာမည့် ဧပြီ ၁ ရက်မှစတင်ကာ မီတာခနှုန်းထားများ တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တချို့သာမက ပြည်သူများကြား ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယခုကဲ့သို့ မီတာခတိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်သူများ ၀န်ထုတ်ဝန်ပိုးရှိမည်မ ဟုတ်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက မတ်၂၃ ရက်တွင် ပြောဆို သည်။

Friday, March 21, 2014

မူးယစ်ရမ်းကား၍ အချုပ်ခန်းတွင်း ထိန်းသိမ်းခံထားရသူ ရိုက်နှက်ခံဒဏ်ရာများနှင့်အသည်းကွဲသေဆုံး တာဝန်ကျဝန်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို

သေဆုံးသူ ကိုဖိုးဇော်၏ ဇနီး ဒေါ်စံပယ်
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်း အချုပ်ခန်းအတွင်း မတ် ရက်က အချုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ပြီး ယင်းသို့ သေဆုံးမှုမှာ ရဲစခန်း တာဝန်ကျ ၀န်ထမ်းများနှင့် မသက်ဆိုင်ကြောင်း မြို့မ ရဲစခန်းမှ ဒုရဲမှူး ဦးသက်စိုးက မတ် ၁၃ရက်တွင်မြန်မာသံတော်ဆင့်သို့ပြောသည်။

သစ်မှောင်ခိုတဲ့လား.....


သတင်းတွေထဲမှာ ”သစ်မှောင်ခို ဖမ်းဆီးရမိ” ဆိုတဲ့ဟာမျိုးတွေ မကြာ ခဏတွေ့နေရပါတယ်။ ”မှောင်ခို” လို့ သာသုံးပေမယ့် မှောင် ခိုတွေ မဟုတ်ဘူးခင် ဗျ။ မော်တော် ကားကြီး၊ ပိုကြီးတဲ့ ကား ကြီးတွေနဲ့ တရားဝင်နီးနီး သယ်ယူနေကြတာပါ။

Thursday, March 20, 2014

သစ်တောကြိုးဝိုင်း မြေယာပြဿနာ ဖြေရှင်းပေးရန် ဒေသခံရွာသားများ လွှတ်တော်သို့တင်ပြ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံသစ်တောနှင့် ကျုံပကို သစ်တောကြိုးဝိုင်းအတွင်း ဖြစ်ပွားနေသော မြေယာအငြင်းပွားမှု ပြဿနာကို သက် ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးပါရန် ဒေသခံ ရွာသူရွာသားများက ပြည်သူ့လွှတ် တော်သို့ မတ်လ ၁၃ရက်နေ့က လက် မှတ် ထိုး စာတင်ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

ခရီးသည်၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေး ရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့် လာပြီး သည့် နောက် တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများ အပြား ပေါ်ပေါက် လာခဲ့သည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်မူချော ဖြစ်လာရန် NCCT ဆွေးနွေး


တိုင်းရင်းသား များ၏ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် တနိုင်ငံလုံး ဆိုင်ရာ အပစ် အခတ်ရပ် စဲရေး စာချုပ်မူ ကြမ်းကို အချောသတ်နိုင်ရန် ညှိနှိုင်း ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ်လ ၁၉ ရက်နေ့တွင် ကျင်း ပခဲ့ သည်ဟု ပြောခွင့်ရသူ ခွန်ဥက္ကာက ဆိုပါသည်။

Tuesday, March 18, 2014

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ စီးပွားရေးတာဝန်ခံထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



မတ် ၁၈ ရက်
ကရင်ပြည်နယ်ဘားအံမြို့နယ်သံလွင်တံတားတွင်မတ်၁၇ရက်နေ့၌ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှဖတ်သန်းသွားလာနေသောယာဉ်များအားရှာဖွေစစ်ဆေးခဲ့ရာKNU/KNLA့ငြိမ်းချမ်းရေးကောင်စီ၊စီးပွားရေးတာဝန်ခံထံမှစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းပူးပေါင်းအဖွဲ့ထံမှ သိရသည်။

Monday, March 17, 2014

တပ်မတော်နှင့် အစိုးရ တစ်သားတည်းဖြစ်ရန် ကြိုးပမ်းနေဟု သမ္မတပြော


တပ်မတော်အနေဖြင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်နိုင်ငံတော်အစိုးရနှင့်တသားတည်းရှိပြီးဟန်ချက်ညီညီအကောင်အထည်ဖော်ရန်ကြိုးပမ်းနေသည်ဟုသမ္မတဦးသိန်းစိန်ကကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မတ်လ ၁၆ ရက်တွင်တိုင်းရင်းသားပြည်သူများနှင့် တွေ့ ဆုံစဉ်ပြောကြားခဲ့သည်။

KNU မှ ဗိုလ်ချူပ် စောရွှေဆိုင်း၏ အဆိုအမိန့် များ



‘’လွတ်မြောက်သောကရင်လူမျိုးတစ်မျိုးအဖြစ်တစ်နာ၇ီလောက်အသက်ရှင်ရခြင်းကကျွန်ဘ၀တွင်အနှစ်တစ်ရာအသက်ရှင်ခြင်း ထက် ပိုပြီး မြတ်တယ်”

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အပြင်ကွင်းကလေးကျေးရွာအုပ်စု၊ ထီးမူထကျေးရွာ နှင့် အတွင်းမဲကနယ် ကျေးရွာအုပ်စု၊အတွင်းမဲကနယ် ကျေးရွာ များမှ ဆေးကုသရေးအဖွဲ ရဲ့  မြင်ကွင်းများ


(၆၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ်အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏စီစဉ်မှုဖြင့်သင်္ကန်းညီနောင်တပ်နယ်တပ်မတေနယ်လှည့်ဆးကုသရေးအဖွဲ့မှ၂၀၁၄ခုနှစ်၊မတ်လ(၁၄)ရက်နှင့်(၁၅)ရက်နေ့များတွင်ကရင်ပြည်နယ်၊မြ၀တီမြို့နယ်အပြင်ကွင်းကလေး ကျေးရွာအုပ်စု၊ထီးမူထကျေးရွာနှင့်အတွင်းမဲကနယ်ကျးရွာအုပ်စု၊အတွင်းမဲကနယ်ကျးရွာတို့တွင်ဆေးကုသမြှု ပု လုပ်ဆောင် ရွက်ပေး ခဲ့ပါသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး တပ်မတော် ပါဝင်လက်မှတ်ထိုးမည်


တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲမှာတပ်မတော်ကပါဝင်လက်မှတ်ရေးထိုးသွားမှာဖြစ်တယ်လို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က RFA ကို ဒီနေ့ပြောပါတယ်။

Sunday, March 16, 2014

ကရင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့်(E)ရှိသော အိမ်ထောင်စုများသို့ DVB-T2 Set Top Box များအခမဲ့ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ကရင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E) ရှိသော အိမ်ထောင်စုများသို့DVB-T2 Set Top Box များ အခမဲ့ပေးအပ်ခြင်းအခမ်းအနားကို မတ် ၁၄ ရက် နံနက် နာရီတွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှဗီတိုအာဏာသုံး ပယ်ဖျက်

ယူကရိန်းနိုင်ငံရဲ့ခရိုင်းမီးယားဒေသရုရှကိုပူးပေါင်းရေးလူထုဆန္ဒခံယူပွဲကိုတရားမ၀င်ကြောင်းကြေညာရေးနဲ့င်ငံတွေင်ငံတကာအဖွဲ့အစည်းတွေကအသိအမှတ်မပြုရေးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မူကြမ်းကိုရုရှအစိုးရကမတ်လ၁၅ရက်နေ့ကတိုအာဏာသုံး ပယ်ဖျက်လိုက်ပါတယ်။

ကျောင်းသားတပ်မတော် ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် ဦးတည်ချက် ၄ ရပ်နှင့် ဆက်လက်ချီတက်မည်

တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုတရပ်လုံးစစ်အာဏာရှင်နစ်အောက်မှလွတ်မြောက်ရေးပထမဦးစားပေးလုပ်ဆောင်သွားဖို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦးရဲ့ ဒဿမအကြိမ်ညီလာခံကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နမ့်ဇန် SNLD ဥက္ကဌ စိုင်းတင်ဝင်းကွယ်လွန်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင် ခရိုင် နမ့်ဇန်မြို့နယ် SNLD ဥက္ကဌ ၊ ၁၉၉၀ ရွေးကောက်ပွဲ (အနိုင်ရ) ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် စိုင်းတင်ဝင်း အသက် (၆၉)နှစ်သည် မတ်လ ၁၃ ရက်နေ့က နမ့်ဇန်မြို့ အမှတ် ၄ ရပ်ကွက်နေအိမ်၌ ကွယ်လွန်ခဲ့သည်။

သံလွင်‌မြစ်‌‌ရေရောင်းစားရန်မဟုတ် ဆုတောင်းဆန္ဒထုတ်‌‌ ဖော်

သံလွင်မြစ်ရေသည် ရောင်းစားရန်မဟုတ်ပါ၊ သံလွင်မြစ်သည် ကျနော်တို့၏ အသက်သွေးကြောဖြစ်သည် စသောဆိုင်းဘုတ်များ ကိုင်ဆောင် ကာ သံလွင်မြစ်သဲသောင်ပြင်ပေါ်၌ မတ်လ ၁၄ ရက်က ဆန္ဒထုတ်‌‌ဖော် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ EITI လုပ်ငန်းဆောင်ရွက်မှုကိစ္စ ဆွေးနွေး

မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အ ဖွဲ့(EITI)၏ လုပ်ငန်းဆောင်ရွက်မှုကို ဆွေးနွေးရန် ကရင်ပြည်နယ် အရပ်ဖက်လူမှု အဖွဲ့အစည်း(CSOs)များက ဖားအံမြို့၊ ကန် သာဦး ခမ်းမ ၌ မတ်လ ၁၂ မှ ၁၃ ရက်နေ့အထိ ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

Friday, March 14, 2014

ကုလ ငြိမ်းချမ်းရေးတပ်ထဲ အစိုးရ စစ်တပ်ပါဝင်ထမ်းဆောင်ဖို့ HRW ရှုတ်ချ


မြန်မာအစိုးရစစ်တပ်ကိုကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့တွေ မှာ ပါဝင်ဖို့ စေလွှတ်ရေး အတွက် ဇန္နဝါရီ လကုန်ပိုင်းက နေပြည်တော် ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အရာရှိ မစ္စတာ ဗီဂျေး နမ်းဗီးယားက အဆို ပြုခဲ့ ပါတယ်။

ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို


ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ် တုဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများ ဖမ်းဆီးခံရ


ကချင်ပြည်နယ်ဗန်းမော်ခရိုင်ထဲမှာ ရှမ်းစာပေသင်တန်းဆရာမတဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။

Thursday, March 13, 2014

မြ၀တီရဲစခန်းရှေ့ သံဃာတော်များ ဆန္ဒပြမှုဖြစ်စဉ် သတင်းအမှန်


13.3.2014

ကရင်ပြည်နယ်မြ၀တီ မြို့နယ်တွင်ရဟန်းသံဃာတော်ယောင်ဆောင်ထားသော တရားခံပြေးအား ရဲစခန်းမှ ဖမ်းဆီးမှုကြောင့် မတ် ၁၁ ရက်နေ့ညနေ၆နာရီခန့်မှစ၍သံဃာတော်များစုပေါင်းကာမိုးကုတ်စက်ဝိုင်းကျောင်းမှယုဇနလမ်း၊ဘုရင့်နောင်လမ်းအတိုင်း စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြကြောင်းယင်းမြို့ခံများထံမှသိရပါသည်။

Wednesday, March 12, 2014

ငြိမ်းချမ်းရေးသက်သေပြပေးပါ

ရေးသားသူ- အိဖြူမွန်
ငြိမ်းချမ်းရေးမရမချင်း ဒုက္ခသည်စခန်းတွင်သာ နေထိုင်မည်ဟု စိတ်ကူးထားသူ နော်စေးလျားတစ်ယောက် လွန်ခဲ့သောရှစ်လခန့်မှစ၍ ပြည်တော်ပြန်ရန် စဉ်းစားမိလာသည်။

ဒီနေ့ 12-3-2014့ မြ၀တီမြို့ နယ် ရွေကုက္ကိုလ်ကျေးရွာ ရွေကုက္ကိုလ်ဘုန်းကြီးကျောင်းမှာနာမည်ကြီး အရှေ့ ပိုးကရင်အဆိုတော် စောထူးဝါးရဲ့ နောက်ဆုံးခရီး အသုဘပို့ ဆောင်ရန်ဖြစ်ပါတယ်


12.3.2014

အရှေ့ ပိုးကရင်အဆိုတော် စောထူးဝါသည် လွန်ခဲ့သော ၆ရက်နေ့ ညမှာ ထိုင်းနိုင်ငံမဲဆောက်မြိုအနီး တစ်ဝိုက်မှာ အသတ်ခဲခဲ့ရပါတယ်