address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, April 7, 2015

မငြိမ်းချမ်းရခြင်း အကြောင်းရင်းကိုလည်း သိဖို့လိုအပ်တယ်။ ဒီမငြိမ်းချမ်းရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းနိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာပါ NCCT ဒုခေါင်းဆောင်၊ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း နှင့်တွေ့ဆုံခြင်း



7.4.2015

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်၊ နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့အလား အလာနှင့်ပတ်သက်၍NCCTဒုတိယခေါင်းဆောင်၊ KNUအထွေထွေအတွင်းရေးမှူးဖဒိုစော ကွယ်ထူးဝင်းကို 7Day သတင်းဌာနက ဧပြီ ၁ရက် တွင် တွေ့ဆုံမေးမြန်းခဲ့ပြီး ယင်းအနက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Wednesday, March 18, 2015

ကရင် သမိုင်းသုတေသနစာစုများ အမည်ရှိစာအုပ်ထွက်ရှိ



18.3.2015

ပုဂံခေတ်မှကုန်းဘောင်ခေတ်ထိ ကရင်-ဗမာဆက်ဆံရေး အပါအ၀င် ကရင် အမျိုးသားများနှင့်ပတ်သက်သည့် ရှားပါးသမိုင်းကြောင်းဆိုင်ရာများ ပါရှိ သည့် ကရင် သမိုင်းသုတေသနစာစုများအမည်ရှိ စာအုပ်ကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဦးဆောက်ပန်းစာပေမှ ထုတ်ဝေဖြန့်ချီလိုက်ပါသည်။

Tuesday, February 10, 2015

ဖေဖော်ဝါရီ ၁၁ရက် ၄ပွင့်ပြန်ဆိုင်ရန် သဘောတူ



10.2.2015

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းခန်းမမှာ ပြန်လည်စတင်ဖို့ အစိုးရနဲ့ ကိုယ်စားလှယ်တွေ သဘောတူညီကြပါတယ်။

ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်



10.2.2015

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တက္ကသိုလ်စာယဉ် တိုးတက်အောင် ဆက်လုပ်ကြရန် စီနီယာကျောင်းသား များ တိုက်တွန်း



10.2.2015

ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) ကော်မတီလုပ်ငန်းများ တိုးတက် မှုရှိအောင် ဂျူနီယာ ကရင်တက္ကသိုလ် ကျောင်းသားများအနေဖြင့် ကျရာဏ္ဍတွင် စည်းစည်းလုံးလုံး ဆက်လုပ် သွား စေလိုသည်ဟု စီနီယာ ကရင်တက္ကသိုလ်ကျောင်းသားများက တိုက်တွန်း ပြောဆိုလိုက်သည်။

ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် အိမ်ရှင်နယူးဇီလန် တစ်အုပ်စုတည်းကျရောက်



10.2.2015

ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် အသင်းများနှင့် အုပ်စု(က)တွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

မြ၀တီမြို့နယ်တွင် လေးကေကော်မြို့သစ် စီမံကိန်း စတင်အကောင်အ တည် ဖော် လုပ်ဆောင်နေ



10.2.2015

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးမယ်ဝါးခီးကျေးရွာအနီးတွင် ကရင်အမျိုး သားအစည်းအရုံး(ကေအဲန်ယူ) နှင့် အစိုးရတို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လေး ကေကော်မြို့သစ်စီမံကိန်းကို သူးလေကုမ္ပဏီမှ တာဝန်ယူ၍ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။

ကေအဲန်အယ်အေ တပ်မဟာ(၇) တပ်ရင်း ၂၁ တပ်ရင်းမှူး ကွယ်လွန်



10.2.2015

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)မှ တပ်ရင်း-၂၁ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး စောတာတိုး(၇၁)နှစ်သည် ဖေဖော်ဝါရီ ၈ရက်နေ့ည ၈နာရီအချိန်တွင် ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေ တစ်နေရာ၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

မြန်မာများကို မှတ်ပုံတင်ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ တိုင်ကြားခံရ



10.2.2015

မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင်လုပ်ပေးခဲ့တဲ့ ထိုင်းအစိုးရ၀န်ထမ်း ၁၆ ဦး ဥပဒေကြောင်းအရ အရေးယူဖို့ တိုင်ကြားခံထားရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

KWO ဗဟို အမြဲတမ်းကော်မတီဝင်များကို နိုင်ငံရေးသင်တန်းပေးရန် ဆုံးဖြတ်



10.2.2015

နိုင်ငံရေးစွမ်းရည် မြှင့်မားလာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ၎င်းတို့၏ ဗဟိုအမြဲတမ်းကော်မတီဝင်များကို လာမည့် သြဂုတ်လအတွင်းတွင် တစ်လကြာ နိုင်ငံရေးသင်တန်းတစ်ရပ် ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

တောင်ငူတွင်ကျင်းပမည့် ကရင်အမျိုးသားနေ့ KNU ဒုဥက္ကဌ တက်ရောက်မည်



10.2.2015

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တောင်ငူခရိုင်တွင် ကျင်းပ မည့် (၆၇) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ဒုဥက္ကဌပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

Monday, February 9, 2015

ဝန်ကြီးချုပ်ဟောင်းယင်လပ်ရှင်နာဝပ် နိုင်ငံခြားခရီးသွားခွင့် ထိုင်းအစိုးရပိတ်ပင်



9.2.2015

ယခုလနှောင်းပိုင်း တွင် ရာဇဝတ်မှုဆိုင်ရာ စွဲချက် များ ရင်ဆိုင်ရေး နိုင်ငံ အတွင်းရှိ နေရေး သေချာစေရန် ဝန်ကြီးချုပ် ဟောင်း ယင်လပ်ရှင်နာဝပ်၏ နိုင်ငံခြားခရီးသွားရေး ခွင့်ပြုခြင်း ကို ထိုင်းအစိုးရက ငြင်းပယ်လိုက် သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ဂျပန်ရောက် မြန်မာအလုပ်သမား ၃၃ ဦး ဒုက္ခသည် ခိုလှုံခွင့်လျှောက်



9.2.2015

ဂျပန်နိုင်ငံ အီဘာရက်ကီ စီရင်စု အလုပ်ရုံကနေ အရင်နှစ်က ပျောက်သွားတဲ့ မြန်မာ နည်းပညာ သင်တန်းသား ၃၃ ဦးဟာ ဒုက္ခသည် အဖြစ် လျှောက်ထား တယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေး ကြောင်း ကေအင်န်ယူသုံးသပ်


9.2.2015

ငါးရက်ကြာပြုလုပ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

မဲခေါင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု သံသယရှိသူ ၈၄၁ ဦး ဖမ်းဆီး



9.2.2015

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း နိုင်ငံ ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒုတိယ အကြိမ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ သံသယရှိသူ ၈၄၁ ဦး ဒီနှစ်အစောပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆိုပြုချက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်ရေး လက်ရှိအချိန်အထိ မသေချာ


9.2.2015

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လာမည့်ပြည်ထောင် စုနေ့တွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အ၀ရှိသော အမျိုးသားပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ ‘ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်’ ကို ကတိက၀တ်ပြု ပါဝင် လက်မှတ်ရေးထိုး သွားကြရန် အစိုးရထံသို့ အဆိုပြုထားရာ ယင်းအဆိုပြု ချက် ကို လက်မှတ်ရေးထိုးနိုင်ရေး လက်ရှိအချိန်ထိ မသေချာသေးကြောင်း နှစ်ဖက် ကိုယ်စားလှယ်များထံမှ သိရသည်။

Friday, February 6, 2015

ပြည်ထောင်စုနေ့ မတိုင်မီ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံမည်


6.2.2015

ယခုလအတွင်း ကျရောက်မည့် (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ မတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ဘန်ကောက် ဗုံးခွဲတရားခံ ရှာဖွေမှုကြောင့် မြန်မာများဆင်ခြင်ကြရန် သံရုံး သတိပေး




6.2.2015 

ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အထူးသတိထား နေထိုင်သွားလာကြဖို့ ဘန်ကောက်မြန်မာသံရုံးက သတိပေးနှိုးဆော်ချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် လူငယ်များ တာဝန်ရှိကြောင်း KNU ဥက္ကဋ္ဌ တိုက်တွန်း



6.2.2015 

ကရင်မျိုးဆက်သစ်လူငယ်များအနေဖြင့် မပြီးဆုံးသေးသော အမျိုးသားတာဝန် ကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကေအဲန်ယူဌာနချုပ်တည်ရှိရာ လေးဝါးစခန်း၌ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသည့် ၆၈နှစ်မြောက် ကေအဲန်ယူနေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

Thursday, February 5, 2015

ဒေါနတောင်ခြေတွင် ၆၈ နှစ်မြောက် (KNU) နေ့ကျင်းပ



5.2.2015

ယနေ့တွင်ကျရောက်သည့် ၆၈ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU စတင်ဖွဲ့စည်းထူထောင်ခဲ့သည့်နေ့ အခမ်းအနားကို (ကေအင်န်ယူ) ဗဟိုကဦး ဆောင်၍ ဘားအံခရိုင်ရှိ လေးဝါးစခန်းတွင်ကျင်းပခဲ့ရာ ခရိုင်နှင့်တပ်မဟာ ၇ ခုမှ ခေါင်းဆောင်များ ကရင်အမျိုးသားများ တက်ရောက်ခဲ့ကြသည်။

Monday, February 2, 2015

ထိုင်းဌာနဆိုင်ရာအရာရှိ တစ်ဒါဇင်ကျော်ကို လူမှောင်ခိုကူးမှုဖြင့် တရားစွဲ



2.2.2015

ထိုင်းနိုင်ငံတွင် အကြီးတန်းရဲအရာရှိနှင့် ရေတပ်အရာရှိတို့ အပါအ၀င် အစိုးရ ဌာန တာဝန်ရှိသူ တစ်ဒါဇင်ကျော်ကို လူမှောင်ခိုကုန်ကူးဖြင့် တရားစွဲဆို ထားကြောင်း တာဝန်ရှိသူများက ပြောသည်။ ထိုင်းအာဏာသိမ်းအစိုးရ လူမှောင်ခိုကူးမှုကို အမြစ်ပြတ်သုတ်သင်သွားရန် ဆုံးဖြတ်ထားသည်။

၆၆နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ကရင်လက်နက်ကိုင် (၄)ဖွဲ့ ပူးပေါင်းစစ်ရေးပြ



2.2.2015

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့(KNDO) ဋ္ဌာနချုပ် အူးကရေ့ခီး စခန်း၌ ဇန်န၀ါရီ ၃၁ရက်နေ့က ကျင်းပ သော ၆၆နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့တွင် KNDO၊ ကရင် အမျိုး သား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ KNU/KNLA-PC တို့က ပူးပေါင်းစစ်ရေးပြခဲ့ကြသည်။

ဘန်ကောက်မြို့ ကုန်တိုက် ဗုံးပေါက်ကွဲ၊ ၁ ဦး ဒဏ်ရာရ



2.2.2015

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Siam Paragon ဆယမ်ပါရာဂွန်ကုန်တိုက် အရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညက ဗုံးပေါက်ကွဲပြီး လူ ၁ ဦး ဒဏ်ရာရ သွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာ-ထိုင်း နယ်စပ်ရှိ တရားမ၀င်ဂိတ်များမှ ကျွဲ၊ နွားအရှင်များ တင်ပို့ခြင်း၊ ကန့်သတ် ဘီယာ၊ ၀ီစကီ တင်သွင်းခြင်းများ ရှိနေဆဲဖြစ်



စားသုံးဆီ၊ ဘီယာနှင့် ကွမ်းသီးများ မြန်မာနိုင်ငံဘက်သို့ တင်သွင်းနေသည့် သောင်ရင်းဖြတ်ကျော် လှေဂိတ်အား တွေရစဉ်
 
2.2.2015

မြန်မာ-ထိုင်းနယ်စပ်ရှိ တရားမဝင်ဂိတ်များမှတစ်ဆင့် ကျွဲ၊နွားအရှင်များ တင်ပို့ခြင်း၊ ကန့်သတ်ထားသည့် ဘီယာ၊ ဝီစကီတင်သွင်းခြင်းများ ရှိနေဆဲဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မြန်မာလုပ်သား ၃ ဦး ထိုင်းတွင် အသတ်ခံရမှု အမြန်ဖော်ထုတ်ရန် ခရိုင်ရဲချုပ် ညွှန်ကြား




2.2.2015

ထိုင်းနိုင်ငံ ချိုင်ဘူရီခရိုင်မှာ ၁၃ နှစ်အရွယ် ကလေးတယောက် အပါအ၀င် မြန်မာ ၃ ယောက် အသတ်ခံရမှုကို အမြန်ဖော်ထုတ်နိုင်အောင် လုပ်ဆောင်ဖို့ ဆူရတ်ဌာနီ ခရိုင်ရဲချုပ် ရဲမှူးကြီး အဖီချတ် ဘွန်စရီရော့ဂ်ျက စုံစမ်းစစ်ဆေးသူ တွေကို ညွှန်ကြားထားပါတယ်။ အသတ်ခံရတဲ့ အလုပ်သမား ၃ ဦးထဲမှာ အသက် ၁၃ နှစ်ရွယ် ကလေး ၁ ဦးပါ ပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက် ည ၈ နာရီခွဲ လောက်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာပါ။

အပစ်အခတ်ရပ်ရေးသာ အဓိက KNU ဗဟိုကော်မတီမှာ ဆွေးနွေးမယ်




2.2.2015

ကရင့်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဖေဖော်ဝါရီ ၃ရက်နေ့မှာကျင်းပဖို့ရှိ တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေးကိစ္စကိုပဲ အဓိက ထား ဆွေးနွေးသွားမှာဖြစ်ပြီး UNFC နဲ့ ပြန်လည်ပူးပေါင်းဖို့ကိစ္စ မဆွေးနွေးဘူး လို့ ပဒိုစောသမိန်ထောက ဇန်နဝါရီ ၃၁ရက်မှာ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအပြည့်ဖြင့် ရဲရင့်စွာ လုပ်ကိုင်ရန် ကေအင်န်ယူဥက္ကဋ္ဌပြော


2.2.2015

ပြောင်းလဲလာသည့် နိုင်ငံရေးအခင်းအကျင်းအပေါ် တွေ့ဆုံဆွေးနွေး ရေး စကားဝိုင်း တွင် ယုံကြည်မှုအပြည့်ဖြင့် ရဲရင့် စွာ ငြိမ်းချမ်းရေးအတွက် ကြိုးစား အားထုတ်ရန် (၆၆) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေး နေ့တွင် ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကပြော သည်။

လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း



2.2.2015

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေး လုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အားပေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

သွေးမထွက်သည့် စစ်မြေပြင်ဖြစ်ရေး ဆင်နွှဲနေဟု ဗိုလ်ချုပ်ကြီး မူတူးပြော


                                                        ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

2.2.2015

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲကို အခြေခံပြီး သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးမထွက်တဲ့ စစ်မြေပြင်ကို ဆင်နွှဲနေတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

Thursday, January 29, 2015

ထိုင်းရှပ်နီခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ



29.1.2015

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝကို သရေဖျက်တဲ့အတွက် အတိုက်အခံ ရှပ်နီ ခေါင်းဆောင်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

မြန်မာကုန်စည်တွေပြတဲ့ မဲဆောက်နယ်စပ်ကုန်စည်ပြပွဲကြီး.




29.1.2015

ဒီနေ့စတင်တဲ့ မဲဆောက်က နယ်စပ်ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက အထင်ကရ လုပ်ငန်းရှင်တွေကလည်း မြန်မာထွက် ကုန် အချို့ ကို လာရောက်ပြသခဲ့ပါတယ်။

ပဒိုမန်းရှာ ကျဆုံးခြင်း (၇) နှစ်ပြည့်တွင် ‘မန်းရှာ’ အမည်ဖြင့် စာအုပ် ထုတ်ဝေမည်



29.1.2015

ကရင်အမျိုးသား အစည်းအရုံး(KNU) အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၇)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ‘မန်းရှာ’အမည်ရှိ တော်လှန်ရေးပုံရိပ် စာအုပ်တစ်အုပ်ကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တော်လှန်ရေး ရဲဘော်ရဲဘက်များက ထုတ်ဝေသွားရန် စီစဉ်နေသည်ဟု စာရေး ဆရာမ တစ်ဦးဖြစ်သူ နော်ခိုင်မာကျော်ဇောက ပြောသည်။

မြန်မာ−ထိုင်း−ကမ္ဘောဒီးယား ရထားလမ်းကွန်ရက် တည်ဆောက်ရန် ဂျပန်က ထိုင်းအား ကူညီမည်


29.1.2015

ထိုင်းနှင့် ဂျပန်အ စိုးရတို့သည် ထိုင်းနိုင်ငံတွင်းရှိ မြန်မာ နယ်စပ် ကန်ချနဘူရီမှ ထားဝယ်နှင့်လည်း ဆက်သွယ်ပြီး ထိုင်းနိုင်ငံမှ အနောက်သို့ ဖြတ်သန်းကာ ကမ္ဘောဒီးယားနှင့်ဆက်သွယ်မည့် ရထားလမ်းကွန်ရက်တည်ဆောက်ရေး ပူးတွဲ လုပ်ဆောင်ရန် မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း သိရသည်။

ခိုတောင်လူသတ်မှုတွင် စွပ်စွဲခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ် ဦး အတွက် ရန်ပုံငွေကောက်ခံ




29.1.2015

၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၌ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိသျှခရီး သည်နှစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာရွှေ့ ပြောင်း အလုပ်သမားနှစ်ဦး တရားစွဲ ဆိုခံထားရရာ သူတို့နှစ်ယောက်အ တွက် ခန့်ထားသည့် ရှေ့နေများက ထိရောက်စွာ ခုခံချေပလျှောက်လဲ ချက်ပေးနိုင်ရေးအလို့ငှာ ကူညီပံ့ပိုး ပေးကြ ပါရန် ရွှေ့ပြောင်းအလုပ်သ မားအခွင့်အရေးကွန်ရက်(MWRN) က ထိုင်းနိုင်ငံ ရှိ ရွှေ့ပြောင်းအလုပ်သ မားများကို ကိုယ်စားပြုလျက် ဇန်န ဝါရီ ၂ရရက် ၌ မေတ္တာရပ်ခံလိုက်သည်။

တရားစွဲခံရသော အမှုများတွင် သမာသမတ်ကျသော စကားပြန်များ အသုံးပြု ပေး ရန် ထိုင်းအစိုးရကို တောင်းဆို


29.1.2015

ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် မြန်မာနှစ်ဦး တရားစွဲဆိုခံထားရမှုများရှိနေရာ ထိုင်းနိုင်ငံ၌ မြန်မာများ တရားစွဲဆိုခံရသည့် အမှုများတွင် စကားပြန်များ ဘက်လိုက်မှု မရှိစေရေးအတွက် ထိုင်းနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနက လေ့ကျင့် ပေးထားသော ဘာသာပြန်များကိုသာ အသုံးပြုပေးရန် တောင်းဆိုထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက The Voice သို့ပြောကြားသည်။

Wednesday, January 28, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသများတွင်စီးပွားရေးလုပ် ပါက ယင်းအဖွဲ့များနှင့် တိုင်ပင်လုပ်ဆောင်ရမည်



ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှစ်ပတ်လည်နေ့ ကျင်းပသည့် အခမ်းအနားကို တွေ့ရစဉ်။ (ဓာတ်ပုံ -                           ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
 
28.1.2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်လျက်ရှိသော ဒေသများတွင် ဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ထိုဒေသရှိ အပစ် အခတ်ရပ်စဲရေး သဘောတူညီထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေး တိုင် ပင်၍ လုပ်ဆောင်သွားရန် သဘောတူညီထားပါသည်ဟု သမ္မတရုံးဝန်ကြီး ဌာန(၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောသည်။

ကြောက်စရာကောင်းတဲ့ တညင်းသီး



28.1.2015

ရှောင်စေချင်သည် တညင်းသီးအဆိပ်တွေနဲ့ အသီးအားလုံး သိကြ တဲ့ အသီး ပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။
တညင်း သီး ကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။

ထိုင်းလိပ်ကျွန်းပုံရိပ် ဗြိတိန် မီဒီယာကြောင့်ပျက်ဟု ကျွန်းသူကြီးပြော



28.1.2015

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း (ခိုတောင်) ရဲ့ နာမည်ကောင်းဟာ ဗြိတိန် မီဒီယာရဲ့ သတင်းတွေကြောင့် ပျက်စီးသွားတယ်လို့ ကျွန်းသူကြီးက ပြော ပါတယ်။

MECTEL ဖုန်းများ မက်ဆေ့ခ်ျပေးပို့ပြီး အင်တာနက်အခမဲ့လျှောက်ထားနိုင်



28.1.2015

မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း MECTEL မှ ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူများအ တွက် အင်တာနက်လျှောက်ထား ခ တစ်သောင်းကျပ်ကို ပယ်ဖျက် ပေးလိုက်ပြီး အခမဲ့လျှောက်ထား လိုသူများ SMS နံပါတ် 233 သို့ Open EVDO ဟုရေးပြီး မက်ဆေ့ခ်ျပေးပို့မှသာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ရက်ပိုင်းအတွင်း ညီအမမြို့ ဖြစ်တော့မည့် မဲဆောက်နှင့်မြ၀တီ




28.1.2015

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မနက်ဖြန်ကစပြီး ၅ ရက်ကြာပြုလုပ်မဲ့ နယ်စပ်ကုန်စည်ပြပွဲ ကာလအတွင်းမှာ နှစိဖက်အစိုးရတာဝန်ရှိသူတွေက မဲဆောက်နဲ့မြ၀တီမြို့တွေကို ညီအမမြို့တွေအဖြစ် တရားဝင်ကြေညာမယ်လို့ သတင်းရရှိပါတယ်။

ထိုင်းတွင် တယ်လီဖုန်းဆင်းကတ် သုံးစွဲသူအားလုံး မှတ်ပုံတင်ရမည်



28.1.2015

လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာရှိတဲ့ တယ်လီဖုန်း ဆင်းကတ် ပိုင်ရှင်တွေအားလုံး မှတ်ပုံတင်ရမယ်လို့ ထိုင်းအမျိုးသား ဆက်သွယ် ရေး နဲ့ အသံလွှင့် လုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ထားဝယ်-ထီးခီးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆက်ဆံရေးရုံး ထပ်မံဖွင့်လှစ်ရန် စီစဉ်နေ


28.1.2015

ထားဝယ်-ထီးခီးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆက်ဆံရေးရုံကို ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း လူကုန်ကူးတားဆီး နှိမ်နင်းရေး (ဗဟို) မှ သိရသည်။

ဆာသူးလေ ရွှေ့ပြောင်းကျောင်းတွင် ပထမဆုံးအကြိမ် အာစရိယ ပူဇော်ပွဲ ကျင်းပ



28.1.2015

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ် သည့် ဆာသူးလေ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/သားများ ပူးပေါင်း၍ ပထမဦးဆုံးအကြိမ် အာစရိယ ပူဇော်ပွဲ (ဆရာကန်တော့ပွဲ)ကို ယနေ့ ဇန်န၀ါရီ ၂၇ရက်နေ့၌ ဆာသူးလေကျောင်းတွင် ကျင်းပခဲ့သည်။

Monday, January 26, 2015

ထိပ်တန်းအဆင့် ဆေးရုံ ၂ ရုံကို ထိုင်းဆေးရုံအုပ်စု မြန်မာတွင် တည်ဆောက် မည်



26.1. 2015

မြန်မာနိုင်ငံမှာ ထိပ်တန်းအဆင့် ဆေးရုံ ၂ ရုံ ဆောက်လုပ်ဖို့အတွက် နောက် တပတ် ရန်ကုန်မှာ ဂမုန်းပွင့်ကုမ္ပဏီအဖွဲ့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံက ထွန်ဘူရီ ဆေးရုံအုပ်စု (THG) က ပြောပါတယ်။

ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ပြည်သူအသံ၊ အကြံဉာဏ်ရယူခြင်း စီမံကိန်းတာဝန်ခံ စောဖိုးခွါးကြီး (ခေါ်) စောထက်ဝေယံကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း



26.1. 2015

စောဖိုးခွါးကြီးဟာ ၂၀၀၁ခုနှစ်မှာ ဖားအံမြို့၊ အ.ထ.က(၁)မှာ ဆယ်တန်းအောင်မြင်ပြီးတော့ ၂၀၀၅ခုနှစ်မှာ နိုင်ငံတကာဆက်ဆံ ရေး(I.R BA)ဘွဲ့ရခဲ့ပါတယ်။ လက်ရှိ ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖေါင်ဒေးရှင်းမှာ ၂၀၀၇ခုနှစ်ကနေ စတင်လုပ်ဆောင်ပြီး “ငြိမ်းချမ်းရေးအတွက် ခြေတစ်လှမ်း”ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် မှာရှိတဲ့ ဒေသခံ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးအကြောင်း အမြင်ဖွင့်သင်တန်းတွေ လိုက်လုပ်ပေးခဲ့ တယ်။ ၂၀၁၀ခုနှစ်မှာတော့ ရွေးကောက်ပွဲအတွက် မဲပေးတဲ့ကိစ္စတွေကို လိုက်လံလုပ် ဆောင်ပေးတယ်။ ၂၀၁၃ခုနှစ်က ၂၀၁၄ခုနှစ်အထိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအလုပ်များ လုပ်ဆောင် ခဲ့ပါ တယ်။ ယခုအချိန်ထိ ငြိမ်းဖောင်ဒေးရှင်းမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

(OKRSO) အဖွဲ့ ရွှေးကောက်ပွဲ ကျင်းပပြီးစီး



26.1. 2015

ဘန်ကောက်အခြေစိုက် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) အဖွဲ့ ရွှေးကောက်ပွဲကို ဒီနေ့ဘန်ကောက်မြို့မှာ ကျင်းပခဲ့ကြီး စောထွန်းနိုင်သန်း ဥက္ကဌ - နန်းသမော့ခလိန်းဆန့် အတွင်းရေးမှူး - အဖြစ် ရွေးကောက်တင်မြောက် ခဲ့ကြပါတယ်။

ဒုတိယမြောက် မြ၀တီ−မဲဆောက်တံတား မကြာမီ တည်ဆောက်မည်




26.1. 2015

မြ၀တီနှင့် မဲဆောက်သို့ ဆက်သွယ်မည့် ဒုတိယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံ တားတည်ဆောက်ခြင်းစီမံကိန်း ကို ထိုင်းဘက်ခြမ်းတွင် မကြာ မီ စတင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြ ထားသည်။

ကလေး ၁ ဦးအပါအ၀င် မြန်မာအလုပ်သမား ၃ ဦး ထိုင်းတွင် အသတ်ခံရ



26.1. 2015

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ချိုက်ပူရီမြို့နယ်မှာ ရာဘာခြံအလုပ်သမား ၃ ဦး အသတ်ခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (အမ်အေတီ)က ပြောပါတယ်။

မွန်ပြည်နယ်မှ လိုင်စင်မဲ့ကား ၁၅၀ လေလံတင်မည်



26.1. 2015

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကားအစီးရေ (၂၀၀)ကျော်ရှိသည့်အနက် တရားရုံးများမှ စီရင်ချက်ချပြီးသည့် လိုင်စင်မဲ့ကား (၁၅၀)စီးကို ကားအရည်အသွေးအပေါ် မူတည်၍ ကြမ်းခင်းဈေး သတ်မှတ်ပြီး လာမည့် ဖေဖေါ်ဝါရီလအတွင်း ဒုတိယအကြိမ်လေလံစနစ်ဖြင့် ရောင်းချမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။