မြ၀တီ-ကော့ကရိတ် ဒုတိယ ကုန်သွယ်လမ်းသစ်ဖြစ်သော ဒေါနတောင် ရှောင်ကွင်းလမ်း ဖောက်လုပ်မှုလုပ်ငန်း ရာခိုင်နှုန်း ၄၀ ပြီးစီး
11.12.2013
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု လမ်းကြောင်း၏ အဓိက အရေးပါသော
မြ၀တီ-ကော့ကရိတ် ဒုတိယမြောက် ဒေါ နတောင် ရှောင်ကွင်းလမ်းပိုင်း ဖောက်လုပ်မှု
တစ်နှစ်တာ ကာလအတွင်း ရာခိုင်နှုန်း ၄၀ ကျော် ပြီးစီးနေပြီဖြစ်၍ ယခုနှစ်
နွေရာသီတွင် လမ်းကြမ်းအဆင့် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြ၀တီမြို့နယ် သင်္ဃန်းညီနောင် ကျေးရွာမှ ကော့ကရိတ်အထိ ဟိုဘက်သည်ဘက်
ဖောက်လုပ်လာမှုမှာ ရာခိုင်နှုန်း ၄၀ ပြီးစီးနေပြီဖြစ်ပြီး
သက်ရင့်ကျောက်တောင်တန်းများကြောင့်
လမ်းဖောက်လုပ်မှု ကြန့်ကြာနေသော်လည်း ၂၀၁၅ ခုနှစ် မေလတွင် နိုင်ငံတကာ
အဆင့်မီ အာရှလမ်းမကြီးအဖြစ် ဖောက်လုပ်ပြီးစီး နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လမ်းသစ်ဖောက်လုပ်ရေး လုပ်ငန်းတစ်လျှောက်ရှိ လမ်းအူကြောင်းနှင့်
မလွတ်ကင်းသော လယ်ယာမြေနှင့် အခြားမြေများအား ကုမ္ပဏီ အနေနှင့်
လျော်ကြေးပေးဆောင် ခဲ့သည်မှာလည်း မြန်မာငွေ ကျပ်သိန်းပေါင်း တစ်ထောင်ကျော်
ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း See Sang Kan Yotha Co.Ltd(SKY)
လမ်းဖောက်လုပ်ရေး ကုမ္ပဏီမှ ဆက်ဆံရေး တာဝန်ခံ မကြုလုနီက ပြောကြားသည်။
"ယခုလုပ်နေတဲ့ လမ်းအူကြောင်း Savage ပိုင်းမှာ အခက်အခဲတွေ အများကြီး
ရှိပါတယ်။ လမ်းဖောက်လုပ် တာ ပြည် သူတွေရဲ့နေရာ ထိသွားတဲ့အတွက် လျော်ကြေးတွေ
ပေးခဲ့ရပါတယ်။ လမ်းဖောက်လုပ်ဖို့ ဘတ်ဂျက်ကို ထိုင်းအစိုးရက ထုတ်ပေးထားတာ
ဖြစ်ပါတယ်။ AGDB နဲ့ Jiker ကူညီပေးမယ်ဆိုတာ လမ်းအူကြောင်း ရှာတုန်းအဆင့်ပဲ
ရှိပါသေးတယ်။ ဒီလမ်းအတွက် ဘက်ဂျက်ကို ထိုင်းအစိုးရက ထုတ်ပေးထားတယ် ဆိုပေမဲ့
မြန်မာအစိုးရ အနေနဲ့ လမ်းအူကြောင်း အတွင်းမှာ ရှိနေတဲ့ အိမ်၊
လယ်မြေပိုင်ရှင်တွေကို အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက် ပေးဖို့လည်း
လိုအပ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။
နှစ်နိုင်ငံ ချစ်ကြည်ရေး
တံတားထိပ်မှ သင်္ဃန်းညီနောင် ထိလမ်းဟောင်းပြုပြင်ရေး၊
သင်္ဃန်းညီနောင်-ကော့ကရိတ် လမ်းသစ်ဖောက်လုပ်ရေးအတွက် ထိုင်းအစိုးရမှ
ထိုင်းဘတ်ငွေ သန်း ၁၁၄၀ (အမေရိကန်ဒေါ်လာ ၃၈ သန်း) ကုန်ကျရန် လျာထားသည့်အနက်
တံတားကြံ့ခိုင်မှုအတွက် ဘတ်သန်း ၄၀ ကျော်၊ လမ်းဟောင်းပြုပြင်ရေးအတွက်
ဘတ်သန်း ၁၅၀ နှင့် လမ်းသစ်ဖောက်လုပ်ရေးအတွက် ဘတ်သန်း ၉၅၀ စသည်ဖြင့်
ခွဲဝေသုံးစွဲ လုပ်ဆောင်လျက် ရှိသည်။
Eleven Media Group
No comments:
Post a Comment