ကရင်ပြည်နယ် AA ၊ BB လိုင်စင်ယာဉ်များ အရစ်ကျရောင်းမည်

27-7-2013
မြန်မာနိုင်ငံ အတွင်းသို့ လိုင်စင်မဲ့ မော်တော်ယာဉ်များ အဓိကတင်သွင်းနေသော
မြဝတီ အပါအ ဝင်ကရင်ပြည်နယ်ရှိမြို့များအတွင်းAA၊BBနံပါတ်ပါလိုင်စင်ယာဉ်များကိုအရစ်ကျစနစ်ဖြင့် ရောင်း ချပေး သွားမည် ဖြစ်ကြောင်း
မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရှိ
ခရိုင် ဦးစီးမှူး ဦးသံခဲက The Voice သို့ ပြောကြားသည်။
အဆိုပါတရားဝင် လိုင်စင်နှင့် မော်တော်ယာဉ်များကို ရန်ကုန်အခြေစိုက်
ကုမ္ပဏီတစ်ခုက သြဂုတ် လအတွင်း စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက်
ပြောကြားသည်။
“တရားမဝင်ကားတွေ စီမံချက်နဲ့ ဖမ်းနေတော့
ခရီးသွားမယ့်သူတွေ အခက်တွေ့မှာ စိုးတာရယ်၊ လိုင်စင်မဲ့ယာဉ်တွေ
ပပျောက်ဖို့ရယ် ရည်ရွယ်ပြီး လုပ်တာပါ” ဟု ၎င်းကရှင်းပြသည်။
အဆိုပါ
မော်တော်ယာဉ်များကို ပထမအရစ်အနေဖြင့် ၃၀ ရာခိုင်နူန်း ပေးသွင်းရမည်ဖြစ်ပြီး
ကျန် ၇၀ ရာခိုင်နှုန်းကို ၂ နှစ်အတွင်း ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အရင်လိုင်စင်မဲ့ကားတွေကို တရားဝင်ဖြစ်အောင် မလုပ်ပေးဘဲနဲ့ အခုလိုရောင်းမယ်ဆိုတော့ နစ် နာမှုတွေရှိတယ်။
ငြိမ်းချမ်းရေးအဖွဲ့တွေကျတော့ ပါမစ်တွေထုတ်ပေးပြီး ပြည်သူတွေကျတော့အသစ်ပြန်ဝယ်ရမယ့် ပုံမျိုး ဖြစ်နေတယ်” ဟု မြဝတီ -မဲဆောက်ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲနေသူတစ်ဦးက ပြော ကြားသည်။
၂၀၁၂ ခုနှစ်အတွင်း
မြဝတီမြို့နှင့် ကရင်ပြည်နယ်တစ်ဝန်းတွင် လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်း
၂၀၀ ကျော် ဖမ်းဆီးရမိထားကြောင်း အဆိုပါမြို့နယ် ရဲစခန်း၏ စာရင်းဇယားများအရ
သိရ သည်။
The Voice Weekly
No comments:
Post a Comment