Wednesday, July 24, 2013

နစက ဖျက်သိမ်းပြီးနောက် နယ်စပ်လုံခြုံရေးအားရဲနှင့်နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များတာဝန်ယူမည်





24.7.2013

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)ကို ဇူလိုင် ၁၂ ရက်က ဖျက်သိမ်းလိုက်ပြီးနောက် နစက၏တာဝန်များကို ရဲတပ်ရင်းမှ အစားထိုးဝင်ရောက်နေပြီး နစက နယ်မြေ များနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များအစားထိုး တာဝန်ထမ်းဆောင် နေပြီဖြစ်ေ ကြာင်း သတင်းရရှိသည်။"နစကကို ဖျက်သိမ်းလိုက်တဲ့အတွက် တချို့ကအလွဲအယူတွေ မှားကောက်နေ တာ ရှိပါတယ်။ နယ်မြေလုံခြုံရေး မကျိုးပေါက်အောင် ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနဲ့ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့တွေက ကြပ်မတ်ဆောင်ရွက် နေပါတယ်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်း က ပြောကြားသည်။


"နစက ဖျက်သိမ်းပြီလို့ ရုတ်တရက် ကြေညာလိုက်တော့ စိတ်ထဲတစ်မျိုး စိုးရိမ်သွားသေးတယ်။ ဒါပေမဲ့ အခုကတော့ ရဲတပ်ဖွဲ့တွေ၊ လုံထိန်းတပ်ဖွဲ့တွေက နစက တာဝန်ယူခဲ့တဲ့ နယ်စပ်စခန်းတွေမှာ အားလုံး တာဝန်ယူလိုက်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အပတ်က လည်း ကားကြီးတွေ နဲ့ ရဲတပ်ရင်း တပ်ဖွဲ့ဝင်တွေ ငါးစီး၊ ခြောက်စီး ၀င်လာတာ တွေ့ရပါတယ်။ သုံးမိုင်ဂိတ်တို့၊ ဆိပ်ကမ်းတို့မှာလည်း လ၀ကနဲ့ ရဲတွေက ဆက်လက်ပြီး လူဝင်လူထွက်တွေကို စစ်ဆေးနေတာ တွေ့နေရပါပြီ" ဟု မောင်တောမြို့ခံ တစ်ဦး က ပြောကြား သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်မြေ ၁၁ ခု၊ စခန်း ၃၂ ခုတို့ရှိပြီး အဆိုပါ ကင်းစခန်း များတွင် ရဲတပ်ရင်းမှ ၀င်ရောက် ကာ လုံခြုံရေးတာဝန်များအား နေ့ညမပြတ် ဆောင်ရွက်နေပြီဟုလည်း ရဲတပ်ရင်းမှ လုံခြုံရေး အရာရှိတစ်ဦး က ပြောကြားသည်။


No comments:

Post a Comment