လူထုကြား ပဋ္ဋိပက္ခ အမျိုးသမီး ပါဝင်ဖြေရှင်းကူဖို့ စီမံကိန်းချမှတ်

13-7-2013
အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အပစ်အခတ်ရပ် သဘောတူလက်မှတ်
ရေး ထိုး ပြီးနောက် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတောအတွင်း
ပြည်သူကြားမှာရှိနေတဲ့ ပဋ္ဋိ ပက္ခတွေကို အမျိုးသမီးတွေအနေနဲ့
သုံးနှစ်စီမံကိန်းချမှတ်ပြီး ပါဝင်ကူညီ ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသမီးအဖွဲ့ (KNWO)မှ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ဖရူဆိုမြို့နယ်ထဲက ကျေးရွာတွေ မှာ စစ်ရေး၊ နိုင်ငံရေး ပဋ္ဋိပက္ခတို့ရဲ့
အကျိုးဆက်ကြောင့် လူထုအကြားမှာ တင်ကျန်နေသေးတဲ့ ပဋ္ဋိပက္ခ အနည်းအကျဉ်းလေးတွေ
ပပျောက်အောင်ရည်ရွယ်ပြီး လူထုအလုပ်ရုံ ဆွေးနွေးပွဲသင် တန်းတွေ လိုက်လံ
ပြုလုပ်နေရာမှ သိရှိရပါတယ်။
"ကျနော်တို့ရွာထဲမှာ Trauma
(စိတ်ဒဏ်ရာ) အဲမျိုး ဖြစ်တဲ့လူတွေ ရှိပါတယ်"လို့ KNWO မှပို့ ချပေးတဲ့
လူထုအလုပ်ရုံဆွေးနွေးပွဲ သင်တန်းတက်ရောက်တဲ့ သင်တန်းသား ခူးတော့ရယ် က
ပြောပါတယ်။
လူထုအကြား ရင်ဆိုင်ကြုံတွေ့နေကြရတဲ့
အခက်အခဲပြဿနာတွေကို ကြားဝင် ဖျန်ဖြေခြင်း၊ စေ့ စပ်ဆွေးနွေးခြင်း၊ နှစ်
သိမ့်ဆွေးနွေးခြင်း နဲ့ ငြိမ်းချမ်းရေး အကြောင်း ဆိုတဲ့ခေါင်းစဉ်(၄)ခုနဲ့
ယခု ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တရွာဝင်တရွာ ထွက် ပြုလုပ်သွား
မှာဖြစ်ပါတယ်။
"ရွာထဲမှာရှိတဲ့ ပြသာနာလေးတွေ
ဒီလိုမျိုးမဖြစ်ရလေအောင် နောက်ကျရင် တယောက်နဲ့ တယောက် ပေါင်းပေါင်း
သင်းသင်း အတူတကွ ပူးပေါင်းဆောင်ရွက် ကြဖို့ ကျနော်စိတ်ကူး ထားပါတယ်"လို့
ခူးတော့ရယ်က ဆက်ပြောပါတယ်။
ပြည်သူလူထုအကြားမှာ
အိမ်တွင်းအကြမ်းဖက်မှုတွေ မဖြစ်ပေါ်ရလေအောင် အိမ်တွင်းငြိမ်းချမ်းမှု
တည်ဆောက်လာနိုင်ရန် အိမ်တွင်းကနေစပြီး ဦးစားပေး
လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သင် တန်းပို့ချပေးသူ မော်ညားမာက ပြောပါတယ်။
လက်ရှိပြည်သူလူထုအကြားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ "နားမလည်သေးတဲ့
အချိန်ခါမှာ ကျမတို့က လူထုတွေကို သိသွားအောင် သူတို့မိသားစုမှာ သူတို့
ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နေဖို့ အတွက် သူတို့ပတ်ဝန်းကျင်ရော သူတို့
ရွာထဲမှာရော အဲဒီငြိမ်းချမ်းရေးကို သူတို့ယူဆောင်နိုင် ဖို့အတွက်ကို ကျမတို့က လိုက်ပေးတာပေါ့နော်"လို့ မော်ညားမာက ဆက်ပြောပါတယ်။
လက်ရှိ KNWO မှ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာမှာဇွန် (၂၈) ရက်မှ
ဂျူလိုင်(၂)ရက်နေ့အထိ လူထုအလုပ်ရုံ ဆွေးနွေးပွဲပြု လုပ်ပြီးဆီးခဲ့ပြီး
ကျန်ရှိနေသေးတဲ့ ဖရူဆိုမြို့နယ်အတွင်းက ရွာငါးရွာ နဲ့
ဒီးမော့ဆိုမြို့နယ်အတွင်းက ရွာငါးရွာကိုလည်း ဆက်လက်လုပ်ဆာင်သွားမှာ
ဖြစ်ပါတယ်။
Ktime
No comments:
Post a Comment