နယ်စပ်ဝင်ပေါက်များမှ တရားမ၀င် ရောက်ရှိနေသော မှတ်ပုံတင်မဲ့ကားများ မြန်မာနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိနေ


12-7-2013
နယ်စပ်ဝင်ပေါက်များမှ တရားမ၀င် ရောက်ရှိနေသော မှတ်ပုံတင်မဲ့ (Without)
ကားများ မြန် မာနိုင်ငံ အနှံ့အပြားသို့ အကြောင်း အမျိုးမျိုးကြောင့်
ရောက်ရှိနေပြီး က.ည.န တွင် တရားဝင် မှတ်ပုံတင်ခြင်း မရှိဘဲ ဥပဒေမဲ့
စီးနင်းသွားလာ နေသည်ကို တွေ့ရှိရကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ စီးနင်းနေမှုများသည် ဥပဒေကို မျက်ကွယ်ပြုခြင်း၊ သွင်းကုန်ပို့ကုန်
ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်များဖြင့် တရားမ၀င်
မှောင်ခိုလုပ်ငန်းများ လုပ် ကိုင်ခြင်း၊ မူးယစ်ဆေးဝါးများ
သယ်ဆောင်ခြင်းများ၊ ဒုစရိုက် မှုခင်းများတွင် ပါဝင်ပတ် သက်မှု များ ရှိနေပြီး
ကြုံရာနံပါတ်များ တပ်၍ ပြည်သူလူထုကြား၌ တွင်တွင်ကျယ်ကျယ် အသုံးပြု လျက်
ရှိသည်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့်
ထိစပ်နေသည့် ကရင်ပြည်နယ် အတွင်းတွင်လည်း တရားမ၀င် မော်တော်ယာဉ်များ
ရှိနေမှုနှင့် ပတ်သက်ပြီး ''ကရင်ပြည်နယ်မှာ ပြောရရင် စီးနေတဲ့ ယာဉ်တွေက
တရားဝင် မဟုတ် ဘူး။ ရွာတစ်ရွာမှာ အစီး ၅၀ အထက် ရှိတယ်။ ဒါပေမဲ့ တရားဝင်
တစ်စီးမှမရှိဘူး။ တရား ၀င်ဖြစ်အောင် လုပ်ပေးဖို့ တောင်းထားတာလည်း ရှိတယ်။
ဒီလိုလုပ်ရင် အစိုးရလည်း အခွန်အခ ရမယ်။ ဒါပေမဲ့ ပေးလို့မရဘူး ပြောတယ်။
တောင်းထားတာ နှစ်နှစ်လောက်ရှိပြီ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနကိုလည်း ပြောတယ်။ ကရင်ပြည်နယ် ၀န်ကြီးချုပ်ကို လည်း ပြောထားတယ်။
တရားဝင်လည်း စာတင်ထားတယ်။ ကရင်ပြည်နယ် အတွင်းမှာပဲ စီးနင်းဖို့
ယာယီလက်မှတ်တွေ ထုတ်ပေးထားတာတော့ ရှိပါတယ်'' ဟုနယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး၊
အမှတ်(၃)တပ် နယ်မှူး ဗိုလ်မှူး ချုပ် စောချစ်သူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ရောက်လာသည့် လိုင်စင်မဲ့
မော်တော်ယာဉ်များသည် နယ် စပ်ဒေသတွင် လုံခြုံရေး စိုးမိုးမှုအားနည်းသော
လမ်းကြောင်းများနှင့် ရှောင်ကွင်းလမ်း တောလမ်း ခရီးများမှ
ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားဝင် ဖွင့်လှစ်ထားသည့်နယ်စပ်ဂိတ်များမှဝင်ရောက်ခြင်း မရှိကြောင်း သိရသည်။
တရားမ၀င်
ဝင်ရောက်မှုများကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသခံနယ်ခြားစောင့်တပ်၊
ပြည်သူ့ စစ် တပ်ဖွဲ့များနှင့် တာဝန်ရှိ အဖွဲ့အစည်းများ နေ့စဉ်စိစစ်
ပိတ်ဆို့ဖမ်းဆီး လျက်ရှိရာ နိုင်ငံတစ် ၀န်းတွင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၉
ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ လိုင်စင်မဲ့ မော်တော် ယာဉ် စုစုပေါင်း
၁၂၄၂ စီးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၊
ဒုတိယ ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်ခဲ့သည့်
ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ထည့်သွင်း ဖြေကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment