မြ၀တီမြို့ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဘားအံသို့ ပြောင်းရွှေ့ ဖွင့်လှစ်မည်

23-7-2013
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့်အလုပ်သမားများအတွက်ထုတ်ပေးနေသည့် မြ၀တီမြို့ ရှိယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကိုဘားအံမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်
အေဂျင်စီ အဖွဲ့ချုပ်မှ သိရသည်။
''မြ၀တီမှာ အလုပ်သမား လေးထောင်ကျော် သောင်တင်နေတဲ့ ကိစ္စကို
ပြေလည်သွားရင်တော့ ဘားအံကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်။
ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ပဲ ပြောင်းမှာပါ။ ထိုင်းကို
အလုပ်သမားတွေ ပို့ရင်တော့ နယ်စပ်ဖြစ်တဲ့ မြ၀တီကပဲ ပို့ရမှာပါ'' ဟု
ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။
''မြ၀တီမှာက နယ်စပ်ဖြစ်တော့ ပွဲစားတွေစုထားတဲ့ လူတွေက သောင်တင်နေတယ်။
ထိုင်းဘက် ကလည်း တရားမ၀င် အလုပ်သမားတွေကို လက်ခံနေတော့ အဲဒီလူတွေက
တရားမ၀င်သွားပြီး အလုပ်လုပ်တာတွေ ရှိတယ်။ နောက် ယာယီနိုင်ငံကူး
လက်မှတ်ထုတ်ပေးရေးရုံးကို ဘားအံ ကို ပြောင်းဖွင့်လိုက်မယ်ဆိုရင် တရားမ၀င်
အလုပ်သားတွေလဲ နိုင်ငံကူးလက်မှတ် လာလုပ်လို့ မရတော့ဘူး။ အဲဒီကျရင်တော့
ဒီလို သောင်တင်နေတာမျိုး မဖြစ်တော့ဘူး'' ဟု ယင်းက ဆက် လက် ပြောကြားခဲ့သည်။
မြ၀တီမြို့တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၄၅၀၀
ကျော် သောင် တင်နေမှုအပေါ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာနနှင့် ပြည်ပအလုပ်အ ကိုင် အေဂျင်စီ အဖွဲ့ချုပ်တို့ ဇူလိုင် ၂၃
ရက်တွင် မြ၀တီမြို့သို့ သွားရောက်စစ်ဆေးမည်ဟု သိရသည်။
အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ
ထိုင်းနိုင်ငံသံရုံးမှတစ်ဆင့်စိစစ်ကာလုပ်သားစုဆောင်းခွင့်ပြုထားသည့်လူဦးရေ နှစ်သောင်းကျော် ရှိပြီး လုပ်သား ၈၉၄၄ ဦးမှာ စေလွှတ်ပြီး
ဖြစ်ကြောင်း၊ ၂၇၈၇ ဦးမှာ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ချုပ်ဆိုပြီး
ဖြစ်ကြောင်းနှင့် အလုပ်သမား ၄၀၀၀ ကျော်မှာ စေလွှတ်ရန် ကျန်ရှိနေသေးကြောင်း၊
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် တရားဝင် အလုပ်သမား စေလွှတ် ခွင့် ပြု ထားသည့်
အေဂျင်စီ ၆၂ ခု ရှိသော်လည်း အမှန်တကယ် တရားဝင် စေလွှတ်နေသည့် အေဂျင်စီ က ၂၄
ခုသာ ရှိကြောင်း သိရသည်။
news-eleven
No comments:
Post a Comment