ကရင် လက်နက်ကိုင်များ အားလုံး တွေ့ဆုံ ဆွေးနွေးမည်

29.7.2013
ကရင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအတွက်တူညီသောအချက်များကိုပူးပေါင်းလုပ် ဆောင် ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကရင်
လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တွေ့ဆုံ ဆွေးနွေး မည်ဖြစ်ကြောင်း
ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) မှ ဗိုလ်ကြီးညီညီက The Voice
သို့ ပြောကြားသည်။
“ဇူလိုင် ၂၉ ရက် နောက်ပိုင်း ဆွေးနွေးမယ်” ဟု ၎င်းက ဆိုသည်။
ကရင် တိုင်းရင်းသားများ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရာတွင်
တူညီသော မူဝါဒ များကို ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်း
လုပ်ဆောင်ပြီး နောက်ဆုံးတွင် ကရင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတည်း အဖြစ်
ပူးပေါင်းနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း DKBA ဒုတိယ စစ်ဦးစီးချုပ်
ဗိုလ်ချုပ် စောမိုရှေးက ပြောကြားသည်။
ယခင်ဆွေးနွေးပွဲ
သဘောတူညီချက်များအရ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များနှင့် DKBA
တပ်သားများအကြား အငြင်းပွားမှုမျိုးကဲ့သို့ အဖွဲ့အစည်း မတူညီသည့် ကရင်
လက်နက် ကိုင် တပ်သားများ အကြား ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကရင်လက်နက်ကိုင် ပေါင်း စည်းရေး ကော်မတီက ညှိနှိုင်း ဖြေရှင်းမည် ဖြစ်ကြောင်း၊
မြေမြှုပ်မိုင်း ရှင်းလင်းရေးတွင်လည်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း
ဗိုလ်ချုပ် စောမိုရှေးက ထုတ်ဖော် ပြောကြားသည်။
ယင်းဆွေးနွေးပွဲသို့ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်
အမျိုးသား အစည်း အရုံး (KNU)နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့
တက်ရောက် ဆွေးနွေး မည် ဖြစ်သည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ
ခွဲထွက်ကာ တပ်မတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်
ရေးထိုးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင်အစိုးရတပ်နှင့်တိုက်ခိုက်မှုများ
ပြန်လည် ဖြစ် ပွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင်
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ပြန်လည် ရရှိခဲ့သည်။
The Voice Weekly
No comments:
Post a Comment