ဝ အထူးဒေသနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေဟုဆို

14.7.2013
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သော မြန်မာ
တပ်မတော်နှင့် ဝ အ ထူးဒေ သ (၂) (ဝ သွေးစည်းညီညွတ်ရေး တပ်မတော်) တို့
တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အ ဆင်ပြေသွားကြောင်းကာကွယ်ရေးဝန်ကြီးဌာနမှဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ပြောကြား သည်။
အဆိုပါအကြောင်းအရာကိုဇူလိုင်လ၁၂ရက်နေ့ကကျိုင်းတုံမြို့တွင်အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်
ဦးဆောင်သော အဖွဲ့နှင့် ဝအထူးဒေသ(၂)တို့ တွေ့ ဆုံဆွေးနွေးမှုအပြီး
မီဒီယာများနှင့် တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီးက အထက်ပါအတိုင်း
ပြော ကြားလိုက်ခြင်း ဖြစ်သည်။
“ဝ တပ်မတော်နဲ့ ကိုယ်တို့
သံသယမရှိပါဘူး။ အာဃာတ အငြိုးအတေးလည်း မရှိပါဘူး။ သူဝိုင်း ကိုယ်ဝိုင်း
ဆိုတာက အောက်ခြေမှာ တစ်ယောက်နဲ့တစ်ယောက် အထင်မှားတဲ့ သဘောလေးတွေ ရှိတယ်။
အခုလူကြီးတွေ ဆွေးနွေးလိုက်တော့ အဆင်ပြေသွားပါပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီးက
ဆို သည်။
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
ဝ အထူးဒေသ (၂) တို့ တွေ့ ဆုံးဆွေးနွေးမှု အပြီးတွင် အချက်ငါးချက်ပါသော
နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို လက်မှတ်ရေး ထိုးနိုင်ခဲ့သည်။
ယင်းသဘောတူညီချက်တွင် ဝ အထူးဒေသ (၂) သည် မြန်မာနိုင်ငံ၏ အရေး ကြီးသော
အစိတ်အပိုင်း ဖြစ်သည့်အတွက် နိုင်ငံတော်ကို သွေးခွဲခြင်း၊ ခွဲထွက်ခြင်းများ
ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဝ
အထူးဒေသ (၂) ၏ စွမ်းရည်များကို ပေးဆောင်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဝ အထူးဒေသ
(၂) ရှိ ဝ တပ်ဖွဲ့ဝင်များကို တပ်မတော်က ဆုတ်ခွာရန် ညွှန်ကြားသဖြင့်
နှစ်ဖက်တပ်များ စစ်ရေးတင်း မာမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု
ပြည်တွင်းပြည်ပ သတင်းမီဒီယာတို့တွင် ဖော်ပြထားသည်။
ဝ
သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်
ရပ်စဲရေး သဘောတူညီခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ်ကို
လက်မခံသည့် လက်နက် ကိုင် အဖွဲ့အစည်း ဖြစ်သည့်အပြင် ဝ ဒေသကို
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ပြီးခဲ့သည့် လပိုင်းက
တောင်းဆိုထားသည်။
The Voice Weekly
No comments:
Post a Comment