DKBA နယ်ခြားစောင့် တပ်ဖြစ်ပြီးနောက် အစိုးရထံမှ စီးပွားရေးလုပ်ငန်း ရယူဆောင်ရွက်နေဟု ဆို

10-7-2013
နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲပြီးနောက် စီးပွားရေး လုပ်
ငန်းများကို အစိုးရထံမှ ရယူဆောင်ရွက် နေကြောင်းDKBA-BGF မှ ဗိုလ်မှူးချုပ်စောချစ်သူက ပြောသည်။
”ခုခေတ်က အရင်ခေတ်ကနဲ့ မတူ တော့ဘူး၊ အဖွဲ့အစည်းတွေ လုပ်ရ ကိုင်
ရကျပ်လာတယ်။ အရင်က မှောင်ခို လုပ်ငန်းတွေ လုပ်ခဲ့ဖူးတာရှိတယ်။ ဝန်ခံ
ရမှာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်း အစိုး ရရဲ့ လမ်းတံတားလုပ်ငန်းတွေကို ယူ
လုပ်နေတယ်”ဟု ၄င်းက ပြောသည်။
ကရင်ပြည်နယ်အတွင်းရှိ မက်ပ
လက်တံတားမှ သောင်ရင်းမြစ်နှင့် သံ လွင်မြစ်ဆုံအထိ လမ်းပိုင်း မိုင် ၁၈ဝ
ဖောက်လုပ်ခွင့်ကို ရရှိထားပြီး DKBA-BGF ကုမ္ပဏီ ၉ ခု ဖွဲ့စည်းထူထောင် ထားကာ
ယင်းကုမ္ပဏီများသည် ကား ငှားရမ်းရောင်းဝယ်ခြင်း၊ မင်းဝံ၊ ဘီး လင်း ဒေသတွင်
ရွှေတူးေ ဖ်ာခြင်း၊ ခ နောက်စိမ်း၊ ဂေါ်ဒန်ကျောက် ထုတ်လုပ် ရေးလုပ်ငန်းများ၊
ခရီးသွားဝန်ဆောင်မှု လုပ် ငန်းများကို လုပ်ကိုင်နေကြောင်း သိရသည်။
ဆက်လက်၍ အစိုးရပိုင်မြေများ ငှားရမ်းကာ ဟိုတယ်ဆောက်လုပ်သွား ရန်လည်း
စီစဉ်ဆောင် ရွက်နေပြီး ခရီး သွားလုပ်ငန်းတွင် ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်ရန်
ကြိုးပမ်းနေကြောင်း ဗိုလ်မှူးချုပ်စောချစ်သူက ပြောသည်။
ဘားအံစက်မှုဇုန်တွင်လည်းအထည်ချုပ်စက်ရုံ နှစ်ရုံဆောက်လုပ်နေပြီးတစ်ရုံမှာပြီးစီးပြီဖြစ်သော် လည်း လုပ် ငန်းလည်ပတ်နိုင်မှု မရှိသေးေ ကြာင်း၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် အိမ်စီးကားအစီးရေ ၁ဝဝ
ကျော်တင်သွင်းရန် တင်ပြထားပြီး ဖြစ်သော်လည်း ခွင့်ပြု ချက် ကျမလာ
သေးကြောင်း ၄င်းထံမှ သိရသည်။
DKBA-BGF အနေဖြင့် စီးပွား
ရေးလုပ်ငန်းများမှ ရရှိလာသော ဝင်ငွေ များကို ယခင်က ၄ဝ ရာခိုင်နှုန်းကို စစ်
ဘက်ဆိုင်ရာ အသုံးစရိတ်အဖြစ် ထားရှိ ပြီး ၆ဝ ရာခိုင်နှုန်းကို
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်သုံးစွဲနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်စီးပွားရေးလုပ်ကိုင်မှုခက်ခဲလာခြင်းကြောင့် ရာခိုင်နှုန်းအတိ အကျ
သတ်မှတ်မထားရှိနိုင်တော့ဘဲ လို အပ်သောနေရာတွင် လိုအပ်သလောက်
အသုံးပြုလုပ်ကိုင်နေရကြောင်း ၄င်းက ဆိုသည်။
ဝေယံမိုးမြင့်
Popular Myanmar News Journal
No comments:
Post a Comment