ဘားအံစက်မှုဇုန်ရှိ UMH အထည်ချုပ် စက်ရုံတွင် ဇူလိုင်လ တစ်လအတွင်း လုပ်သားဦးရေ သိသာစွာမြင့်တက် လုပ်သားအများစု အနေဖြင့် ထိုင်းမှ အပြီးပြန်လာပြီး အခြေတကျ နေထိုင်လုပ်ကိုင်ခြင်းဖြစ်
29-7-2013
ဘားအံစက်မှုဇုန်ရှိ
UMH အထည်ချုပ် စက်ရုံတွင် ဇူလိုင်လ တစ်လအတွင်း လုပ်သားဦးရေ ယခင် ၁၅၀
ရှိရာမှ ဦးရေ ၂၅၀ အထိ သိသိသာသာ မြင့်တက်မှု ရှိနေပြီး လုပ်သားအများစု
အနေဖြင့် ထိုင်းနိုင်ငံမှအပြီး အပိုင်ပြန်လာပြီး အခြေတကျ
နေထိုင်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
''ထိုင်းနိုင်ငံအတွင်း စက်ရုံတချို့ဟာ စီးပွားရေး တွက်ခြေမကိုက်လို့
ပိတ်ထားမှုတွေ ရှိနေတယ်။ ဒီကိုပြန်လာတာ လုပ်အားခ ညီမျှမှု မရှိတာက
တစ်ကြောင်းပေါ့။ တစ်နေ့လုပ်အားခ ဘတ် ၃၀၀ သတ်မှတ်တယ် ဆိုပေမယ့် ဘတ် ၂၀၀
ရတဲ့သူ ဘတ် ၁၅၀ ရတဲ့သူတွေက အများကြီး အထူး သဖြင့် တာ့ခ်ခရိုင်ဘက်က စက်ရုံတွေ
ဒီလုပ်အားခပဲ ပေးတာများတယ်။ ပြန်တွက်ရင် အခန်းငှား ခ၊ မီတာခ၊
စားစရိတ်တွေပေါင်းရင် သိပ်ပြီး တွက်ခြေမကိုက်ဘူး။ ဒါကြောင့်
အပြီးပြန်လာ ကြသူတွေ များလာတယ်'' ဟု UMH အထည်ချုပ် စက်ရုံတွင်
ဝင်ရောက်လုပ်ကိုင်နေသူ ထိုင်းနိုင် ငံပြန် အထည်ချုပ် လုပ်သားတစ်ဦးက
ပြောကြားသည်။
UMH အထည်ချုပ် စက်ရုံတွင် ဇူလိုင် ၂၂ ရက်က
ထုတ်ပြန်စာရင်း ဇယားအရ လုပ်သားဦးရေ ၂၅၀ အထိရှိနေပြီး ၀င်ရောက်
လုပ်ကိုင်သော လုပ်သားအသစ်များအား စက်ရုံအတွင်း၌ တစ် လလျှင် နှစ်ကြိမ် ( ၁၄
ရက်တစ်ပတ်) သင်တန်းဖွင့်လှစ်ပေးပြီး ဂျပန်နည်းပညာဖြင့် လက်တွေ့ သင်ကြား
ပြသသွားမည်ဖြစ်ကာ သင်တန်းဆင်းပြီးပါက (operator) ကျွမ်းကျင် A,B,C
အဆင့် ခွဲခြား၍ တစ်လလျှင် လစာကျပ် ၇၅,၀၀၀ မှ ၈၅၀၀၀ အထိ ရရှိမည်ဖြစ်သည်။
''ထိုင်းက ပြန်ရောက်လာသူ အများစုဟာ အထည်ချုပ် အတတ်ပညာကို
ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သူ များတဲ့အတွက် A အဆင့် သတ်မှတ်ပေးပြီး
လစာကျပ် ၈၅၀၀၀ ကနေ စတင်ပေး ပါတယ်။ တကယ်ကျွမ်းကျင် supervisor
တစ်ဦးဖြစ်လာရင် ကျပ် ၂၀၀,၀၀၀ ကနေ ကျပ် ၃၀၀,၀၀၀ အထိ လစာပေးပါ့မယ်။
စက်ရုံကို တည်ထောင်တာကလည်း ဒေသအတွင်း အလုပ်ကိုင် ပေါများဖို့နဲ့
ထိုင်းနိုင်ငံရောက် လူငယ်လူရွယ်တွေ အတွက် အလုပ်အကိုင် အခွင့်အ လမ်း
ရရှိစေဖို့ ရည်ရွယ်တာပါ'' ဟု UMH အထည်ချုပ် စက်ရုံပိုင်ရှင် ဦးမြင့်ဌေး က
ပြောကြား သည်။
Eleven Media Group
No comments:
Post a Comment