address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Wednesday, August 14, 2013
ငြိမ်းချမ်းရေး ပွဲတော် တွေကို ၂ လ တစ်ကြိမ် ပြုလုပ်မည်
14.8.2013
မြန်မာနိုင်ငံမှာ လူသိန်းပေါင်းများစွာ ဒုက္ခဝေဒနာတွေ ခံစားနေရတာဟာ ငြိမ်းချမ်းရေးကို အဓိက လို အပ်နေလို့ပါ။ ပြည်သူတွေ ခံစား နေတာကို
ပြည်သူချစ် အနုပညာရှင် တွေက ဇူလိုင်လမှာငြိမ်းချမ်းရေး ပွဲတော် တစ်ခု ကျင်းပခဲ့ပါတယ်။ ပွဲ ဖြစ်မြောက်ရေးကို အဓိကထား လုပ်ဆောင်နေတဲ့ ဇာဂနာက“ဒီငြိမ်း ချမ်းရေးပွဲ စလုပ်တာကတော့ ရခိုင်ကော်မရှင်မှာလုပ်ရင်း စဖြစ်ခဲ့တာပါ။
အထူးသဖြင့် ထောင်က ထွက် လာပြီး ဒီကော်မရှင်မှာ ပါဝင်ကတည်းက အဖွဲ့ကပါတဲ့ လူတွေ ပြော ကြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ် သက်ပြီး လုပ်ပါ။ ငြိမ်းချမ်းရေးက ပျောက်နေတယ်။ စစ်တိုက်နေကြ တယ်။ ဒုက္ခသည်တွေ ဖြစ်ကြ တယ်။ ဒီဒုက္ခသည်ကို ကယ်တင်တဲ့ သူက တကယ် တိုက်တဲ့သူတွေ မဟုတ်ရင် ကယ်လို့ ဆုံးမှာမ ဟုတ် ဘူး။ တိုင်းပြည် မှာရှိတဲ့ အစိုးရဘက်ရော၊ တိုင်းရင်းသားဘက်ရော ငြိမ်းချမ်းရေးကိုမေ့ နေကြတာ လား ပေါ့။ အဲဒါ ကြောင့် ငြိမ်းချမ်းရေးကို အားလုံး သတိရဖို့ အတွက် ဒီပွဲကိုလုပ်ဖို့ စိတ်ကူး ရသွား တယ်။ အကောင်အထည်လည်းဖော်လိုက်တယ်။ အစကတော့ လူရွှင် တော်တွေပဲ လုပ်မယ်ပေါ့။
ဒါပေမဲ့ အနုပညာလို့ပြောရင် အားလုံးပါစေချင်တယ်လေ။ ငြိမ်းချမ်းရေး ရဲ့ တံဆိပ်အမှတ်အသားက ကြည့်လိုက်တာနဲ့ တကယ် ငြိမ်းချမ်းတယ်။ ဒီလို ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကြည့်လိုက် တာ နဲ့ မျက်စိထဲ စွဲသွားမယ်။ အဓိက ကျွန်တော် တို့တိုင်းပြည်က နေရာတိုင်းမှာ ငြိမ်းချမ်းရေး လိုအပ်နေတယ်။
လုံခြုံရေးမရှိရင် ငြိမ်းချမ်းရေးမရှိဘူး။ငြိမ်းချ
မ်းရေးမရှိရင် ယုံကြည်မှုပါပျောက်နေတယ်။ အရေးကြီး ဆုံး က ပြည်သူလူထု သန်း ၆ဝ အတွက် ငြိမ်းချမ်း ရေးပဲ။ ဒုက္ခသည် အရေအတွက်က စာရင်းအရ၊ ၂သိန်း၇သောင်းလောက်ရှိတယ်။ အများကြီး ကျန်သေးတယ်။ ဒီလူတွေအတွက် လိုအပ်တာ ငြိမ်း ချမ်းရေး ပါပဲ။ နောက် နှစ်လ တစ်ခါထပ်လုပ်ဖို့လည်းရှိတယ်။
စက်တင်ဘာမှာလည်း ထပ်လုပ်မယ်။ တစ်နိုင်ငံလုံးကို ပတ်ဖို့လည်း အစီအစဉ်တွေ ရှိတယ်။ ကဏ္ဍတွေ အ စုံပါမယ်” လို့ ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ငြိမ်း ချမ်းရေးပွဲမှာ ကပြဖျော်ဖြေခဲ့တဲ့ ကျောင်းသား များဖြစ်တဲ့ CJ အဖွဲ့ကလည်း “ဒီ ငြိမ်းချမ်းရေး ပွဲက ပထမဆုံးလုပ်တဲ့အခါမှာပဲ ပါဝင်ခွင့်ရတဲ့အတွက် CJ အဖွဲ့ကလည်း ဂုဏ်ယူပါတယ်။ ငြိမ်းချမ်း ရေးဟာ တအားကို အရေးပါပါတယ်။
အခု ဒီမိုကရေစီ လမ်းပေါ်သွားနေတဲ့အခါမှာ တအားလိုအပ်ပါတယ်။ ကျွန်တော် တို့နိုင်ငံက သူများတွေ ထက် ခေတ်နောက်ကျပါတယ်။ ဒါကြောင့် ဒီမိုကရေစီအတွက် ငြိမ်းချမ်းရေး လိုပါတယ်။ ကျွန်တော် တို့က ကျောင်း သားတွေဆိုတော့ နောက်ပွဲတွေက စာမေးပွဲနဲ့ တိုက်နေရင်တော့ မကနိုင်လောက်ဘူး။ အ ခွင့်အရေး ပေးရင် ကမှာပါ” လို့ အဖွဲ့ဝင်တစ်ဦးက ပြောပြ ခဲ့ပါတယ်။
Popular
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment