ခြေလက်အတု အခမဲ့တပ်ဆင်ပေးခြင်း လူထုအတွင်း ကျယ်ပြန့်စွာသိအောင် ဆောင်ရွက်မည်

8.8.2013
အခမဲ့ ခြေတုလက်တုတပ်ဆင် ပေးခြင်းကို လူထုအတွင်း ကျယ်ကျယ်
ပြန့်ပြန့်သိရှိအောင် ဆောင် ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေ
နီ အသင်းမှ သိရသည်။
''တချို့က
သိလို့လာကြတာရှိ တယ်။ မသိတဲ့လူတွေလည်းမလာနို င်ကြ ဘူး။ အဲဒီတော့
တစ်ရာရှိ ရင်တစ်ရာလုံးလာနိုင်အောင်လို့ပါ''ဟု မြန်မာ နိုင်ငံကြက်ခြေနီအသင်းအကျိုးဆောင် ဒေါက်တာ လှဖေ က ပြောသည်။
လက်ရှိတွင်
အဆိုပါလုပ်ငန်းကို သိသူရှိသလို မသိသေးသူများလည်း ရှိ သဖြင့်
လူထုပိုမိုကျယ်ပြန့် စွာသိရှိနိုင် စေရန်လူထုအခြေပြုကျန်းမာရေးနှင့်
ရှေးဦးပြုစုခြင်းစီမံချက်တွင်ထည့်သွင်း ဆောင် ရွက်ရန် စီစဉ်နေကြောင်း
မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
မြန်မာနိုင်ငံ
ကြက်ခြေနီအသင်း နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့ ပူးပေါင်း၍
ဘားအံ ခြေတုလက်တုဆိုင် ရာ ပြန်လည်သန်စွမ်း ရေး စင်တာကို ဖွင့်လှစ်ကာ
ဒေသငါးခု ရှိ ခြေ တုလက်တုတပ်ဆင်လိုသူများကို အခမဲ့ တပ်ဆင်ပေးလျက်ရှိသည်။
ဘားအံခြေတုလက်တုဆိုင်ရာ ပြန် လည်သန်စွမ်းရေး စင်တာမှအခမဲ့တပ်ဆင်ပေးနေသော ဒေသ ငါးခုမှာ ကရင်၊ မွန်၊ ကယား၊ တနင်္သာရီနှင့် ပဲခူးတိုင်းဒေ
သကြီး အရှေ့ပိုင်းတို့ဖြစ်သည်။
''အဲဒီနေရာတွေကို ရွေးဖြစ်တာက
ဝေးလံခက်ခဲတဲ့ နယ်စပ်ဒေသမှာ ရှိတဲ့ အကြောင်း အမျိုး မျိုးကြောင့် ခြေလက်
အင်္ဂါချို့ယွင်းသူတွေကို တပ်ဆင်ပေး နိုင်အောင်လို့ပါ'' ဟု ယင်းစင်တာ မန်
နေဂျာ ဒေါ်ခင်ခင်စိုး က ပြောသည်။
တစ်နှစ်လျှင် ခြေတု ၉ဝဝ ခန့်
တပ်ဆင်ပေးရပြီး အများဆုံးမှာ မိုင်းထိ ခြင်း၊ ယာဉ်တိုက်ခြင်း စသော ထိခိုက်
ဒဏ်ရာရမှုများဖြစ်ကြောင်း၊ ဒုတိယ အများဆုံးမှာ သွေးကြောပိတ်ခြင်း၊ ကင် ဆာ၊
ဆီးချိုစ သည့် ရောဂါများ ကြောင့် ခြေထောက်ဖြတ်ရသည့် အ တွက်ခြေတုတပ်ဆင်ပေး ရခြင်းဖြစ် ကြောင်း ဒေါ်ခင်ခင်စိုးက ပြောသည်။
ခြေတုတပ်ဆင်ပေးခြင်းအပြင် ပို လီယိုကြောင့်သော်လည်းေ ကာင်း၊ ခြေ
ထောက်သိမ်နေ၍သော် လည်းကောင်း၊ ခြေထောက်အားမရှိဘဲ ပေါင်တွင် အား
ကျန်ရှိသူများဆိုပါကလည်း အကူကိရိ ယာတပ်ဆင်ပေးခြင်း၊ ချိုင်းထောက်၊
လက်ထောက်၊ဘီးတပ်ကုလားထိုင်တို့ကို ပေးအပ်ခြင်းများ လည်း ပြုလုပ်လျက်ရှိ ကြောင်း ၄င်းက ပြောသည်။
အသုံးပြုသော ခြေတုလက်တုနှင့်အခြားအကူကိရိယာအားလုံးကိုဂျီနီဗာမှမှာယူခြင်းဖြစ်ပြီး ခြေဖ ဝါးအတုကိုမူ ရေမြေသဘာဝနှင့် ကိုက်ညီမှ အဆင်
ပြေမည်ဖြစ်သည့်အတွက် ပြည်တွင်းဖြစ် ကို အသုံးပြုကြောင်း သိရသည်။
ခြေတုတပ်ဆင်သူများကို ရွာမှ ဘားအံအထိ အသွား၊ အပြန်လမ်း စရိတ် ပြန်ပေးသည့်အပြင် စင် တာ၌ပင် နေစ ရာစားစရာပေး၍ တပ်ဆင်ပေးခြင်းဖြစ် သည်။
ယင်းခြေတုလက်တုအခမဲ့ တပ်ဆင်ခြင်းလုပ်ငန်းကို၂ဝဝ၂ခုနှစ်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခု အချိန်အထိ လူဦးရေ ၅ဝဝဝ ကျော်ကို
တပ်ဆင်ပေးပြီးဖြစ်သည်။
Popular Myanmar News Journal
မြတ်စုငြိမ်း
No comments:
Post a Comment