လက်ပံတောင်းအရေး လှုပ်ရှားသည့် ဒေါ်နော်အုန်းလှကို ဆူပူအောင်လှုံ့ဆော်မှုဖြင့် တရားစွဲမည်

15.8.2013
လက်ပံတောင်းတောင်စီမံကိန်းလုံးဝရပ်ဆိုင်းပေးရေးအတွက် ဒေသခံများနှင့်အတူဆန္ဒပြခဲ့သော ဒေါ်နော် အုန်းလှ အား ဒေသတည်ငြိမ်မှုကို ပျက်ပြားစေရန်
လှုံ့ဆော်နေသူအဖြစ် အာဏာပိုင်က စွပ်စွဲရာ ပြစ်မှု ဆိုင် ရာ ဥပဒေပုဒ်မ
၅၀၅(ခ)ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှတ်တမ်း များ တွင် ဖော်ပြထားသည်။
ယင်းရဲမှတ်တမ်းများတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအကြောင်းပြလျက် ဒေသ တွင်း တည်ငြိမ်မှုပျက်စေရုံသာမက အစိုးရကို
အကြည်ညိုပျက်စေရန် ဥပဒေမဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ စီတန်း လှည့်လည်ခြင်း
ပြုလုပ်ခဲ့သူအဖြစ် ဒေါ်နော်အုန်းလှကို စွပ်စွဲထားသည်ကိုလည်း တွေ့ရသည်။
၎င်းကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်စိုးက
တရားလိုပြုလုပ်၍ တိုင်တန်းထားခြင်း ဖြစ် သည် ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။
ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာ သြဂုတ် ၁၃ ရက်က
မုံရွာမြို့ပေါ်တွင် ကြေး နီစီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊
ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ် နင်းခဲ့သည့် ရဲများအား
အရေးယူပေးရေး စသည်တို့ကို တောင်းဆိုဆန္ဒပြခဲ့ရာ ၎င်းအပါအ၀င် ဆန္ဒပြသူ ၁၀ ဦးကို
ရဲများက ဖမ်းဆီးခဲ့သည်။
သို့သော် ၎င်းတို့ကို ဖမ်းသွားသဖြင့်
ဆန္ဒပြသူများက ရဲစခန်းရှေ့တွင် ဆက်လက် တောင်းဆိုမှုများပြု လုပ်နေရာ ရဲများက
ဒေါ်နော်အုန်းလှမှအပ ဒေသခံရွာသူ ကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး နောက်
တစ်နေ့ တွင်မူ ၎င်းကို ဆူပူ အုံကြွအောင် လှုံ့ဆော်မှုဖြင့်
မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရား စွဲရန်
ပြင်ဆင်ခြင်းဖြစ်သည်။
ဒေါ်နော်အုန်းလှသည်ယင်းဆန္ဒပြပွဲ ပြုလုပ်ရန်သက်ဆိုင်ရာအာဏာပိုင်တို့ထံအကြိမ်ကြိမ်ခွင့်ပြုမိန့် တောင်း ခံ
ခဲ့သည်ဟုလည်း အဖမ်းမခံရမီက ပြောကြားခဲ့ဖူးသည်။
လက်ရှိတွင်
မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးခြင်းခံထားရပြီဖြစ်သည့် ဒေါ်နော်အုန်းလှက
အဖမ်းမခံရမီ က ဒေသခံများကို “ကျွန်မတို့ ဆန္ဒပြဖို့၊ လိုအပ်ချက်တွေကို
ဥပဒေဘောင်အတွင်းကနေ တောင်းဆိုဖို့၊ မှားယွင်းနေတာတွေကို ထောက်ပြဖို့၊
သက်ဆိုင်ရာကို စာတင်ခဲ့တာ ကိုးကြိမ်ရှိခဲ့ပါပြီ။ ခွင့်ပြုချက်မရခဲ့ ပါဘူး။
မရရင်လည်း ကျွန်မလုပ်သင့် တာကို ဆက်ပြီး လုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
လက်ပံတောင်းတောင်ဒေသမှ အငြင်းပွားဖွယ်ကြေးနီစီမံကိန်းသည် နိုင်ငံသားအားလုံး၏အရေးဖြစ်သည် ဟု တက်ကြွ လှုပ်ရှားသူများဘက်မှ သုံးသပ်ပြောဆိုမှုများရှိသကဲ့သို့
အာဏာပိုင်များကလည်း လက် ပံတောင်းအရေးကိစ္စကို အကြောင်းပြ၍ ဒေသခံမဟုတ်သူများက
ရွာသားများကို လာရောက် သွေးထိုး လှုံ့ဆော်နေသည်ဟု တုံ့ပြန်ပြောကြား
မှုများလည်း ရှိနေသည်။
Mizzima
No comments:
Post a Comment