မုတ္တမ ရေလယ်ကျွန်းမြေ တစ်ဧက သိန်း တစ်ရာကျော် ဈေးပေါက်

14.8.2013
မွန်ပြည်နယ် အစိုးရက ဟိုတယ် ဆောက်လုပ်ခွင့် ပြုထားသော မုတ္တမနှင့်
မော်လမြိုင်မြို့ကြား သံ လွင်မြစ်ကြောင်းအတွင်း ရေလယ်ကျွန်း များသည် တစ်ဧက
ကျပ် သိန်းတစ်ရာကျော်နှင့် အရောင်း အဝယ် ဖြစ်နေကြောင်း အဆိုပါကျွန်း
ရောင်းချထားသူများထံမှ သိရှိရသည်။
မုတ္တမ ဟိုတယ်ဇုန် အနီးရှိ ဆင်တိုက်ကျွန်း၌ သြဂုတ်လ ဒုတိယပတ် တွင်
နေပြည်တော်မှ အမည် မဖော်လိုသူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက တစ်ဧကကို ကျပ်
၁၂၅ သိန်းပေးပြီး ရှစ်ဧကခန့် ဝယ်ယူ သွားကြောင်း မုတ္တမ မြို့ခံများက
ပြောကြားသည်။
အဆိုပါ ကျွန်းများတွင် ဟိုတယ် ဆောက်လုပ်ခွင့်
ပြုကြောင်း မွန်ပြည်နယ် အစိုးရက ထုတ်ပြန် ကြေ ညာပြီးနောက် မြေ တစ်ဧကကို ကျပ်
သိန်းလေးဆယ်မှ ကျပ် သိန်းတစ်ရာကျော်ထိ ဈေးပေါက်ခဲ့သည်။
မုတ္တမနှင့် မော်လမြိုင်မြို့ကြားရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ဧက
လေးဆယ်ကျော်ကျယ်ဝန်း သည့် ကျွန်းပေါင်း ၁၀ကျွန်းရှိကြောင်းကျွန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါက်တာသန်းဦးက ပြောကြားသည်။
အဆိုပါ ကျွန်းများကို ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ဟိုတယ်
လုပ်ငန်းစုများ ကလည်း လာရောက် ဝယ်ရန် လေ့လာမှုများ ပြုလုပ် ခဲ့ကြောင်း
မော်လမြိုင် မြို့မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ဆို သည်။
မွန်ပြည်နယ် မုတ္တမ တောင်တန်း အရှေ့ဘက်ခြမ်းနှင့် ရေလယ်ကျွန်း အချို့ ကို
ပြည်နယ် အစိုးရက ဇွန်လအတွင်း ဟိုတယ်ဇုန် တည်ဆောက်ခွင့် ပေးခဲ့ သည်။
ွှThe Voice
No comments:
Post a Comment