အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရ
6.8.2013
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်း
တစ်ကျောင်းတွင် အသေး စား ဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကာ ဗုံး
တစ်လုံး ပေါက်ကွဲခဲ့ပြီး ကျန်နှစ်လုံးမှာ မပေါက်ကွဲ ခဲ့ကြောင်း Jakarta post
သတင်းစာက ရေးသား ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး အင်ဒိုနီးရှား
ရဲတပ်ဖွဲ့နှင့် အစိုးရတို့က အဆို ပါ ပြစ်မှု ကျူးလွန်သူများကို
ရှုတ်ချလိုက်သည်။
အဆိုပါ ပေါက်ကွဲမှုသည် မြို့တော် ဂျာကာတာ
အနောက်ပိုင်း ဧကယနဂါဟ ဘုရားကျောင်းတွင် တနင်္ဂနွေနေ့ ညက ဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး သာသနိက အဆောက်အအုံ ရှေ့မျက်နှာစာ တံခါးအနီး ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်းရဲချုပ်ဆူတာမန်ကအခင်းဖြစ်ရာ နေရာအနီးတွင်သတင်းထောက် များကို ပြောကြားသည်။
နောက်ထပ် ဗုံး တစ်လုံးမှာ
နောက်ဘက် တံခါး အနီးတွင် မီးခိုးများ ထွက်လာ ပြီး မပေါက်ကွဲခဲ့ဘဲ
ဘုရားကျောင်း အတွင်းတွင်လည်း မပေါက်ကွဲသေးသော နောက်ထပ် ဖောက်ခွဲရေးပစ္စည်း
တပ် ဆင်ထားသည်ကို တွေ့ရှိရသည်။
အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သည့် အဖွဲ့အစည်း ရှိနေသည်ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
“အခုဆိုရင် အကြမ်းဖက်သမားတွေဟာ ခရစ်ယာန် ဘုရားကျောင်းတွေကို
တိုက်ခိုက်နေတာ ကေ န ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေဘက်ကို ပစ်မှတ်ပြောင်း
တိုက်ခိုက်နေကြပါပြီ” ဟု ရဲချုပ် ဆူတာမန် က ဆိုသည်။
ယင်းသို့
အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်များ တိုက်ခိုက်ခံနေရခြင်း သည် မြန်မာနိုင်ငံရှိ
ဘာသာရေး အဓိကရုဏ်းများကြောင့် ဖြစ်ကြောင်းလည်း အဆိုပါ ရဲတပ်ဖွဲ့ အကြီးအကဲက
ထောက်ပြ သွား သည်။
ယင်းပဋိပက္ခများကြောင့် အင်ဒိုနီးရှားရှိ မွတ်ဆလင်
စစ်သွေးကြွများက ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထားလာကြပြီး ဗုဒ္ဓ သာသနာနှင့်
သက်ဆိုင်သည့် နေရာများကို တိုက်ခိုက်မည်ဟု တန်ပြန် ကြုံးဝါးခဲ့သည်။
ပြီးခဲ့သည့် မေလ အတွင်းကလည်းအင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကိုဗုံးထောင်ခဲ့ဖူးပြီး ယင်းသို့ ပြုလုပ်သူ နှစ်ဦးကို
ဖမ်းဆီးထားသည်။
အင်ဒိုနီးရှားသည် ကမ္ဘာ့မွတ်ဆလင်လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီးအများစုမှာအစွန်းမရောက်ကြ ဘဲအလယ်အလတ်လမ်းစဉ်ကိုသာကျင့်သုံးကြကာအရှေ့တောင်အာရှတွင်လည်း အောင်မြင်သော ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်လျက် ရှိသည်။
The Voice Weekly
No comments:
Post a Comment