ပန်းတနော် ရိုးရာချည်ဖြူဖွဲ့ပွဲ ထင်မှတ်ထားသည်ထက် တက်ရောက်သူ များပြား

13.8.2013
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက
ကြီးမှူး၍ ကရင့် ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ အခမ်းအနားကို
ပထမဆုံးအကြိမ်အဖြစ် ပန်းတနော်မြို့၊ မြို့သစ်ရပ်ကွက် ရှိ
အောင်သပြေဘိုးဘွားရိပ်သာ၌ယနေ့ကျင်းပရာထင်မှတ်ထားသည်ထက်ပါဝင်ဆင်နွဲသူများပြားကြောင်း သိရသည်။
“ဒီဘက်တွေမှာတစ်ကြိမ်တစ်ခါမှကျင်းပဖူးတာမရှိတော့လူ၂၀၀လောက်ပဲမှန်းထားတာအခု၅၀၀ကျော်လောက်ရောက်လာ တယ်။လာတဲ့သူတွေအားလုံးကလည်းဒီဟာကို တော်တော်စိတ်ပါဝင်စားကြတာကို တွေ့ရလို့ဝမ်းသာကျေ နပ်မိပါတယ်”ဟု၎င်းကြီးမှူးကျင်းပရေးကော်မတီ၏အတွင်းရေးမှူးဖြစ်သူမန်းသိန်းရွှေက ကေအိုင်စီသို့ ပြော သည်။
၎င်းချည်ဖြူဖွဲ့ မင်္ဂလာပွဲသို့ ဧရာဝတီတိုင်းအတွင်းရှိ
အခြားမြို့နယ်များဖြစ်သော ညောင်တုန်း၊ ကျောင်း ကုန်း၊ အိမ်မဲ၊ ဓနုဖြူ၊
ဝါးခယ်မ၊ မြောင်းမြ မြို့နယ်များမှ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ
ကိုယ် စား လှယ်များ၊ ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ
အဖွဲ့ဝင်များနှင့် ကရင်လူ ငယ်မောင်မယ်များ တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ယနေ့နံနက် ၉နာရီ၌ စတင်ခဲ့သည့် အခမ်းအနားတွင် တက်ရောက်လာသည့် ရန်ကုန်တိုင်း
ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်က အမှာစကားပြောခြင်း၊
သက်ကြီးဝါကြီးများက ရိုးရာ ချည်ဖြူ ဖွဲ့ခြင်းအကြောင်း
ရှင်းပြခြင်း၊ လူငယ်မောင် မယ်များအား ဆုတောင်းပေးခြင်းနှင့်
ချည်ဖြူ ဖွဲ့ခြင်း အမှုကို ပြုလုပ်ခဲ့ကြပြီးနောက် နေ့လည် ၁၂နာရီတွင် အခမ်းအနား
ပြီးဆုံးခဲ့ သည်။
ချည်ဖြူဖွဲ့ပွဲတွင် ပါဝင်ဆင်နွှဲသည့်
ကရင်လူငယ်တစ်ဦးက “ဘိုးဘေးတွေကထားခဲ့တဲ့ အမွေအနှစ်တစ်ခု ကို
ပြန်လည်သိခွင့်ရတာ ၀မ်းသာသလို ဂုဏ်လည်းယူပါတယ်၊ အခုလိုလုပ်တော့
လူငယ်အချင်းချင်း လည်း ရင်းနှီးမှုပိုရတယ်။ ဒီဟာကို ထိန်းသိမ်းဖို့က
ကျနော်တို့မှာ တာဝန်ရှိတယ်လို့လည်း ခံစားမိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခု ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပရာတွင် အစီအစဉ် စနစ်တကျမရှိခြင်းနှင့်
ငွေကြေးအခက်အခဲ အနည်း ငယ် ရှိသော်လည်း လာမည့်နှစ်များတွင် ယခုထက်ပိုပြီး
အစဉ်အလာမပျက် ကျယ်ကျယ်ပြန့်ပြန့် ဆက် လက် ကျင်းပသွားရန် ကြိုးစားသွားမည်ဖြစ်
ကြောင်း မန်းသိန်းရွှေက ပြောသည်။
ကရင်လူမျိုးအများအပြား
နေထိုင်ရာ မြစ်ဝကျွန်းပေါ်ဒေသရှိကရင်လူမျိုးများအကြားတွင်အရိုးကောက်ခြင်း ၊
ဘိုးဘွားမိဘကျေး ဇူးကို ပြန်လည်အမှတ်ရသည့်အနေဖြင့် နတ်စားခြင်း
ရိုးရာထုံးတမ်းဓလေ့များကို ပြု လုပ်နေသော်လည်း ကြံ၊ ထမင်းဆုပ်၊ ပန်း ခက်၊
ရေအေး၊ ကောက်ညှင်းဖင်ချွန်၊ အုန်းသီးနှင့်ငှက်ပျောသီး စ သည့်ပစ္စည်း ၇မျိုး
အဓိက ပါဝင်လုပ်ဆောင်သည့် ချည်ဖြူဖွဲ့ မင်္ဂလာပွဲကိုမူ နေအိမ်များ၌သာ
ပြုလုပ် ခဲ့ကြသည်။
ကရင်လူမျိုးများ ယုံကြည်သော အယူအဆအရ
ပြုလုပ်သောချည်ဖြူဖွဲ့ခြင်းအမျိုးမျိုးရှိပြီးကလေး များ
မွေး ဖွား သန့်စင်သည့်အခါ ဖြစ်စေ၊ ရပ်ဝေခရီးသွား/ပြန်သည့်အခါဖြစ်စေ
ပြုလုပ်ကြသလို လက် ထပ် ထိမ်းမြားခြင်း၊ စိတ်ခြောက်ခြားခြင်း၊
နာမကျန်းဖြစ်ခြင်း၊ အသုဘချပြီးနောက် ကျန်ရစ်သူမိသားစုများအ တွက်
ချည်ဖြူဖွဲ့ခြင်းများ ပြုလုပ်လေ့ရှိသကဲ့သို့ ၀ါခေါင်လချည်ဖြူဖွဲ့ခြင်းမှာ
ကရင် လူမျိုးများ စည်းလုံးညီ ညွှတ်ရေးအတွက် အရေးကြီးဆုံးဖြစ်သည်။
KIC (Karen Information Center)
No comments:
Post a Comment