ရှစ်လေးလုံးအခမ်းအနား လာတက်သည့် ကလို့ထူးဘောစစ်ဌာနချုပ်မှ ကိုယ်ရေးအရာရှိတစ်ဦး လက်နက်အသိမ်းခံထားရ

12.8.2013
သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသည့်
ရှစ်လေးလုံး ငွေရတု အ ထိမ်းအမှတ် အခမ်းအနား လာရောက်သည့် ကလို့ထူးဘော
စစ်ဌာနချုပ်မှ ကိုယ်ရေးအရာရှိတစ်ဦး ၏ သေနတ် သိမ်းဆည်းခံလိုက်ရကြောင်း
သိမ်းဆည်းခံရသည့်သူက မဇ္ဈိမသို့ သြဂုတ် ၁၁ ရက် တွင် ပြောသည်။
အဆိုပါ ပစ္စတိုသေနတ်မှာ ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ အခြေစိုက် DKBA-5
ကလို့ ထူးဘော စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး၏ ကိုယ်ရေးအရာရှိ ဗိုလ်စောရဲလှိုင်၏
သေနတ်ဖြစ်သည်။ ၎င်းသည် သြဂုတ် ၆ ရက်က သန်လျင်သို့ အလည်သွားခဲ့ရာ ပြဿနာတစ်ခု
ဖြစ်ပွားစဉ် ယင်းသေ နတ်ကို ကိုင်ဆောင်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာ
ရဲတပ်ဖွဲ့မှ သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်စောရဲလှိုင်က ပြောသည်။
သြဂုတ် ၆ရက်တွင် သန်လျင်ရှိအသိအိမ်သို့ သွားရောက်သည့်လမ်းတွင်
ကားတစ်စီးကပိတ်ရပ်ပြီး တုတ်၊ တူများ ကိုင်ထားသည့် လူသုံးယောက်က
ရန်ပြုရန်ပြုမူသဖြင့် မိမိကိုယ်ကိုယ် ကာကွယ် ရန် သေနတ်ဖြင့် ခြောက်လှန့်ခဲ့သည်ဟု ၎င်းက ပြောသည်။ယင်းနောက်ရဲများရောက်လာကာ သေ နတ်ကို ထိန်းသိမ်းရန် ယူဆောင်သွားသည်ဟုလည်း ဗိုလ်စောရဲလှိုင်က ဆိုသည်။
သိမ်းဆည်းခံရသည့် သေနတ်မှာ ပစ္စတို Glock (၉ မမ)၊ အမျိုးအစားဖြစ်ပြီး
သေနတ်နံပါတ်မှာ FR 357၊ ကလို့ထူးဘော စစ်ဌာနချုပ်ပိုင် သေနတ်ဖြစ်သည်။
ကလို့ထူးဘော စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က
“ကိုယ့်ဘက်ကလူက ဥပဒေနဲ့ ငြိစွန်းတယ် မှားတယ်ဆိုရင် အရေးယူလိုက်ပါလို့
ကျွန်တော်တို့ဘက်က ပြောပါတယ်၊ ဒါပေမယ့် ခရိုင်ရဲတွေက ခင်ဗျားတို့ဘက်က
မမှားပါဘူး၊ သေနတ်ကတော့ ရန်ကုန်တိုင်းထဲမှာကိုင် လို့မရလို့သိမ်းထားတာပါ၊
ပြန်ရင်ပြန်ပေးပါ့မယ်လို့ ပြောတယ်၊သူတို့ဘက်က ပြန်ပေးမယ်ပြောထား လို့ ပြန်ခါနီး ပြန်တောင်းတော့ မပေးဘူး”ဟု ပြောသည်။
၎င်းတို့အနေဖြင့် သြဂုတ် ၈ ရက်က ဌာနချုပ်သို့ ပြန်ခဲ့သော်လည်းလက်နက်ကို ပြန်မရဟုလည်းသိ ရသည်။
၎င်းတို့အနေဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် အခမ်းအနားတက်ရန်နှင့် နိုင်ငံရေးအရ
ထိုအခမ်းအ နားတွင် ဆွေးနွေးပွဲတက်ရန် တရားဝင် လာရောက်ခဲ့ခြင်းဖြစ်ကာ
ရန်ကုန်သို့ရောက်နေသည့် ရက် များတွင် တည်းခိုရာ အိမ်များသို့ သက်ဆိုင်ရာ
အာဏာပိုင်ရဲများ၊ တပ်ကြပ်များ၊ နယ်ထိန်းများက လိုက်လံစစ်ဆေးမှုများ၊
စုံစမ်းမှုများ ရှိခဲ့သဖြင့် တည်းခိုရာအိမ်များ တစ်အိမ်ပြီး တစ်အိမ်
ပြောင်း ခဲ့ရသည်ဟုလည်း ဗိုလ်မှူးကြီး စောဆန်းအောင်၏ အနီးကပ်
ကိုယ်ရေးအရာရှိတစ်ဦးက ပြော သည်။
ထိုကိုယ်ရေးအရာရှိကပင်
“ကျွန်တော်တို့ ဆွေးနွေးပွဲအခမ်းအနားကို တရားဝင် လာတာပါ။ ဒါပေ မယ့်
စရောက်တည်းက ဒီလို အာဏာပိုင်တွေက တောက်လျှောက်လိုက်နေလို့
အဆင်မပြေဖြစ်ရ တယ်”ဟု ဆိုသည်။
၎င်းကပင် ဆက်လက်၍ “ဒီရှစ်လေးလုံးပွဲကို
ကျွန်တော်တို့ကြောင့် အဟန့်အတား တစ်ခုခု ဖြစ် မှာ စိုးလို့ ကျွန်တော်တို့က
ဒီအခမ်းအနား လုပ်နေစဉ်အတွင်း မပြောတာ”ဟုလည်း ထပ်မံ ပြောကြား သည်။
ယင်းကဲ့သို့ပင် ဆွေးနွေးပွဲသို့ တက်ရောက်ကြသူ တိုင်းရင်းသား
လက်နက်ကိုင်အများစုကိုလည်း ၎င်းတို့ တည်းခိုရာ နေရာများသို့ အာဏာပိုင်တို့မှ
လိုက်လံ စစ်ဆေးမှုများ ရှိခဲ့သည်ဟု ပွဲသို့ လာရောက်သည့် တိုင်းရင်းသား
လက်နက်ကိုင်အများစုက မဇိ္ဈမသို့ ပြောသည်။
DKBA ကလို့ထူးဘော
စစ်ဌာနချုပ်တပ်ဖွဲ့နှင့် အစိုးရတို့အကြား ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက် တွင်
အပစ်အခတ် ရပ်စဲထားခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ
အပစ်အ ခတ်ရပ်စဲ တပ်ဖွဲ့များသည် ကန့်သတ်နယ်မြေ (တိုင်းရင်းသားလက်နက်ကိုင်တို့
နယ်မြေ)မှ အခြား အစိုးရနယ်မြေသို့ သွားရောက်မည်ဆိုလျှင် လက်နက်မဲ့
သွားရမည်ဟူသည့် အချက် ပါရှိသည်။
အထက်ပါ အကြောင်းအရာများနှင့်
ပတ်သတ်၍ မဇိ္ဈမ သတင်းဌာနမှ သက်ဆိုင်ရာရန်ကုန်တောင် ပိုင်း
ခရိုင်ရဲတပ်ဖွဲ့သို့ ဖုန်းဖြင့် မေးမြန်းခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့်
ပတ်သတ်သဖြင့် သတင်းအ ချက်အလက် ချက်ချင်းထုတ်ပြန်မပေးနိုင်ကြောင်း
နောက်ရက်တွင် ဖြေကြားမည်ဖြစ်ကြောင်း သြဂုတ်၁၁ရက်က ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment