ကယန်းကျောင်းသားများအတွက် စေတနာ့ဝန်ထမ်းဆရာများ ကူညီမည်
19.8.2013
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကယန်းလူမျိုး အခြေခံပညာကျောင်းသား၊
ကျောင်းသူ လေးထောင်နီးပါးအ တွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စေတနာ့ဝန်ထမ်း
ဆရာ၊ ဆရာမ ၁၀၄ ဦး ကူညီသင်ကြားပေးရန် စီစဉ်လျက် ရှိကြောင်း
အဆိုပါစီမံကိန်းကို စီစဉ်သည့် ကယန်းမျိုးဆက်သစ် လူငယ်ခေါင်းဆောင်
ဦးလူ စီငြိမ်းက The Voice သို့ ပြောကြားသည်။
ပညာသင်ကြားရန် ရွေးချယ်ထားသော နေရာများတွင် ကယန်းလူမျိုးအများစု
နေထိုင်သော ကယာြး ပည် နယ် အနောက်ဘက်၊ နေပြည်တော် အရှေ့ဘက်၊ ရှမ်းပြည်နယ်
တောင်ဘက်နှင့် ကရင်ပြည် နယ်မြောက်ပိုင်းတို့မှ ကိုယ်ထူကိုယ်ထကျောင်းနှင့်
အစိုးရ အသိအမှတ်ပြု ကျောင်းပေါင်း ၉၈ ကျောင်းတို့ ပါဝင်ကြောင်း၊
ယင်းကျောင်းများသည် မူလတန်းနှင့် အလယ်တန်းကျောင်းများ ဖြစ်ကြကြောင်း ၎င်းက
ရှင်းလင်းပြောဆိုသည်။
လုပ်အားပေးမည့် စေတနာ့ဝန်ထမ်းများတွင်
တိုင်းရင်းသားပေါင်းစုံ ပါဝင်ကြောင်း၊ ဆရာ၊ ဆရာမတစ်ဦး ကို စာသင်နှစ်
တစ်နှစ်လျှင် ငွေကျပ် နှစ်သိန်းထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဦးလူစီငြိမ်းက
The Voice သို့ ပြောကြားသည်။
ကယန်းမျိုးဆက်သစ် လူငယ်များ၏ အဆိုပါ
ပညာရေးစီမံကိန်းအတွက် USAID နှင့် ပြည်တွင်း အလှူ ရှင်များက
ပံ့ပိုးပေးကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။
ပညာရေးဝန်ကြီးဌာနက ယခုပညာ သင်နှစ်မှစတင်ကာ တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် မူလတန်း ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းအားလုံး
ငါးသောင်းနီးပါးကို နီးစပ်ရာဒေသ တစ်ဝိုက်တွင် ခန့် ထား ခဲ့သည်။
ကယန်းလူမျိုးများ နေထိုင်ရာ ကျေးရွာအချို့တွင် အစိုးရဆောက်လုပ်ပေးသော
စာသင်ကျောင်းမရှိ၍ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောက်ကာ ပညာရေးအတွက်
ပံ့ပိုးနေရကြောင်း၊ ပညာရေးဝန်ကြီး ဌာနမှ ယင်းစာသင် ကျောင်းများတွင်
ခန့်ထားရန် ပညာရေးဝန်ထမ်းများ ပို့ပေးမည်ဟု ပြောကြားသော် လည်း
လက်တွေ့မရောက်ရှိခဲ့သည့်အတွက် ကလေးများ ပညာဆက်လက်သင် ကြားရန် အခက်အ ခဲ
ဖြစ် ကြသောကြောင့် စေတနာ့ဝန်ထမ်းများ ဦးရေတိုးမြှင့်ကာ လိုက်လံကူညီခြင်း
ဖြစ်ကြောင်း ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့ထံမှ သိရသည်။
ယင်းမျိုးဆက်သစ်လူငယ်အဖွဲ့သည်၂၀၁၀ ပြည့်နှစ်မှစတင်ကာပညာသင်ကြားရန်အခက်အခဲရှိသော ကျေးရွာများတွင် စေတနာ့ဝန်ထမ်း ၁၀ ဦးခန့်ဖြင့် လိုက်လံ
လုပ်အားပေးခဲ့ပြီး ယခုအချိန် တွင် ပြည် တွင်းပြည်ပ အလှူရှင်များဖြင့်
လုပ်အားပေး တစ်ရာကျော်ထိ တိုးမြှင့်ခဲ့သည်။
ရလေး
The Voice Weekly
No comments:
Post a Comment