ဂျပန်နိုင်ငံ၏ အကြီးဆုံးစစ်သင်္ဘာ ထုတ်ဖော်ပြသ

7.8.2013
အီဇူမိုဟု အမည်ပေးထားသည့် သင်္ဘောကြီးသည် ဖျက်သင်္ဘော အမျိုးအ စားဖြစ်ပြီး
မီတာ(၂၅၀) အရှည်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ တို့ ကြား ရေပိုင်နက်
အငြင်းပွားမှု ပြဿနာများ မြင့် တက်နေချိန်တွင်အီဇူမိုသည်အမိနိုင်ငံအတွက်စတင်တာဝန်ထမ်းဆောင်ရန်ပွဲထွက်လာခဲ့ခြင်း ဖြစ် သည်
ဂျပန်နိုင်ငံသည် အင်္ဂါနေ့က ဒုတိယကမ္ဘာစစ် ကာလနောက်ပိုင်း၎င်းတို့၏အကြီးမားဆုံးစစ်သင်္ဘော ကြီးကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အီဇူမိုဟု
အမည်ပေးထားသည့် သင်္ဘောကြီးသည် ဖျက် သင်္ဘော အမျိုးအစားဖြစ်ပြီး မီတာ(၂၅၀)
အရှည်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ တို့ကြား ရေပိုင် နက် အငြင်းပွားမှု
ပြဿနာများ မြင့်တက်နေချိန်တွင် အီဇူမိုသည် အမိနိုင်ငံအတွက် စတင်တာ ဝန်
ထမ်းဆောင်ရန် ပွဲထွက်လာခဲ့ခြင်း ဖြစ်သည်။ ရဟတ်ယာဉ်တင် သင်္ဘောအဖြစ်လည်း
အ သုံးပြုနိုင်သော အီဇူမိုသည် ကုန်းပတ်ပေါ်တွင် ရဟတ်ယာဉ် ဆင်းသက်ရန်
ကွင်း(၁၄)ခုကိုပါ ထည့်သွင်း တည်ဆောက်ထားသည်။
ယင်းဖျက်သင်္ဘောသည်
ရေငုပ်သင်္ဘောများ ဖျက်ဆီးတိုက်ခိုက်ရေး တာဝန်နှင့် ထောက်လှမ်းရေး
တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက
ပြောကြားခဲ့သည်။ (၂၀၀၉)ခုနှစ်က စတင် တည်ဆောက်လာသော သင်္ဘောကြီးကို စစ်ဘက်သုံး
ရည်ရွယ်ချက်အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်သော နေရာများတွင်ပါကယ်ဆယ်ရေးတာဝန်ထမ်းဆောင်နိုင် ရန်ပါ အသုံးပြုသွားမည် ဖြစ်သည်။
လတ်တလောတွင်
တရုတ်နှင့် ဂျပန်တို့သည် သယံဇာတ ရင်းမြစ်များ တည်ရှိနေနိုင်သည်ဟု ယူဆ ရသော
ကျွန်းစုငယ်တစ်ခု ပိုင်ဆိုင်မှုအတွက် အပြင်းအထန် အငြင်းပွားနေကြသည်။
ဂျပန်က ထိန်းချုပ်ထားသည့် အဆိုပါ ကျွန်းစုများကို ဂျပန်ဘက်တွင်
ရှင်ကာကူဟုခေါ်ပြီး တရုတ် က ဒိုင်အိုယူဟု အမည်ပေးထားသည်။ ထို့အပြင်
ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံများကြား အရှေ့တရုတ် ပင်လယ်တွင်းရှိ
ကျွန်းငယ်အချို့ ပိုင်ဆိုင်မှုတွင်လည်း ညှိနှိုင်းမရသော အနေအထားမျိုး
ရှိနေ သည်။ မကြာသေးမီက တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမ ဆုံး လေယာဉ်တင်
သင်္ဘောကြီးဖြစ် သည့် လီအိုနင်ကို စတင်ပွဲထုတ် ကာ ရေတပ်အင်အားကို ပြသခဲ့ပြီး
ယခုအခါဂျပန်ကလည်း ခေတ် မီ ဖျက်သင်္ဘောကြီး အီဇူမိုကို စတင်၍ တာဝန်
ထမ်းဆောင်လာစေခြင်း ဖြစ် သည်။
ဂျပန်သည် တရုတ်၏ ဒေသတွင်း
လွှမ်းမိုးမှု ကျယ်ပြန့်လာသည့်နောက် (၂၀၁၀)ပြည့်နှစ်မှစကာ စစ်ရေး မူဝါဒများ
ပြောင်းလဲလာသ လို ခေတ် မီစစ်ဘက် နည်းပညာများကို အရှိန်အဟုန်ဖြင့်
တိုးမြှင့်လာခဲ့သည်။ အီဇူမိုသည် လတ်တလောတွင် ဖျက်သင်္ဘော တစ်စင်းအနေဖြင့်သာ
တည်ဆောက်ထားသော်လည်း ယင်း၏ ပြားချပ်သော ကုန်းပတ် အခြေအနေကြောင့် အနာဂတ် တွင်
ပြေးလမ်းလိုအပ်ချက် နည်းပါးသည့် တိုက်လေယာဉ်များကို တင်ဆောင်နိုင်သော
လေ ယာဉ် တင် သင်္ဘောသဖွယ် ပြောင်းလဲလာဖွယ် ရှိနေသည်။ ဒုတိယ ကမ္ဘာစစ်အ တွင်းက
ဂျပန်သည် ပစိဖိတ်ရပ်ဝန်း၏ အကောင်းဆုံး ရေတပ်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။
သို့သော်လည်း (၁၉၄၅)ခုနှစ်က စစ်ရှုံးပြီး မဟာမိတ်တို့ထံ အညံ့ခံခဲ့ပြီးနောက်
ဂျပန်အနေဖြင့် လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခွင့်ကို တားဆီးခံထားရသည်။
Planet Myanmar Network
No comments:
Post a Comment