address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Thursday, August 8, 2013
(၆၈) နှစ်မြောက် ဟီရိုရှီးမားနေ့ ဂျပန်တွင်ကျင်းပ၊ ငြိမ်းချမ်းရေးပန်းခြံသို့ လူငါးသောင်းကျော် တက်ရောက်
8.8.2013
ဒုတိယကမ္ဘာစစ် ပြီးခါနီးတွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တော် နျူကလီးယား ဗုံးကြဲချခံခဲ့ရသော ဝမ်းနည်းခြင်းအမှတ်တရ နေ့ကို မြို့တော်ဟီရိုရှီးမား
တွင် ပြုလုပ် ကျင်းပခဲ့ပေရာ အခမ်းအနား ကျင်းပရာ ငြိမ်းချမ်းရေးပန်းခြံသို့ လူငါးသောင်းကျော်စု ဝေးခဲ့ကြောင်း BBC သတင်းတစ်ရပ် က ရေးသားဖော်ပြထားသည်။
အဆိုပါ ဝမ်းနည်းခြင်းအခမ်းအနား သို့ နျူကလီးယားဗုံးဒဏ်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူ များ၊ ထိခိုက်သေဆုံးများ၏ ကျန်ရစ်သူမိသားစုများ အပါအဝင် ပြည်သူအများ တက်ရောက်ခဲ့ကြ သည်။
"ကျွန်တော်တို့ ဂျပန်ပြည်သူတွေဟာ သမိုင်းမှာ နျူကလီးယားတိုက်ခိုက်မှု ဒဏ်ကို ခံလိုက်ရဖူးတဲ့ တစ်ခုတည်းသော ပြည်သူတွေပါ။ ဒီလို နျူကလီးယားလက်နက် ရဲ့ လူသားမဆန်မှု ကို ကမ္ဘာကြီး ကို ပြောပြ နေဖို့အတွက် ကျွန်တော်တို့ဂျပန်တစ်မျိုး သားလုံးမှာ တာဝန်ရှိပါတယ်" ဟု ဟီရို ရှီး မားမြို့တော်ဝန် ကာဇုမီမတ်ဆုက ပြောကြားသည်။နျူကလီးယား ဗုံးလက်နက်များ သည် အဆုံး စွန်ဆုံးသော လူသားမဆန်သည့် လက်နက်များဖြစ်ကြောင်း မြို့တော်ဝန် မတ်ဆုက ဆိုသည်။
၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နေ့တွင် အမေရိကန်တပ်များက ဟီရိုရှီးမားမြို့သို့ နျူကလီးယားဗုံး ကြဲ ချခဲ့ရာ စုစုပေါင်း လူဦးရေ တစ်သိန်းလေးသောင်းသေဆုံးခဲ့ ရသည်။
သုံးရက်ကြာသောအခါ နာဂါဆာကီ မြို့သို့ အမေရိကန်လေယာဉ်များ နောက်ထပ် ရောက် လာပြီး နျူကလီးယားအက်တမ် ဗုံးကြဲချခဲ့ရာ နောက်ထပ် လူခုနစ်သောင်း သေဆုံးခဲ့ရပြန်သည်။
ဂျပန်ကို လက်နက်ချစေရန်အတွက် ဖိအား ပေးနိုင်ခဲ့ခြင်းကြောင့် လူ့အသက် ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကာ ဒုတိယ ကမ္ဘာစစ်ကြီး ပိုမိုဆောလျင်စွာ ပြီးဆုံးခဲ့ ကြောင်း အမေရိကန်နှင့် မဟာမိတ်များကပြောဆိုထားခဲ့သည်။
ယင်းသို့ အရေးပါသော ဟီရိုရှီးမား နျူကလီးယားဝမ်းနည်းခြင်း အထိမ်းအမှတ်၏ ယခုနှစ် နှစ် ပတ် လည်နေ့သည် ဂျပန်နိုင်ငံတွင် နျူကလီးယားစွမ်းအင် အကြောင်းအပြင်းအထန် ငြင်း ခုံနေ ရချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိပေသည်။
ငလျင်ပြင်းထန်စွာလှုပ်ခဲ့စဉ်က ဖူကူရှီးမား နျူကလီးယားဓာတ်အားပေး စက်ရုံ လောင်စာတောင့် များအရည်ပျော်ခဲ့က
ာ နျူကလီးယား ဘေးအန္တရာယ်သင့်မည့် စိန်ခေါ်မှုကြုံခဲ့ရပြီးနောက်တိုင
်းပြည် အနှံ့ နျူကလီးယားစက်ရုံများကို ပိတ်ပစ်ခဲ့လေသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရက အဆိုပါစက်ရုံများကို ပြန်လည်ဖွင့်လှစ် လိုလျက်ရှိပြီး သဘောမတူသူ များကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။
The Voice Weekly
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment