မြန်မာရေဘေး ဒုက္ခသည်များအတွက် ယန်း ၁၃ သန်း ဂျပန်ထောက်ပံ့
9.8.2013
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးသည်းထန် စွာ ရွာသွန်းခဲ့မှုကြောင့်
ရေဘေးသင့်ခဲ့ရသော ဒုက္ခသည်များကို ဂျပန်အစိုးရက ယန်း ၁၃ သန်း (ကျပ်သိန်း၁၃၀
ကျော်) ကို ထောက်ပံ့ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက
ထုတ်ပြန် ကြေညာသည်။
အဆိုပါ ယန်း
၁၃ သန်းသည် ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ် လိုအပ်ချက်များဖြစ် သည့်
အိပ်ရာနှင့် ခြုံထည်စောင်များကို ထောက်ပံ့ပေးရန်အတွက်ဖြစ်ပြီး
ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှတစ်ဆင့်
မြန်မာနိုင်ငံ အစိုးရထံ သြဂုတ်လ ၈ ရက်နေ့တွင် လွှဲအပ်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၇ ရက်ကစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေလွှမ်းမိုးခဲ့ရာ သြဂုတ်လ ၅ ရက်နေ့အထိ
လူခြောက်ဦး သေဆုံးကာ ဒုက္ခသည် ခြောက်သောင်းကျော်အထိရှိပြီး လူပေါင်း ၄၀၀၀
ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
The Voice Weekly
No comments:
Post a Comment