စရိတ် မတတ်နိုင်သော နှလုံးဝေဒနာရှင် ကလေးများအား အခမဲ့ခွဲစိတ်ကုသပေး
9.8.2013
ဧရာဝတီဖောင်ဒေးရှင်းသည် ခွဲစိတ်ကုသမှုစရိတ် မတတ်နိုင်သော နှလုံးဝေဒနာရှင်
ကလေးများ အား ရန်ကင်း ကလေးဆေးရုံကြီးတွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများ
ခံယူနိုင်ရန် အတွက် ပံ့ပိုး ကူညီပေးလျက် ရှိသည်။ ရန်ကင်း ကလေးဆေးရုံ၊
နှလုံးခွဲစိတ် ကုသဆောင် တာဝန်ခံ ဆရာဝန် ပါမောက္ခ ဒေါက်တာ ၀င်းဝင်းကျော်
ဦးဆောင်သည့် ဆရာဝန်၊ ဆရာမများ အဖွဲ့သည် စင်ကာ ပူ နိုင်ငံ KK Women's and
Children's Hospital မှ Prof Ong Kim Keat ဦးဆောင်သည့် ဆရာ ၀န်များ
အဖွဲ့နှင့် ပူးပေါင်း၍ သြဂုတ်လ ပထမမှ စတင်ကာ ခွဲစိတ်ကုသမှုများ
ဆောင် ရွက် လျက်ရှိသည်။
ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စင်ကာပူမှ လာရောက်သည့်
ပါမောက္ခများအား သြဂုတ်လ ၇ရက်နေ့က သွားရောက်တွေ့ဆုံကာ ကျေးဇူးတင်စကား
ပြောကြားခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူပြီးသည့် လူနာများ၊ ခွဲစိတ်ကုသရန်
စောင့်ဆိုင်း နေကြသူများအား တွေ့ဆုံအားပေးခဲ့သည်။
ဧရာဝတီ
ဖောင်ဒေးရှင်းသည် ရန်ကင်း ကလေးဆေးရုံကြီး နှစ်နှစ်ပြည့် နှစ်ပတ်လည်
အခမ်းအ နားတွင် နှလုံးခွဲစိတ် ကုသဆောင်ရှိ ချို့တဲ့နွမ်းပါးသူများအား
ဆေးကုသပေးနိုင်ရန် အတွက် အလှူငွေ ကျပ်သိန်း (၃၀၀) မတည်လှူဒါန်း ပေးခဲ့သည်။
နှလုံးခွဲစိတ် ကုသဆောင် စတင် ဖွင့် လှစ် ခဲ့သည့် အချိန်မှစ၍ (၉)လတာ ကာလအတွင်း
ဧရာဝတီ ဖောင်ဒေးရှင်း၏ အကူအ ညီဖြင့် နှ လုံးခွဲစိတ် ကုသမှု ခံယူနိုင်ခဲ့သူ
အရေအတွက် စုစုပေါင်းမှာ (၃၁)ဦးအထိ ရှိခဲ့ပြီဖြစ်ကာ အများစု မှာ ကုန်ကျစရိတ်
များပြားသည့် နှလုံးရပ် ခွဲစိတ်ကုသမှုများ ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်း
Facebook တွင် ဖေါ်ပြထားကြောင်း Myanmar News International မှ
သတင်းရရှိသည်။
ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း
Myanmar News International
No comments:
Post a Comment