မြန်မာအတိုက်အခံတွေကို ထိုင်းကကူညီနေဟု မြန်မာစစ်တပ်ပြစ်တင်

7.8.2013
ထိုင်း-မြန်မာ တိုင်းအဆင့် နယ်ခြားကော်မတီ အစည်းအဝေး RBC မှာ မြန်မာစစ်ဘက်ဆိုင်ရာ အာဏာ ပိုင်တွေက ထိုင်းလုံခြုံရေးအာဏာပိုင်တွေကို “အစိုးရအတိုက်အခံတွေကို ကူညီထောက် ပံ့တယ်” လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ် (ဂျူလိုင်လ နှောင်းပိုင်း) က တိုင်းအဆင့် ထိုင်း- မြန်မာ
နယ်ခြားကော်မတီ RBC အစည်းအဝေးကို ဖိတ်ပူးရီးခရိုင် ချအမ်းမြို့မှာ
ကျင်းပခဲ့ရာမှာ မြန်မာဘက်က တာဝန်ရှိသူတွေ က အခုလို ပြစ်တင်ပြောဆို
လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်း
လုံခြုံရေးအာဏာပိုင်တဦးက “ အခုလိုပြောလာတော့ အစိုးရနဲ့စစ်တပ် ဟာ
တယောက်တလမ်းစီသွားနေတယ်။ ကွဲနေတယ်လို့ မြင်တွေ့ရတယ်” လို့ သျှမ်း
သံတော်ဆင့် ကိုပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ
ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က အ စည်း အဝေး ကျင်း ပ
နေချိန် မြန်မာနိုင်ငံ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF က လည်း အစိုးရကိုယ်စားလှယ်နဲ့ တွေ့ဆုံ ဖို့ ထိုင်းနိုင်ငံကနေ
မြန်မာပြည်ပြန်ဖို့ စီစဉ်နေကြတဲ့ အ ချိန်ဖြစ်ပါတယ်။ ABSDF ကိုယ်စားလှယ်
မြန်မာ ပြည်ပြန် နိုင်ရေးအတွက် ထိုင်းနိုင်ငံ အတွင်း ကနေ နယ်စပ်အထိသွားဖို့
ထိုင်းနိုင်ငံလုံခြုံရေး အာဏာပိုင်တွေကို ကူညီပေးဖို့တောင်း ဆိုခဲ့ ပါ တယ်။
“ကျနော်တို့ဆီ အကူအညီမတောင်းခင်က ABSDF က အစိုးရ ငြိမ်းချမ်းရေး အဖွဲ့
UPWC ဆီကို အရင် အကြောင်းကြားထားပြီးသားဘဲ။ အဲတာကို MPC က ဦးအောင်မင်းက
ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီကိုသွား ရောက် အကူအညီတောင်းလို့ ကျနော်တို့
စီစဉ်ပေးရတာလေ။ အခု အစည်း အဝေးမှာ ကျနော်တို့ကို အဲလိုအပြစ်တင်လာတော့
နားကိုမလည်တော့ဘူး” - လို့ အဆိုပါထိုင်း အာဏာပိုင်က ဆက်ပြီးပြောပြပါတယ်။
မြန်မာအစိုးရ နဲ့ နယ်စပ်နေတိုင်းရင်းသားအဖွဲ့တို့
ထိုင်းနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေး နွေး နိုင်ဖို့အတွက်လဲ -
ကူညီပေးရန် အစိုးရကိုယ်တိုင်ရော ဦးအောင်မင်းကပါ အကူအညီ တောင်း ဖူးတယ်လို့
ဆိုပါတယ်။
ထိုင်းအစိုးရ နဲ့ မြန်မာအစိုးရတို့ဟာ စစ်အစိုးရလက်ထက်ကတည်းက‘ထိုင်း- မြန်မာနယ်ခြားကော် မတီ’ဖွဲ့စည်းထားပြီး
မြို့နယ်အဆင့် TBC အစည်းအဝေးကို ၃ လတကြိမ် ၊ တိုင်းအဆင့် RBC အစည်းအဝေးကို
၆ လ တကြိမ်၊ နိုင်ငံတော်အဆင့် JBC ကို ၁ နှစ် ၁ ကြိမ်
ဆွေးနွေးပွဲကျင်း ပလေ့ရှိပါတယ်။
Panglong(Burmese)
No comments:
Post a Comment