ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ လက်နက် / ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်

13.8.2013
ထိုင်း - မြန်မာ နယ်စပ် ၊ ထားဝယ်ခရိုင်အတွင်းလှုပ်ရှားလျက်ရှိသောဟံသာဝတီ ပြန်လည်ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူး
အဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ဦးစီး အဖွဲ့ဝင် ၈ ဦးတို့သည် သြဂုတ်လ
၁၁ ရက်နေ့ ည ၉ နာရီခွဲက AK-47 သေနတ် ၂ လက် ၊ ပွိုင့် ၃၀ ကာဘိုင် သေနတ်
တစ် လက် ၊ ပွိုင် ၂၂ သေနတ် တစ်လက် ၊ ပွိုင့်၂၂တစ်ထောင့်ထိုး သေနတ်တစ်လက်၊ပွိုင့်၃၈ ခြောက်လုံးပြူး အရှည် သေနတ် တစ်လက် ၊ ပွိုင့် ၃၈
ခြောက်လုံးပြူး အတို သေနတ် တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး ၊ လမ်းလျှောက်
စကားပြောစက် တစ်လုံး ကျည်မျိုးစုံ ၇၁ တောင့် ၊ ကျည်အိမ်မျိုးစုံ ၇ ခု
တို့နှင့်အတူ သံဖြူ ဇရပ် မြိုရှိ တပ်မတော် စစ်ကြောင်းထံ သို့ အလင်းဝင် ရောက်
ခဲ့သည်။
အလင်းဝင် ရောက်လာသော
ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူး
အ ဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ၊ ဗိုလ်ကြီး အဆင့်ရှိသော
နိုင်ကလပ်စွန်း ၃၄ နှစ် နှင့် ထူးထူးစိတ် ၅၅ နှစ် ၊ အရာခံဗိုလ် အဆင့်ရှိသော
အထူး ၃၇ ၊ တပ်သား အဆင့်ရှိသော ချန်တရော့ ၂၂ နှစ် ၊ နိုင်အ၀ ၃၃ နှစ် ၊
ပလိုင်စိုး ၂၁ နှစ် ၊ အောင်ကျနိုက် ၂၆ နှစ်တို့အား တပ်မတော် စစ်ကြောင်း မှ
လိုအပ်သည့် ကူ ညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
Myanmar News Updates
No comments:
Post a Comment