ကမ္ဘာ့ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား မှ KIO ခေါင်းဆောင်များအား အကြမ်းဖက်လုပ်ငန်းများ ၊ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုများ ၊ အတင်းအဓမ္မလူသစ်စုဆောင်းမှုများ မပြုလုပ်ရန် တိုက်တွန်းပြောကြား

29.8.2013
လိုင်ဇာမြို့သို့ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်
မစ္စတာ ဗီဂျေနမ်ဘီးယားက KIO ခေါင်းဆောင်များနှင့် သြဂုတ် ၂၈ ရက်နေ့လယ် ၂
နာရီ ၃၀ မိနှစ် မှ ၃ နာရီ ၃၅ မိနှစ်ထိ ပဲကြားလှော် လောင်းကစားရုံအောက်ထပ်
အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ရာ အကြမ်းဖက်လုပ်ငန်းများမပြုလုပ်ရန် ၊ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုများ
မပြုလုပ်ရန် ၊ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများမပြုလုပ်ရန်တိုက်တွန်း
ပြော ကြား သွားခဲ့ကြောင်း လိုင်ဇာဒေသခံတစ်ဦးထံမှ သိရှိရသည်။
“ မနေ့က နေ့လယ် ၂ နာရီခွဲမှစပြီး မစ္စတာ ဗီဂျေနမ်ဘီးယားက KIO
ဗဟိုကော်မတီဝင်တွေကို တွေ့ဆုံခဲ့တာ ၃ နာရီ ခွဲလောက်မှာ ပြီးပါတယ်။
မြစ်ကြီးနားမှာ မစ္စတာ ဗီဂျေနမ်ဘီးယားထံကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့
(ကချင်ပြည်နယ်) ကလည်း အိတ်ဖွင့်ပေးစာပေးတယ်၊ ရှမ်းမျိုးနွယ်စု
ယဉ်ကျေးမှုကော်မတီကလည်း KIA အဖွဲ့ရဲ့အကြမ်း ဖက်လုပ် ရပ်တွေကို လာပြီး
တင်ပြသွားတယ်လို့ ကျွန်တော်တို့ သိထားပါတယ်၊ ဒါကြောင့် တွေ့ဆုံပွဲမှာ မစ္စတာ
ဗီဂျေနမ်ဘီး ယားက KIA အဖွဲ့အနေနဲ့ အကြမ်းဖက်လုပ်ငန်းတွေ မလုပ်ဖို့
ပြောဆိုခြင်းဖြစ်တယ်လို့ KIO ဘက်မှ ထင်မြင်ယူ ဆနေ တယ်လို့ သိရပါတယ် ” ဟု
ယင်းဒေသခံက ပြောပြသည်။
သူကဆက်လက်၍ ပြောပြရာ မစ္စတာ ဗီဂျေနမ်ဘီးယားက KIO
အဖွဲ့အနေနဲ့ လိုင်ဇာပတ်ဝန်းကျင်မှာ ဘိန်းစိုက်ပျိုး မှု တွေ မလုပ်ဖို့၊
မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကိုလည်း မပြုလုပ်ဖို့
ထပ်ပြီးတိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
မစ္စတာဗီဂျေနမ်ဘီးယားက KIO အနေနဲ့ ဒေသခံ ပြည်သူလူထုကို အတင်းအဓမ္မ
လူသစ်စုဆောင်းမှုတွေနဲ့ ဆက်ကြေး ကောက်ခံတာတွေလည်း မပြုလုပ်ဖို့ ဆက်လက်ပြီး
တိုက်တွန်းပြောကြားသွားခဲ့ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား
ဦးဆောင်သောအဖွဲ့သည် လိုင်ဇာမှ ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနား ဘက်သို့
ပြန်လည် ထွက်ခွားသွားခဲ့ကြောင်း သိရပါသည်။
ခွန်နော်
Kachin Daily News
No comments:
Post a Comment