ပစ်ခတ်မှုကိစ္စ KNU နှင့် BGF တို့ တွေ့ဆုံဆွေးနွေး

19.8.2013
နှစ်ဖက် ပစ်ခတ်မှုနှင့် ပါတ်သက်ပြီး ဖြေရှင်းရန် ကရင် အမျိုးသား
အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီအဖွဲ့ နှင့်အစိုးရ
နယ်ခြား စောင့်တပ် (BGF)မှ ဗိုလ်ချုပ် စောထွန်းလှိုင်တို့သည်ယနေ့
နေ့ လည်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်ဟု BGF
မှ သတင်းနှင့် ပြန် ကြားရေး အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က ဆို
ပါသည်။
“ ကျနော်တို့ ဘက်ကတော့
ဒီလို ပစ်ခတ်မှုက မဖြစ်သင့်တော့သလို နောင်လည်းမဖြစ်ဖို့ပါ။ အခုအချိန် က
အချင်းချင်း ငြိမ်းချမ်းရေးအတွက်အားလုံး ကြိုးပမ်းနေချိန်မှာ ဖြစ်စဉ်က
အလွန်တရာမှ ရုပ်ဆိုး အ ကည်းတန်စေပါတယ်။ ကျနော်တို့ဘက်က လွန်ရင် ကျနော်တို့
အရေးယူမှာပါ။ အခုကိစ္စမှာ KNU ဘက် က သူတို့ အစည်းအဝေး ပြန်ခေါ်ပြီး ပြန်ညှိ
နှိုင်းပေးမယ်လို့” ဟု ဆိုပါသည်။
ထို့အပြင် သြဂုတ်လ (၂၀)
ရက်နေ့တွင် ကျရောက်မည့် BGF တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်
အ ခမ်းအနားကို မြ၀တီ ခရိုင်ရွေကုက္ကိုလ် ကျေးရွာတွင် ကျင်းပ ပြီးစီးပါက ထပ်မံ
ဆွေးနွေး မည်ဟုလည်း ဆိုပါသည်။
KNU တပ်ဖွဲ့သည် ပြီးခဲ့သည့်
သြဂုတ်လ (၁၆) ရက်နေ့၌ ကရင်ပြည်နယ် ဖာပွန် ခရိုင်ရှိ BGF ၀ဲကြီး စခန်း ကို
ဝင်ရောက် ပစ်ခတ်ခဲ့ပါသည်။ ယင်းတိုက်ခိုက်မှုတွင် BGF မှ ဒုတပ်ကြပ်
စောစိန်ပွင့်နှင့်တပ်သား စော ကြည်သန်းတို့ နှစ်ဦး ဒါဏ်ရာ ရရှိခဲ့ပါသည်။
အစိုးရ တပ်များသည် BGF နာမည်ဖြင့် KNU တပ်မဟာ (၅) နယ်မြေတွင် နေရာအနှံ့
တပ်စွဲပြီး KNU တပ်များအား အကြပ်ကိုင်ရာမှ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်ဟု KNU မြ၀တီ ဆက်ဆံရေးရုံးမှ ပဒိုပန်းသီးက ဆိုပါသည်။
BGF
သည် ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီတွင် ပါဝင်ခဲ့ပါသည်။
ယင်းကော်မီတီတွင် KNU၊ BGF၊ကရင် ငြိမ်းချမ်းရေး ကောင်စီ PC ၊ DKBA၊ကရင်
ငြိမ်းချမ်းရေး တပ်ဖွဲ့ (KPF) နှင့် ပဒိုအောင် ဆန်း ဦးဆောင်သည့် ဘုရားကုန်း
အဖွဲ့တို့ ပါဝင်ပြီး၊ ပြီးခဲ့ သည့် မေလ (၂၈) ရက်နေ့တွင် ကရင်ပြည် နယ်
ကော့ကရိတ် မြို့နယ်ရှိ ထို့ကော်ကိုး စခန်းတွင် ဖွဲ့ စည်းခဲ့ပါသည်။
ယင်းကော်မီတီတွင်ပါဝင်သူများမှာဗိုလ်မှူးချစ်သူ(BGF)၊ဗိုလ်မှူး
စောကြာအဲ(BGF)၊ ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA-Peace
council)၊ ဗိုလ်မှူးကြီး စောယိုရှူး၊ဦးမြင့်သန်း၊ ဦးကျော်မြင့်
(ဘုရားကုန်း အဖွဲ့၊ ပဒိုဖောဒို (KNU ) ပဒိုရွှေမောင်း (KNU)၊
ပဒိုအောင်မော်အေး (KNU) နှင့် ဗိုလ်ချုပ်ကြီးဂျော်နီ (KNU)၊ ဗိုလ်ချုပ်
မိုရှေး(DKBA) ၊ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူး ကြီး
စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF)
တို့ဖြစ် ကြကာ ကော်မီတီ အဖွဲ့ ခေါင်းဆောင်မှာ KNLA စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ဂျော်နီ တို့ဖြင့် ဖွဲ့စည်း ထားပါသည်။
BGF တပ်ဖွဲ့သည် ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA)တပ်ဖွဲ့မှ ၂၀၁၀ခုနှစ်တွင် အ သွင်ပြောင်းခဲ့ပါသည်။
ရွှေဟင်္သာ
No comments:
Post a Comment