တောင်ငူခရိုင်မှာ KNU ဆက်ဆံရေး ရုံးသစ် ဖွင့်တော့မည်

16.8.2013
ယခု ရက်ပိုင်း များအတွင်း KNU ၏ တပ်မဟာ (၂) တောင်ငူ ခရိုင်တွင်
ဆက်ဆံရေးရုံး ဖွင့်လှစ် သွားရန် ရှိကြောင်း မြ၀တီ ဆက်ဆံရေးရုံး တာဝန်ခံ
ဗိုလ်မှူး စောရို့ (Zorro) က ရွှေဟင်္သာ သတင်းဌာနသို့ယနေ့ တွင် ပြောကြား
ခဲ့သည်။
“ဆက်ဆံရေးမဖွင့်လှစ်
ရသေး တာက (၂) နေရာ ကျန်သေးတယ်။ အဲဒီ ထဲက တပ်မဟာ (၂) တောင်ငူ ခရိုင်မှာ
ဖွင့်နိုင်ဖို့ KNU ဗဟိုက စီစဉ် နေတယ်၊ ဗဟို အစီအစဉ် ဖြစ်လို့ ရက်အတိ
အကျတော့ကျွှန်တော် တို့ မသိရ သေးဘူး” ဟု ၄င်းမှ ပြောသည်။
ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ကျန်ရှိ နေသည့် နေရာ နှစ်ခုမှာ တပ်မဟာ (၂)
တောင်ငူ ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန် ခရိုင်တို့ ဖြစ်ကာ ယခု တောင်ငူ
ခရိုင်တွင် ဖွင့်လှစ် နိုင်ရန် စီစဉ် နေခြင်း ဖြစ်သည်။
ထိုသို့
ဆက်ဆံရေး ရုံးသစ် ဖွင့်နိုင်ရန် အတွက် KNU အထွေထွေ အတွင်းရေးမှူး ဗဒို
ကွယ်ထူးဝင်း ဦးဆောင်၍ဗဒို့တာဒို့မူလည်းပါဝင်ကာတပ်မဟာ(၂) ဒေသတို့ယမာန်နေ့ကသွားရောက် နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်ရှိ၌
KNU အနေဖြင့် ဆက်ဆံရေးရုံး (၅) နေရာ ဖွင့်လှစ် ထားပြီး ဖြစ်သည်။ ၄င်းနေရာ
များမှာ ဘားအံခရိုင် ဘားအံ မြို့တွင်KNU ဗဟို ဆက်ဆံရေးရုံး၊ သထုံခရိုင်
တပ်မဟာ (၁) ၊ ညောင်လေးပင် ခရိုင်တပ်မဟာ ( ၃) ကျောက်ကြီးမြို့ ၊ ဘိတ်-ထားဝယ်
ခရိုင် တပ်မဟာ (၄ ) ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)
ဘုရားသုံးဆူမြို့၊ဘားအံခရိုင် တပ်မဟာ ( ၇ ) မြ၀တီမြို့ တို့တွင်
ဆက်ဆံရေးရုံးများ ဖွင့်လှစ် ထားပြီး ဖြစ်သည်။
phophtawnews
No comments:
Post a Comment