ငြိမ်းချမ်းရေးအတွက်ရိုးသားပွင့်လင်းဖို့ ၄၂ နှစ်မြောက် SSPP ပါတီထူထောင်ရေးနေ့၌ ဒု-ဗိုလ်ချုပ်ကြီးပန်ဖှပြော
ဒုတိယ ဗိုလ်ချုပ်ကြီးပန်ဖှ

18.8.2013
၄၂ နှစ်မြောက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ထူထောင်ရေးနေ့အခမ်းအနားအားသျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ်ရှိ ဝမ့်ဟိုင်း ဌာနချုပ်၌ ကျင်းပရာ
ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးပန်ဖှက
‘ငြိမ်းချမ်းရေးအတွက်ရိုးသားပွင့်လင်းမှုရှိဖို့’ တပ်ထု နှင့် လူထုအား ပြောကြားခဲ့ပါသည်။
“စဝ်ပန်ဖှာ့ရဲ့ မိန့်ခွန်းက စကားလုံးအတိအကျတော့ ကျနော်လဲ မမှတ်မိဘူး။ ကျနော်သဘောပေါက်တာ က ‘လူအဖွဲ့အစည်း၊ တပ်မတော် ရဲ့ရိုးသားပွင့်လင်းမှုက လက်တွေ့ အလုပ် လုပ်တဲ့နေရာမှာသက်သေပြ
တယ် စတာတွေ သုံးချက်ပါတယ်။ ရိုးသားပွင့်လင်းဖို့ ဆိုတာ အကြိမ်ကြိမ်ထည့်ပြောသွားတာ ကို ကြား ခဲ့ရတယ်” - ဟု အခမ်းအနားတက်ရောက်သူလားရှိုးမြို့ခံ ခိင်း(ဦး)လိုင်းဆိုင်ကပြောသည်။
၂၀၁၃ ခုနှစ် ဩဂတ်စ် ၁၆ ရက် ကျရောက်သည့် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် ၏ သျှမ်းပြည် တိုး တက်ရေးပါတီ SSPP ၄၂ နှစ်မြောက် နှစ်ပတ်
လည်အခမ်းအနား၌ ပါတီဥက္ကဌဖြစ်သူ ဒုတိယ ဗိုလ် ချုပ် ကြီးပန်ဖှ က အချက် ၃ ချက်ပါ
မိန်းခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
(၁)
ရိုးသားပွင့်လင်းမှုရှိရမည်၊ (၂) ရိုးသားပွင့်လင်းမှုရှိမှ ယုံကြည်မှု
တည်ဆောက် နိုင်မည်၊ (၃) ယုံ ကြည်မှု တည်ဆောက်နိုင်မှ စည်းလုံးညီ ညွတ်မှု
တည်ဆောက်နိုင်မည် - စသည်တို့ဖြစ်သည်။
“ကျနော်တို့
ခေါင်းဆောင်ကြီးပြောသွားတာက အပြောနဲ့ အလုပ် ထပ် တူဖြစ်ဖို့ပေါ့ဗျာ၊
ကျနော်တို့ တပ် မတော်ဟာလူထုရဲ့ သားသမီးဆီ ကနေ ပေါက်ဖွားလာတယ်။ လူထု ထောက်ပံ့
မှု ရယူခဲ့ တယ်။ ဖြစ် စဉ်တိုင်း လူထုကို တင်ပြရှင်းမယ်။ အကူအညီတောင်း မယ်။
များများဝေဖန်အကြံ အဉာဏ်ပေးကြပါလို့ လူထုကို တောင်းဆိုတယ်” -
ဟုအမည်မပြောလို သည့် တပ်မှူး ကြီးတဦးက ပြောသည်။
အဆိုပါ
အခမ်းအနားတွင် ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ပန်ဖှ အပြင်နာယက
ဖြစ်သူ ထောင် ဒဏ်၁၀၆ ပြစ်ဒဏ်ချခံရသည့် နိုင်ငံရေး အကျဉ်း သားဟောင်းဒုတိယဗိုလ်ချုပ်ကြီး ဆေထဲင်လဲသျှမ်းပြည် တပ်မတော်SSA သျှမ်းပြည်တိုးတက်ရေး ပါတီ
SSPP စတင်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းအား ပြော ကြားခဲ့သည်ဟုလည်းသိရသည်။
မြောက်ပိုင်းသျှမ်းပြည်တပ်မတော်
SSA အား ယောင်ဟွေ့(ညောင်ရွှေ)စော် ဘွား မဟာဒေဝီ စဝ်မယ့် နန်းဟိန်းခမ်းက ၁၉၆၄
ခုနှစ်တွင် စတင် တည်ထောင်ခဲ့ သည်။ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုမူ
ယောင်ဟွေ့မဟာဒေဝီ၏သား စဝ်စန့်ယောင်ဟွေ့နှင့် စဝ်ဆိုင် စစ် ခေါ်
ခွန်ကြာနုတို့က ဦးဆောင် ပြီး ၁၉၇၁ တွင်ဖွဲ့စည်းခဲ့ပါသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment