ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းများ ယခုနှစ်အပြီး ရှင်းမည်ဟုဆို

20.9.2013
ကရင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် မြေမြှုပ်မိုင်းများကို
ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖော်နိုင်ရန် လုပ်ငန်းစဉ် ချမှတ်
ဆောင်ရွက်သွားမည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (DKBA) မှ သတင်းနှင့်
ပြန်ကြားရေး ဗိုလ်မှူးနိုင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။
“လာမယ့်အပတ်ထဲမှာ မိုင်းရှင်းလင်းရေးတွေကို ပြန်စတော့မယ်။
ဒီနှစ်ထဲမှာတော့ အကုန်ပြတ်သွားမယ်လို့ ယူဆထား တယ်။
တချို့မိုင်းတွေကျတော့လည်း နည်းပညာပိုင်းဆိုင်ရာမှာ ခက်တာတွေရှိတယ်။
နည်းပညာနဲ့ ပြန်ပြီး သေချာ လုပ်ရတာတွေရှိတယ်။ KNU ဆိုရင်လည်း
သူတို့မိုင်းကို သူတို့ပဲ ပြန်ဖော်လို့ရ တယ်။ အဲတော့ ကိုယ့်မိုင်းကိုယ်ဖော်
သူ့မိုင်းသူဖော်ပေါ့”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
ကရင်ပြည်နယ်အတွင်း မီးဆိုင်း၊ ကျုံထော်၊ မြိုင်ကြီးငူဒေသတစ်ဝိုက်တွင်
မြေမြှုပ်မိုင်းများ အများဆုံးကျန် ရှိနေသေး သည်ဟု နယ်ခြားစောင့်တပ်
မြေမြှုပ်မိုင်းမြေပုံစာရင်းများတွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ကိုင်ရန်
ယခုနှစ်ဇွန်လမှစတင်ကာ ကရင်လက် နက်ကိုင်အဖွဲ့ များအကြား သဘောတူညီမှု
ရရှိထားကာ မိုင်းရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော် သြဂုတ်လတွင်
ရာသီဥတု အခြေအနေ ဆိုးရွားဝါးလာပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် မိုင်းရှင်းလင်းရေးကို ခေတ္တရပ်နားထားသည်မှာ
တစ်လခန့်ရှိပြီဖြစ်ကြောင်း မိုင်းရှင်းလင်းရေး လုပ်ငန်းကော်မတီ တွင်
ပါဝင်သည့် DKBA တပ်ဖွဲ့ဝင်များက ပြောသည်။
DKBA မှ
မိုင်းရှင်းလင်းရေးတာဝန်ခံ စစ်ဗိုလ်တစ်ဦးက “မိုင်းဆိုတာက အရေးတကြီး
အလောတကြီး ရှင်းလင်းလို့ မရဘူး။ ဟိုတလောကဆိုရင် ကျွန်တော်တို့
တပ်ဖွဲ့ဝင်တစ်ယောက် မိုင်းရှင်းရင်း ပြန်ထိပြီးသွားပြီ။ အလောကြီးရင်
မိုင်းတွေက ကျန်နေတတ်တယ်။ သေချာ စနစ်တကျ စိတ်အေးအေး လုပ်ရမှာ” ဟု ပြောသည်။
မိုင်းရှင်းလင်းရေး သဘောသဘာဝအရ စနစ်တကျ မိုင်းဖော်မှုသည် တပ်သားတစ်ဦးလျှင်
တစ်ပတ်မိုင်းအလုံး ၂၀ သာ ဖော်ရသည်ဟု သိရသည်။
မြေမြှုပ်မိုင်းရှိသည့် နေရာများကို စာရင်းပြုစုထားသော
မြေပုံပျောက်သွားခြင်း၊ ပြန်လည်တူးဖော်ရန် အခက်အခဲ ရှိသည့် နေရာများတွင်
သွားလာရန် မသင့်သော ဒေသအဖြစ် ကန့်သတ်ကာ ဆိုင်းဘုတ်ထောင်ခြင်းများ
ပြုလုပ်ထား သည်ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။ မိုင်းရှိသည့်နေရာကို
တူးဖော်ပြီးသော်လည်း လက်ကျန်မိုင်းများ ရှိနေသေး သည်ဟု ယူဆရသေးကြောင်း ၎င်းက
ဆိုသည်။
၎င်းက ဆက်လက်၍ “ကျန်တဲ့နေရာတွေက ရှင်းတာလည်း တော်တော်လေးကို
ရှင်းနေပြီ။ ကျန်ရှိနေတဲ့ နေရာတွေကို လည်း သေချာပိုက်စိပ်တိုက်ပြီး
ရှာဖို့ကိုလည်း ထပ်လုပ်နေပါတယ်။ ထပ်ရှင်းဖို့တော့
အစည်းအဝေးတိုင်း လည်းပြောနေေ ဆွးနွေးနေတယ်။ မြှုပ်တာတွေကလည်း
တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူတော့ ပြန်ဖော်တော့ အခက်အခဲတွေ လည်း ရှိတာပေါ့”ဟု
ပြောသည်။
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင် အဖွဲ့များအနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းအပါအ၀င်
မူးယစ်ဆေးဝါး ရှင်း လင်းရေး၊ ဒေသဖွံ့ဖြိုးရေးများအား ပူးပေါင်းလုပ်ဆောင်ရန်
သုံးလတစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်လျှက် ရှိ သည်မှာ
တတိယအကြိမ်ပင် ရှိပြီဖြစ်သည်။
mizzima
No comments:
Post a Comment