ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းကျော် စရောင်းမည်

23.9.2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလမှ စတင်၍ ရောင်းချမှု
ရပ်ဆိုင်းထားသည့် ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းနှစ်ထောင်ကို
စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကျပ်
၁၅၀၀ နှုန်းဖြင့် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း MPT က ထုတ်ပြန် ကြေညာသည်။
စက်တင်ဘာလအတွက် ခွဲဝေရောင်းချမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းကတ်
သုံးသိန်း ခြောက်သောင်းတွင် ဒဗယ် လျူစီဒီအမ်အေ အမျိုးအစားကို ထည့်သွင်း
ရောင်းချပေးခြင်း ဖြစ်ပြီး ဂျီအက်စ်အမ် လိုင်းကတ် ၁၅၈,၀၀၀ နှင့် စီဒီ အမ်အေ
လိုင်းကတ် ၁၅၀,၀၀၀ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒဗယ်လျူစီဒီအမ်အေ အတွက် အင်တာနက်က ပုံမှန်အတိုင်း တစ်မိနစ် လေးကျပ်ပါ။
ဘာနံပါတ်တွေ ချပေးမယ်တော့ မသိရသေးဘူး” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း
တိုင်းဒေသကြီး မန်နေဂျာတစ်ဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းက ဂျီအက်စ်အမ် ဆင်းမ်ကတ်များ တိုးမြှင့်ချထားမည်ဟု သတင်းထွက်ပေါ်
ခဲ့သော် လည်း စက်တင်ဘာလအတွက် အရေအတွက် မတိုးမြှင့်နိုင်သေးဘဲ
မိုဘိုင်းလ်ဖုန်း ကွန်ရက် တိုးမြှင့်မှုမှာလည်း လုပ်ငန်း
မစတင်နိုင်သေးကြောင်း ၎င်းကထပ်လောင်း ပြော ကြားသည်။
မိုဘိုင်းလ်ဖုန်းများ ထပ်တိုးချထားရန် ဆက်သွယ်ရေး တာဝါတိုင်များထပ်တိုးတည်ဆောက်ရန်လိုအပ်ပြီးမန္တလေးမြို့ပေါ် တွင် ဂျီအက်စ်အမ် ဖုန်းလိုင်းများ
သိသိသာသာ လိုင်းကြပ်မှု ဖြစ်ပေါ်ကြောင်း၊ မြို့နယ်များတွင် နေရာအလိုက်
ဖုန်း လိုင်း ပြတ်တောက်မှုများလည်း ရှိကြောင်း မန္တလေးမြို့တော်မှ
ဖုန်းအရောင်းဆိုင် တာဝန်ခံတစ်ဦးက ဆိုသည်။
The Voice Weekly
No comments:
Post a Comment