မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ ဖွင့်လှစ်ရမည်

5.9.2013
မြေနေရာငှားရမ်းထားမှု သက်တမ်း စေ့တော့မည်ဖြစ်သဖြင့် ထိုင်း- မြန်မာ နယ်စပ်
မဲဆောက်မြို့အနီးတွင် ဖွင့်လှစ် ထားသော မယ်တော်ဆေးခန်းအား နေ ရာပြောင်းေ
ရွှ့ဖွင့်လှစ်ရမည်ဖြစ်ပြီး ယင်း အတွက် ဂျပန်အစိုးရက ထိုင်း ဘတ်ငွေ ၃ သန်းခန့်
ထောက်ပံ့မည်ဟု သိရသည်။
”အဓိက
ကတော့ အခု မယ်တော် ဆေးခန်းဖွင့်ထားတဲ့ မြေနေရာက ထိုင်း မိသားစုတစ်စုဆီကနေ
ငှားထားတာလေ။ အခုသူတို့က မြေကိုပြန်ယူတော့မယ်။ မငှားတော့ ဘူးဆိုတော့
ပြောင်းရွှေ့ဖို့ပြင် ဆင်ရတာပါ” ဟု မယ်တော် ဆေးခန်း ၏ ထရိန်နင်မန်နေဂျာ
နော်အိသွဘော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ထိုင်းနိုင်ငံတပ်(ခ်)ခရိုင်မဲဆောက်မြို့အနီးတွင်၁၉၈၉ခုနှစ်မှစတင်ဖွင့်လှစ်ကာထိုင်း-မြန်မာနယ်စပ်တစ် လျှောက် ရွှေ့ ပြောင်းလုပ်သားများအား ကျန်းမာရေးေ
စာင့်ရှောက်မှုပေးနေ သော မယ်တော်ဆေးခန်း အဆင့်မြှင့် တင်ရန်နှင့်
နေ ရာပြောင်းရွှေ့ ဖွင့်လှစ် ရန်အတွက် ဂျပန်အစိုးရက ထိုင်းဘတ် ငွေ ၂၉၉၄၅ဝဝ
ထောက်ပံ့ လှူဒါန်းမည် ဖြစ်သည်။ ယင်းအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ
ဂျပန်သံအမတ်ကြီး Shigekazu Sato နှင့် မယ်တော်ဆေးခန်း တည် ထောင် သူ
မြန်မာနိုင်ငံသား ကရင်တိုင်း ရင်းသူ ဒေါက်တာ စင်သီယာမောင်တို့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ် လ ၂၇ ရက်နေ့က သဘောတူညီမှု
လက်မှတ်ရေးထိုးခဲ့သည်။
”အခုပြောင်းမယ့်နေရာက အခုလို
လမ်းမကြီးဘေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အခု ဆေးခန်းနေရာနဲ့တော့
သိပ် မဝေးပါဘူး” ဟု နော်အိသွဘော်က ပြောသည်။
စတင်တည်ထောင်စမှ
ယခုအချိန် အထိ ပြည်တွင်းပြည်ပ အလှူရှင်များ ၏ ထောက်ပံ့လှူဒါန်းငွေဖြင့်
ရပ်တည် လည် ပတ်နေရသော မယ်တော်ဆေး ခန်း အတွက် ယခုကဲ့သို့ ဂျပန်အစိုးရက ပမာ
ဏများများ လှူဒါန်းခြင်းသည် ပထမဆုံး အကြိမ်ဟု သိရသည်။
မယ်တော်ဆေးခန်းကို ၁၉၈၉ ခု နှစ်တွင် ဒေါက်တာစင်သီယာမောင်က
ဦးစီးဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းစစ်နှင့် နှိပ်
စက် ညှဉ်းပန်းခံရမှုတို့ကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာ ရသူများနှင့်
ဆေးဖိုး ဝါးခမတတ်နိုင်သော ရွှေ့ပြောင်းမြန်မာ လုပ်သားများအား အခမဲ့ဆေးကုသ
စောင့်ရှောက်မှု ပြုပေးခဲ့ သည်။ နှစ်စဉ် လူနာတစ်သိန်းခွဲခန့်ကို ဆေးကု
သစောင့် ရှောက်မှု ပြုပေးနေသည်ဟု သိရသည်။
”ဆေးခန်းကို ဆေးလာကုတဲ့လူ နာက တစ်ရက်ကို ပျမ်းမျှ ၃၅ဝ လောက် ရှိတယ်” ဟု သူမက ပြောသည်။
ပြီးခဲ့သည့်လအတွင်းက မိုးအ ဆက်မပြတ် ရွာသွန်း၍ သောင်းရင်းမြစ် ကြီး
ရေကြီးရေလျှံမှုကြောင့် ဆေးခန်းရှိ အတွင်းလူနာများ ကို နေရာရွှေ့ ပြောင်းခဲ့
ရပြီး အေ ဆာက်အအုံအချို့ ဟောင်းနွ မ်း နေခြင်း ကလည်း ဆေး ခန်းနေရာရွှေ့
ပြောင်းဖွင့်လှစ်ရခြင်း အကြောင်းရင်းဟု သိရသည်။
ကျော်ရဲလင်း
Popular Myanmar News Journal
No comments:
Post a Comment