"မွန်ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ ညီလာခံ ကျင်းပမည်"
16.9.2013
မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ
ပါဝင်တဲ့ ညီလာခံ တစ်ရပ်ကို လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ရက်နေ့အထိ
မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ မှာ ပြုလုပ် ကျင်းပ သွားမယ်လို့
သိရပါတယ်။
အဲဒီညီလာခံ ပြုလုပ်ဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။
ဒီညီလာခံကို မွန်ပါတီ သုံးခုဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ၊ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီ တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။
မွန်တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ အခုလို ညီလာခံ ကျင်းပဖို့
ပြင်ဆင်နေသလို တစ်ဘက်မှာလည်း မွန်ဒီမို ကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီတို့ဟာ နှစ်ပါတီ ပေါင်းစည်းရေးအတွက် ဆွေးနွေးနေပါတယ်/
RFA Burmese
No comments:
Post a Comment