အပစ်အခတ်ရပ်စဲရေး ရှေ့လထဲမှာ လက်မှတ်ထိုးနိုင်ခြေရှိ

11.9.2013
လာမယ့် သီတင်းပတ်ထဲမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့
ဆွေးနွေးပွဲတွေ အောင်မြင်မယ်ဆိုရင် လာ မယ့် အောက်တိုဘာလဆန်းပိုင်းမှာ
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး
တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့
ဖြစ်နိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေ က
ဒီနေ့ပြောလိုက်ပါတယ်။
ဒီနေ့
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရ၊
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ
RCSS/SSA တို့ အပစ်ခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်းဆိုင်ရာ
ဆွေးနွေး ပွဲအပြီး မှာ မြန် မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက
ပြောခဲ့တာပါ။
အခုလို ဆွေးနွေးပွဲမျိုးတွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် အထောက်အကူပြုတယ်လို့ ဒီနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RCSS/SSA အဖွဲ့က ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။
“ဒီငြိမ်းချမ်းရေးလုပ်ငန်းမှာဆိုရင်
အစိုးရနဲ့ တိုင်းရင်းသားဘက်က နည်းပညာအကြံပေးအဖွဲ့တို့
ညှိနှိုင်းဖို့လိုအပ်တယ်၊ တဆင့်ပြီးတဆင့် ဘယ်လိုသွားကြမလဲဆိုတာ
ညှိနှိုင်းဖို့လိုအပ်ပါတယ်၊ လုပ်ငန်းစဉ်အနေနဲ့တော့ အစိုးရကပြုလုပ်နေတဲ့
တစ်ပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကိစ္စကို ကျနော်တို့
အရင်ဆုံးညှိနှိုင်းနေတာဖြစ်ပါတယ်၊ သဘောတူညီချက်တွေ ရမှသာလျှင် ကျနော်တို့ ရှေ့ဆက်သွားလိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စနိုင်မှာဖြစ်တယ်”
အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကေအိုင်အို
ကချင်လွတ်မြောက်ရေးအဖွဲ့တို့ဟာ လာမယ့် သ တင်း ပတ်ထဲမှာ ကချင်ပြည်နယ်
မြစ်ကြီးနားမြို့မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။
RFA
No comments:
Post a Comment