နေရာသစ်၌ မယ်တော်ဆေးခန်း စတင် အခြေချ

6.9.2013
ထိုင်းနိုင်ငံ တပ်(ခ်) ခရိုင် မဲဆောက် မြို့ ၌ ရွှေ့ပြောင်း မြန်မာ လုပ်သား
များအားကျန်းမာရေး စောင့်ရှောက်မှု ပေးေ နေ သာ မယ်ေ တာ် ဆေးခန်းသည် နေရာသစ် ပြောင်းရွေ့ရန် အတွက် အဆောက်အဦးများ စတင်ဆောက် လုပ်တော့ မည်ဟု မယ်တော် ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ဆိုပါသည်။
“ ကိုယ်ဝန်ဆောင်နဲ့ သားဖွား၊မိခင်နဲ့ ကလေး စောင့်ရှောက်မှု အဆောက်ဦးကို
ဦးစားပေး ဆောက်သွားမယ်။ နေရာ ကတော့ ချက်ချင်းပြောင်းမှာ မဟုတ်သေးဘူး။
စာချုပ်သက် တမ်းအရ (၇) နှစ် ကျန်နေသေးတယ်။ ဒါပေမဲ့ လူနာတွေ နဲ့ ၀န်ထမ်းတွေ
အတွက် သက်တောင့် သက်သာ ရှိဖို့နဲ့ပိုပြီး လုံခြုံမှု ရှိဖို့အတွက် ၂၀၁၃
မကုန်မှီမှာ အဆောက်အဦး သစ်တွေကိုစပြီး တည်ဆောက် သွားမယ်” ဟုဆိုပါသည်။
ဒုတိယ အစီအစဉ် အနေဖြင့် လုပ်ငန်းအတွက် အထောက်အကူ ပြုသည့်
ဓာတ်ခွဲခန်း၊သွေးလှူဌာန ၊ ရောဂါ ကာကွယ် ထိန်းချုပ်သည့် စနစ်နှင့်
ဆေးစစ်ခန်း တို့ကို တည်ဆောက် သွားမည် ဖြစ်သည်။
မယ်တော် ဆေးခန်းသည် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် ရွေ့ပြောင်းမြန်မာ လုပ်သားများ ဆေးကုသမှု ခံယူနေ ပါသည်။ မိုးတွင်း ကာလ အချိန်၌
သောင်းရင်းမြစ်၏ ရေကြီး ရေလျှံမှုကြောင့် ရေမြုပ်သည့် နေရာဖြစ်သည့် အ တွက်
နှစ် စဉ် အခက်အခဲ ဖြစ်ခဲ့ရပါသည်။
ယခု မယ်တော် ဆေးခန်း မြေနေရာသည် (၁၀) နှစ် စာချုပ်နှင့် ဌားရမ်း ထားပြီး ယခု (၃) နှစ် မျှသာရှိပါသည်။ လက်ရှိ တည်ဆောက်နေသောမြေနေရာသစ်သည် ငှားရမ်းထားခြင်း မဟုတ်ဘဲ မယ်တော်မှ တရား ၀င် ၀ယ်ယူ
ထားသဖြင့် လူ နာများနှင့် ၀န်ထမ်းများအတွက် လုံးခြုံမှု ရှိသည့်
နေရာဖြစ်ပါသည်။
မယ်တော် ဆေးခန်း၏ အဆောက်အဦး အသစ် တည်ဆောက်မည့် နေရာသည် နိုင်ငံတကာ အကူအညီဖြင့် ဆောက် လုပ် သွားမှာ ဖြစ်ပြီး လက်ရှိ နေရာနှင့် ၂ ကီလိုမျှသာ ဝေးပါသည်။ ရှေ့ဆက်မယ်တော်ဆေးခန်း၏ လူမှုရေး လုပ် ငန်းစဉ် အပေါ် အခြေခံပြီး မယ်တော် ဆေးခန်း ၀န်ထမ်း
များ၏ အရည်အသွေး မြှင့်တင်ခြင်း၊ အကြံဥာဏ် ယူခြင်း လိုအပ်သော ဆေးဝါး ကိစ္စ
နှင့် လူနာ လွှဲပြောင်းသည့် ကိစ္စရပ် များအား ထိုင်းအစိုးရ မဲဆောက်
ဆေးရုံးကြီးနှင့် ညှိနှိုင်း တိုင်ပင် သွားရန် ရှိပါသည်။
ဂျပန်
အစိုးရသည် မယ်တော် ဆေးခန်း အတွက် ဒေါ်လာ (၁)သန်းနှင့် ထိုင်းဘတ် ငွေ (၃)
သန်းခန့် ထောက်ပံ့ လှူဒါန်း ခဲ့ပါသည်။ ဤအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ ဂျပန်
သံအမတ်ကြီး Shigekazu Sato နှင့် ဒေါက်တာ စင်သီယာမောင် တို့သည် ပြီးခဲ့သည့်
သြဂုတ်လ (၂၇) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သဘောတူ လက်မှတ်
ရေးထိုး ခဲ့ကြသည်။
သို့သော် မယ်တော် ဆေးခန်းသည် စာချုပ် သက်တမ်း
အရ (၂၀၁၅) ခုနှစ် အထိသာ နိုင်ငံတကာ အကူအညီ ရသွား မည် ဖြစ်ပြီး
နောက်ပိုင်းတွင် မည်သို့ အပြောင်းအလဲများ ဖြစ်လာမည်ကို တတ်အပ်
မပြောနိုင်သေးကြောင်း ဒေါက်တာ စင်သီယာမောင်က ဆိုပါသည်။
မယ်တော်
ဆေးခန်းသည် ၁၉၈၉ ခုနှစ်ကတည်းက စတင် ဖွင့်လှစ် ခဲ့ပြီး ထိုင်းနိုင်ငံ
တာ့ခရိုင် နယ်စပ် တလျှောက်ရှိ လူဦးရေ တစ်သိန်းခွဲခန့်အား ပြုစုစောင့်ရှောက် ပေးခဲ့ ရသည်ဟု ဆိုပါသည်။
ရွှေဟင်္သာ
No comments:
Post a Comment