ကယားတောင်သူတွေ အစားထိုးလျော်ပေးတဲ့ လယ်မြေကို လက်မခံ

19.9.2013
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အမှတ် ၁၄ တန်းမြှင့်
စစ်လေ့ကျင့်ရေးသင်တန်းကျောင်း ဆောက် လုပ်ရေး စီမံကိန်းအတွက် သိမ်းယူထားခဲ့တဲ့
လယ်မြေတွေကို ကယားပြည်နယ်အစိုးရက တခြားလယ်ယာမြေတွေနဲ့ အစား ထိုးပြန်ပေးမယ့်
အစီအစဉ်ကို လယ်သမားတွေဘက်က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
ကယားပြည်နယ် အစိုးရအဖွဲ့နဲ့ လယ်သိမ်းခံလယ်သမားတွေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅
ရက်နေ့က ဖရူဆိုမြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရက လယ်ယာမြေ
အစားထိုးပြန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အစားထိုးလယ်ယာမြေတွေဟာ
လယ်သမားတွေ လက်ရှိနေထိုင်တဲ့နေရာကနေ မိုင် ၂၀ လောက် ကွာဝေးတာကြောင့်
အခုလိုငြင်းဆန်လိုက်တာလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံတောင်သူ
ကိုဦးရယ်က ခုလိုပြောပါတယ်။
“အစိုးရပြောသွားတာက
ဒီမြေအစားထိုးမှုလို့ပြောတယ်၊ အခုမြေအစားထိုးပေးတဲ့နေရာက အခုဘော်လခဲနဲ့
ဒီမောဆိုနဲ့ ဖရူဆိုနပ်စပ်နားပေါ့နော်၊ အဲမှာအစားထိုးထားတော့ ကျနော်တို့
တောင်သူလယ်သမားတွေက လက်မခံဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ သွားလုပ်ကိုင်ရတာ
ဝေးတယ်ပေါ့၊ သွားလာဖို့လည်း အခက်အခဲရှိတဲ့အခါကျတော့ ကျနော်တို့
တောင်သူ လယ်သမားတွေ လက်မခံဘူး၊ အစိုးရပြောတာတော့
မြေလွတ်မြေရိုင်းတော့ပြောတယ်၊ ဒါပေမယ့် တဘက်ကအနေ နဲ့ ပြန်ကြည့်မယ်ဆိုရင်
အများပိုင် ဘိုးဘွားပိုင်ဖြစ်နေတယ်”
ဖရူဆိုမြို့နယ်အတွင်းက
မာခရော်၊ ဒို့ပရယ်၊ ထီးပေါ်ဆိုစတဲ့ ကျေးရွာတွေက ဒေသခံတွေပိုင်ဆိုင်တဲ့
ဧကထောင် ချီနီး ပါးရှိတဲ့ လယ်ယာမြေတွေကို တန်းမြှင့်စစ်သင်တန်းကျောင်းအတွက်
လွန်ခဲ့တဲ့ ၂၀၁၁ ခုနစ်အတွင်း သိမ်းယူခဲ့တာ လို့ သိရပါတယ်။ သိမ်းထားတဲ့
လယ်ယာမြေတွေထဲက ဧက ၁၀၀ နီးပါးကို စစ်လေ့ကျင့်ရေးသင်တန်းကျောင်းအတွက် ခြံ ခတ်ထားပြီး ကျန်တဲ့လယ်ယာမြေတွေကို ဒေသခံတောင်သူတွေကို ပြန်လည်အငှားချထားပေးထားတယ်လို့ သိရပါ တယ်။
RFA
No comments:
Post a Comment