မိုင်းရှင်းလင်းမှု စံညွှန်းသတ်မှတ်ချက် ရေးဆွဲပြီး
5.9.2013
မိုင်းရှင်းလင်းမှု စံချိန်စံညွှန်း သတ်မှတ်ချက်စာတမ်း ရေးဆွဲမှု ပြီးစီး
ပြီဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်က ပြော
သည်။
လေးလကျော်ကြာ
အချိန်ယူခဲ့ပြီး ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူး ပေါင်းရေးဆွဲခဲ့သော
စာမျက်နှာ ၄ဝဝ ခန့်ရှိ ယင်း စာတမ်းကို ရှေ့နေ ချုပ်ရုံးသို့ တင်ပို့ခဲ့ရာ
အင်္ဂလိပ်ဘာသာ တစ်မျိုး တည်းနှင့်ဖြစ်နေ၍ မြန်မာ ဘာသာနှင့် ပါ ရေးဆွဲတင်ပြရန်
ရှေ့နေချုပ်ရုံးက ညွှန်ကြားခဲ့သည်ဟု၎င်းက ဆိုသည်။
နိုင်ငံတကာ
ကျွမ်းကျင်ပညာရှင် တို့နှင့် ပူးပေါင်းရေးဆွဲထားသော အဆို ပါစာတမ်းမှာ
လုံခြုံရေးအပါအဝင် အမှားမ ခံနိုင်သည့် ကိစ္စရပ်တစ် ခု ဖြစ် သောကြောင့် မြန်မာ
ဘာသာစကားဖြင့် ပါ ပူးတွဲတင်သွင်းရန် ရှေ့နေ ချုပ်ရုံးက
ညွှန် ကြားခြင်းဖြစ်သည်ဟုမြန်မာငြိမ်း ချမ်းရေးစင်တာမှ ညွှန် ကြားရေးမှူး ဦးနေမျိုးနိုင်က ပြောသည်။
”သူတို့တောင်းတာကို ပေးဖို့ ရိုး ရိုး ဘာသာပြန်သူတွေကို ပြန်ခိုင်းတာ ထက်
ရှေ့နေတွေကို ပြန်ခိုင်းတာက ပို ကောင်း မယ်လို့ ဆုံးဖြတ်လိုက်ကြတဲ့ အတွက်
အခု ရှေ့ေ နတွေနဲ့ ဘာသာပြန် ကြဖို့ စလုပ်နေပါပြီ” ဟု ၄င်းက ဆက် ပြော သည်။
ရှေ့နေချုပ်ရုံးက မြန်မာလို တောင်းဆိုလိုက်သော စာတမ်းကို နော် ဝေ၊
ဗြိတိန်၊ ဂျပန်စသော နိုင်ငံတို့မှ မိုင်း ရှင်းလင်း မှုဆိုင်ရာ
ပြည်ပအဖွဲ့တို့နှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာဘက်မှ တပ်မတော်၊
လူမှုဝန် ထမ်း၊ ကျန်း မာရေး၊ ပညာရေး စသည့် ဝန်ကြီးဌာနတို့မှ
ပညာရှင်များနှင့် ရေး ဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။
စံချိန်စံညွှန်း အတည်ပြုပြီးပါက မိုင်းစင်တာကို အစိုးရကဖွဲ့ပြီး မိုင်းရှင်း
လင်းမှု လုပ်ငန်းကိုကြီးကြပ် မည်ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ သိရသည်။
မိုင်းရှင်းလင်းရေး စစ်တမ်းရေးဆွဲ ရေးတွင် အဖွဲ့လည်း ပါဝင်သည့် ဦးနေ
မျိုးနိုင်က ”ဥပဒေနဲ့အညီ တရားဝင် အ ဖွဲ့ ဖြစ်ဖို့အတွက် အတည်ပြုချက် အ
ဆင့်ဆင့်ရမှ လို့ ပြောတယ်။ ဒီတော့ မိုင်း စင်တာဖွဲ့ဖို့ကလိုဦးမယ် ”ဟု ပြော
သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့နှင့်
ငြိမ်းချမ်းရေး ရပြီး နောက်ပိုင်း နိုင်ငံတွင် ပထမဦးဆုံး စ တင်
ပြု လုပ် မည့် မြေမြှုပ် မိုင်းရှင်းလင်း ရေးဆိုင်ရာ လုပ်ငန်းကို
နိုင်ငံတော်က ဦးဆောင်၍ဆောင် ရွက်မည်ဖြစ်၍ အဖွဲ့ အ စည်း တစ်ခု ဖွဲ့ပေးရန်
လိုအပ်သည် မှန်သော်လည်း စံချိန်စံညွှန်း မရှိသေး ခြင်းကြောင့်အဖွဲ့ဖွဲ့ရန်
မပြုလုပ်နိုင် သေး ဟု မြန်မာငြိမ်းချမ်းရေး စင်တာ အကြီးအကဲ တစ်ဦးဖြစ်သူ
ဝန်ကြီး ဦး အောင်မင်းက ယခုနှစ်လယ်ပိုင်းခန့်တွင် ပြော ဆိုခဲ့ဖူးသည်။
လက်ရှိ၌ ကယား၊ ကရင်၊ ပဲခူးတို့ ၌ မိုင်းအသိပညာပေးခြင်း လုပ်ငန်းများ ကို
ယူနီဆက်နှင့် လူမှုဝန်ထမ်းက ပူး ပေါင်း လုပ်ကိုင်လျက်ရှိသည်။ မြန်မာ သည်
မိုင်း အန္တရာယ်ရှိမှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်းနှင့်
မိုင်းကြောင့် လူ ၅ဝဝဝထက်မနည်း မသန်စွမ်းမှု ဖြစ် ခဲ့ကြကြောင်း
စစ်တမ်းများအရသိရ သည်။
မင်းသုအောင်
Popular Myanmar News Journal
No comments:
Post a Comment