ကရင်အလုပ်သမားတစ်ဦး ဆောက်လုပ်ရေးတိုက်ပေါ် ဖြုတ်ကျသေဆုံး

18.9.2013
ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်မြို့ရှိ
ဆန်ဒေ့(ကလေး)တရားရုံးအနီး၌ပါဝါလိုင်းကုမ္ပဏီမှအသစ် ဆောက်လုပ်နေ သည့်
အဆောက်အဦးတစ်ခုအပေါ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ရက်နေ့၊ ညနေ ၈နာရီ ၀န်းကျင်က
ကရင်အလုပ် သမားတစ်ဦး ဖြုတ်ကျသေဆုံးခဲ့သည်ဟု သိရသည်။
အသက်၂၀ ကျော်အရွယ် စောရဲထွန်းနိုင်ဆိုသူသည်ညဘက်အချိန်ပိုဆင်းရင်း
ဆောက်လုပ်ရေးအဆောက်အဦး ခြောက် ထပ်အပေါ်တွင် ဖြုတ်ကျကာ ပွဲချင်းပြီး
သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းဆောက်လုပ်ရေးအဆောက် အဦးတွင် အလုပ် လုပ်နေသည့်
အလုပ်သမားတစ်ဦးဖြစ်သူ ကိုသန်းလှိုင်က ကေအိုင်စီသို့ ပြောသည်။
ကိုသန်းလှိုင်က “ညက ခြောက်ထပ်ပေါ်ကနေ သူလိမ့်ကျတာ ပွဲချင်းပြီး
သေဆုံးသွားတယ်။ ဖြစ်ပြီးတာနဲ့ ချင်း မိုင် ဆေး ရုံကြီးကို ပို့တယ်။ အခု
ဆေးရုံက ရေခဲတိုက်ထဲမှာ ထားထားတယ်။ သင်္ဂြိုလ်ဖို့အတွက်တော့
(မြန်မာ)ပြည်တွင်းက သူ့မိ ဘနဲ့ ဆက်သွယ်ပေးထားတယ်”ဟု ပြောဆိုသည်။
သေဆုံးသွားသူ စောရဲထွန်းနိုင်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းမှ
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ မှစ၍ အ လုပ် သမားယာယီပတ်စ်ပို့ကိုင်ဆောင်ကာ ချင်းမိုင်မြို့သို့ ဆောက်လုပ်ရေးလုပ်ငန်းကို လာရောက် အလုပ်လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
လက်ရှိ စောရဲထွန်းနိုင်ကို သင်္ဂြိုလ်ရန် ချင်မိုင်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သများအတွက် ကူညီပေးနေသည့် စေတ နာနာရေးကူညီမှုအသင်း(ချင်းမိုင်မြို့)အဖွဲ့က စီစဉ်ဆောင်ရွက်မှုများ စတင်လုပ်ဆောင်နေသည်ဟု သိရသည်။
စေတနာနာရေးကူညီမှုအသင်း(ချင်းမိုင်မြို့)၏
ဥက္ကဌ မမီးမီးက “သူ့(စောရဲထွန်းနိုင်)ကို ကရင်လူမျိုးဗုဒ္ဓဘာသာ လို့ သိ ရတော့
သင်္ဂြိုလ်ဖို့ ကျမတို့အဖွဲ့က ချင်းမိုင်မြို့
ဝပ်ဆိုင်မွန်းမြန်မာဘုန်းကြီးကျောင်းမှာ စီစဉ်နေပါတယ်။ မနက်ဖြန် ၁၀ နာရီလောက်မှာ သူ့အလောင်းကို ဆေးရုံကနေထုတ်ပြီး ဒီကို လာထားမှာပါ”ဟု ပြောသည်။
စောရဲထွန်းနိုင် သေဆုံးသွားတဲ့အပေါ် ၎င်းအဆောက်အဦးမှ အလုပ်သမားမန်နေဂျာနှင့်
ယနေ့ နေ့လည် တွင် တွေ့ဆုံ ခဲ့ပြီး မန်နေဂျာက ထိုင်းနိုင်ငံ၏ သတ်မှတ်ထားချက်
အလုပ်သမားဥပဒေအတိုင်း သေဆုံးသူ၏ ဆုံးရှုံးနစ် နာကြေးအပါ အ၀င် ဈာပနအတွက်
ကုန်ကျစရိတ်အားလုံးကို တာဝန်ယူကူညီသွားမည်ဟု ပြောဆိုကြောင်း လည်း မမီးမီးက
ရှင်းပြ သည်။
ချင်းမိုင်မြို့၊ ဆန်ဒေ့(ကလေး)တရားရုံးအနီး၌
ဆောက်လုပ်နေသည် အဆောက်အဦးများတွင် ရွှေ့ပြောင်းမြန်မာ အ လုပ်သမားပေါင်း ၅၀၀
ဝန်းကျင်ရှိပြီး ယင်းဆောက်လုပ်ရေးလုပ်ငန်းတွင် ယခင်က အလုပ်သမားများ
ထိခိုက်ရာရရှိမှု များရှိသော်လည်း ယခုလို သေဆုံးမှုဖြစ်သွားသည်အထိ မရှိခဲ့ဖူးကြောင်း သိရသည်။
စောရဲထွန်းနိုင်ကို သင်္ဂြိုလ်ရန် အဖေဖြစ်သူမှာ ဧရာဝတီတိုင်းမှ
ချင်းမိုင်မြို့သို့ ယနေ့တက်ရောက်လာပြီး ဖြစ်ရာ မနက်ြ ဖန် စက်တင်ဘာလ
၁၈ရက်နေ့တွင် ရောက်ရှိလာလိမ့်မည်ဟု ယူဆရကြောင်း စေတနာ နာရေးကူညီမှု
အသင်း(ချင်း မိုင်မြို့)အဖွဲ့က ဆိုသည်။
KIC (Karen Information Center)
No comments:
Post a Comment