အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး ပွဲတော်နှင့် လူထုလမ်းလျှောက်ပွဲကို သက်ဆိုင်ရာက ခွင့်ပြု

21.9.2013
စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး လိုလားသူ အရပ်ဘက်
အဖွဲ့စည်းများမှ ပြုလုပ်မည့် ငြိမ်းချမ်းရေး ပွဲတော်နှင့်
လူထုလမ်းလျှောက်ပွဲ အ တွက် သက်ဆိုင်ရာက ခွင့်ပြုမိန့် ရရှိပြီဖြစ်ကြောင်း
သိရသည်။
လိုင်ဇာ-ရန်ကုန်
ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူ ကိုဇင်ကိုက "ကျွန်တော်တို့
သက်ဆိုင်ရာ ခွင့်ပြုမိန့် ရရှိ ပါပြီ။ တင်ထားတာကတော့ လူ ၃၀၀ ပါ။ ဒါပေမဲ့
ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်မှာဆိုးတဲ့အတွက် သက်ဆိုင်ရာနဲ့
ညှိနှိုင်းပြီးတော့ လူအင်အား ၁၀၀ နဲ့ စက်တင်ဘာ ၁၈ ရက်က ခွင့်ပြုမိန့်
ရရှိခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ယင်းအပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲအား ရန်ကုန်မြို့တော်
ခန်းမဘေးမှ စက်တင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီတွင် လူစုကာ မွန်းတည့် ၁၂ နာရီ၌
စတင်ထွက်ပြီး ကျောက်တံတား၊ ပန်းဘဲ တန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊
ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ် စသည့် စုစုပေါင်း
မြို့နယ်ရှစ်မြို့နယ် အား ဖြတ်လျှောက်ကာ ငြိမ်းချမ်းရေးပွဲတော် ပြုလုပ်မည့်
ပြည်သူ့ဥယျာဉ်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်
"တစ်နိုင်ငံလုံး ပြန်လည်သင့်မြတ်၊ လွတ်လပ်ငြိမ်းချမ်း မျှတလမ်းသို့
မတူလက်များ တွဲကြစို့" ဆိုသည့် ခေါင်း စဉ်ဖြင့် ငြိမ်းချမ်ရေး ပွဲတော်ကို
ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် အဆိုပါနေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ
ပြုလု ပ် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာမှ ခွင့်ပြုမိန့် ရရှိထားပြီဖြစ်ကြောင်း
Genaration Wave အဖွဲ့မှကိုမိုဃ်းသွေး က ပြော ကြားခဲ့ သည်။ကိုမိုဃ်းသွေးက "ပြည်သူ့ဥယျာဉ်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ပွဲတော် ကို
စက်တင်ဘာ ၁၉ ရက်နေ့က သက်ဆိုင်ရာ ခွင့်ပြုမိန့် ရရှိပါပြီ" ဟု စက်တင်ဘာ ၂၀
ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေး
ပွဲတော်ကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်တွင် စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၉
နာရီမှ ညနေ ၆ နာရီထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကာ ငြိမ်းချမ်းရေး
ကဗျာရွတ်ဆိုပွဲ၊ ပန်းချီ၊ ကာတွန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု
ပြပွဲများ၊ အကပဒေသာများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ငြိမ်းချမ်းရေးပြပွဲ
အပါအ၀င် ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ငြိမ်းချမ်းရေး ငှက်လွှတ်ပွဲများ
ပါဝင်မည်ဖြစ်ကြောင်းနှင့် ပွဲတော်အတွင်း တီရှပ် ၁၀၀၀ ခန့်နှင့်
ငြိမ်းချမ်းရေး စတေကာ အခု ၁၀၀၀၀ ခန့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
Eleven
No comments:
Post a Comment