ကျန်ရှိနိုင်ငံရေး အကျဉ်းသား အများစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သူများဖြစ်
2.9.2013
အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် များနှင့် ပတ်သက်သူများ ဖြစ်သည်ဟု
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က သြဂုတ် ၃၀
ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အဆိုပါကော်မတီ အစည်းအဝေးအပြီးတွင်
သတင်းထောက်များ ကို ပြောကြားသည်။
"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်တွေက နိုင်ငံရေး အယူအဆ တစ်ခုအတွက်
သူတို့ရဲ့ တိုင်းရင်းသား အမျိုး သားတွေအတွက် ဆောင်ရွက်ရင်းနဲ့ ထောင်ကျခဲ့တာ
ဖြစ်တဲ့အတွက် သူတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိ အမှတ် ပြုထားပါတယ်။
သူတို့နဲ့ ပတ်သက်ပြီး အခုထက်ထိ စာရင်းအတိအကျ မရသေးပေမယ့် ထောင်ထဲမှာ
ကျန်နေ တဲ့ နိုင်ငံရေး အကျဉ်းသား တော်တော်များများက တိုင်ရင်းသား
လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ကျန်နေခဲ့တာ များ ပါတယ်" ဟု ဦးရဲအောင်က
ပြောကြားသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင်
မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် ပြစ်ဒဏ်ချခံထားရသည့် အကျဉ်းသား များ စာရင်းအား
အကျဉ်းဦးစီးဌာနမှ တောင်းယူထားကြောင်းနှင့် သြဂုတ် ၃၀ ရက်တွင်
ကျင်းပခဲ့သည့် စိစစ်ရေးကော် မတီ အစည်းအဝေးတွင် ပုဒ်မ ၁၇ (၁)နှင့်
ပြစ်ဒဏ်ချခံရသူများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
"၁၇ (၁)ချည်း သက်သက်ဆိုရင် တခြားပုဒ်မ မပါတဲ့ အရေအတွက်က ၅၀ အောက်မှာပဲ
ရှိတယ်။ ကျွန်တော်တို့ အတိအကျပြောဖို့တောင်းတော့ တောင်းထားတယ်ဆိုပေမယ့်
စာရင်းကျွန်တော်တို့ဆီကို တရားဝင် ပို့သေးတာ မဟုတ်ဘူး။ ဒီမှာပဲ
ဆွေးနွေးတာဖြစ်တဲ့ အတွက်ကြောင့် ရာဂဏန်း မရှိပါဘူး။ ဒီဇင်ဘာမှာ ဇီးရိုး
Level ဖြစ်အောင် ဦးတည်ချက်ထဲဝင်အောင် ဆက်ပြီးတော့ အသေးစိတ်
ဘယ်လိုစိစစ်ကြမလဲ ဆိုတာကို ဆွေးနွေးကြပါတယ်" ဟု ၎င်းကဆိုသည်။
Eleven
No comments:
Post a Comment