အစိုးရက ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ရန် မျှော်မှန်းထားသည့် ပင်လုံကဲ့သို့သော ညီလာခံ ဆိုသည်မှာ ပြီးပြည့်စုံသော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်အထိ မဖြစ်နိုင်ဟု တိုင်းရင်းသား ခေါင်းဆောင်အချို့ သုံးသပ်
3.9.2013
အစိုးရက ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ရန် မျှော်မှန်းထားသည့် ပင်လုံကဲ့သို့သော
ညီလာခံ ဆိုသည်မှာ ပြီးပြည့်စုံသော နိုင် ငံရေး ဆွေးနွေးပွဲ အဆင့်အထိ
မဖြစ်နိုင်ဟု တိုင်းရင်းသား ခေါင်းဆောင်အချို့က ဆိုသည်။ အဆိုပါ
ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ပေးမည်ဟု
အစိုးရဘက်က ပြောဆိုထားပြီး ၂၀၁၄ ခုနှစ် မတ်လတွင် ပြု လုပ် ရန်
မျှော်မှန်းထားကြောင်း စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ နိုင်ငံရေး
ဆွေးနွေးပွဲများ တက်လှမ်းနိုင်ရန် တပ်မတော် အပါအ၀င် နိုင်ငံတော် အစိုးရမှ
အပစ်အခတ် ရပ်စဲ ထားသော အဖွဲ့အစည်းများ အားလုံးနှင့် တစ်နိုင်ငံလုံး
အတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲရေး စာချုပ်တစ် ရပ် ချုပ်ဆိုရန်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် သြဂုတ် ၃၁
ရက်က တွေ့ဆုံစဉ် KNU အဖွဲ့က တင်ပြခဲ့သော ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် ဖော်ပြထားသည်။
ဆယ်စုနှစ်များစွာ
ဖြတ်သန်းကျော်လွှား ခဲ့ရသည့် နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲလွဲမှုများအား
တစ်ကြိမ်တည်း၊ တစ် ထိုင်တည်း ဖြေရှင်းရေးမှာ လက်တွေ့မဆန်သည့်အပြင်
မလွယ်ကူလှသည့် ရေးရာကိစ္စ ဖြစ်သောကြောင့် အားလုံးသေ ဘာတူသော နိုင်ငံရေး
ဆွေးနွေးမှု မူဘောင်များ အတွင်းမှ နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်
အဆင့်ဆင့်အား အချိန်ဇ ယား အတိအကျ သတ်မှတ်ပြီး လုပ်ကိုင်သွားရန်
လိုအပ်ကြောင်းလည်း အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဖော်ပြ ထားသည်။
KIA နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးသော်လည်း တိုက်ပွဲများ
ဆက်ဖြစ်နေသောကြောင့် ရှေ့ဆက်တိုးတက်သည် ဟု မမြင်ကြောင်း၊
တအောင်းပလောင်နှင့်လည်း ညှိနှိုင်းဆွေးနွေးပြီးမှ တိုက်ပွဲများ
ဆက်ဖြစ်နေသည်ဟု ကြားရေ ကြာင်း၊ ယင်းအချက်များကြောင့် တိုင်းရင်းသား
အားလုံးကို ငြိမ်းချမ်းရေးရအောင်၊ အပစ်အခတ် ရပ်စဲအောင် မ လုပ်နိုင်သေးဘဲ
ပင်လုံကဲ့သို့သော ညီလာခံတစ်ရပ် ကျင်းပရေး ဆိုသည်မှာ လက်တွေ့အားဖြင့်
ဖြစ်နိုင်ရန် ခဲယဉ်း မည် ဖြစ်ကြောင်းနှင့် အချိန်ကာလကို ဖြစ်ချင်သည့်
ဆန္ဒပေါ်တွင် မူတည်ပြီး သတ်မှတ်၍ မရကြောင်း ရှမ်းတိုင်းရင်း သားများ
ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
''အဲဒီလုပ်မယ့် ဆွေးနွေးပွဲမှာ ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှုရှိပြီး
ဘယ်လောက်အထိ ဆွေးနွေးခွင့်ပြု မလဲဆို တာလည်း အရေးကြီးတယ်။ ကြိုတင်ညှိနှိုင်း
မှုမရှိဘဲ လုပ်ချင်တာကို တစ်ဖက်သတ် လုပ်မယ်ဆိုရင် အကျိုးထက်
အြ ပစ်ပိုများလိမ့်မယ်လို့ မြင်တယ်။ တကယ်လို့ ပွင့်လင်းမြင်သာစွာ
ဆွေးနွေးခွင့် ပြုလုပ်မယ်။ အားလုံးလည်း ပါဝင်မယ် ဆိုရင်တော့
တိုင်းရင်းသားတွေရဲ့ တကယ်ဖြစ်ချင်တဲ့ ဆန္ဒကို သူတို့သိသွားမှာပေါ့။
တစ်ကြိမ်တည်းနဲ့ ပြီးပြတ်ဖို့ဆို တာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီပွဲကတော့
နိုင်ငံရေး ဆွေးနွေးပွဲအတွက် ခြေလှမ်းတစ်ရပ်လို့ပဲ မြင်တယ်။
တိုင်း ရင်းသားတွေနဲ့ နှစ်ပေါင်း ၆၀ လောက်ဖြစ်လာတဲ့ ပြဿနာကို လေးငါးခြောက်လ
တစ်နှစ်လောက်နဲ့ ရှင်းဖို့ ဆိုတာတော့ ရနိုင်ကောင်းတဲ့ အရာမဟုတ်ဘူး'' ဟု
ဦးစိုင်းလိတ်က ဆိုသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ် ငန်းကော်မတီ၏ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ဆောင်ရွက်ရာ၌
လုပ်ဆောင်ရမည့် အချက်များတွင် ထာ ၀ရငြိမ်းချမ်းရေး အတွက် ဥပဒေဘောင်အတွင်း
အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တန်းတူညီ တူ နေ ထိုင်၊
သွားလာ၊ လုပ်ကိုင်၊ ဆောင်ရွက်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ
တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို
ညှိနှိုင်းဆောင်ရွက်ရေး ဟူသော အချက်များ ပါဝင်ပြီး လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့်မူ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်ရန် လုံးဝမဖြစ်
နိုင်ကြောင်းလည်း တိုင်းရင်း သား ခေါင်းေ ဆာင်များက ပြောကြားမှုများ ရှိနေသည်။
''ငြိမ်းချမ်းရေးရဖို့ အဆုံးအဖြတ်ပေး နိုင်တာကတော့ နိုင်ငံရေး ပြဿနာတွေကို
နိုင်ငံရေး နည်းအရ ဖြေရှင်း ဖို့ပဲ ဖြစ် တယ်။ အဲဒီအတွက် အရင်းခံကျတဲ့ကိစ္စက
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်း ပုံ
ပြင်ဖို့ဆိုရင်တော့ ပင်လုံစိတ်ဓာတ် အခြေခံတဲ့ ညီလာခံကြီး ကျင်းပပေးဖို့
လိုတယ်။ အပစ်အခတ်ရပ်စဲရေး လက် မှတ်ထိုးရုံနဲ့တော့ ငြိမ်းချမ်းရေးက ဝေး
နေဦးမှာပါ။ အခုက အပစ်အခတ်ရပ်စဲရေး သဘောတူထားတယ်သာ ပြောတာ။ တိုက်ပွဲတွေက
ဆက်ဖြစ်နေတာပဲလေ'' ဟု ကယန်း ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး(၁)
ဗိုလ်မှူးကြီးစောလွ င် က ပြောကြားသည်။
ကချင်လွတ်မြောက်ရေး တပ်မတော်
(KIA) နှင့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားခဲ့ပြီးမှ
အစိုးရနှင့် KIA အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သောကြောင့်
အစိုးရအပေါ် ယုံကြည်မှုလည်း ကျဆင်းခဲ့ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက
ဆိုသည်။
''အဲဒါကတော့ နှစ်ဖွဲ့လုံးပေါ်မှာ မူတည်တယ်။ ညှိနှိုင်းရေး
အလုပ်အဖွဲ့တွေလည်း ဖွဲ့ထားပြီးပြီဆိုတော့ ဒီကြားထဲမှာ အချင်းချင်း
အပြန်အလှန် ဆွေးနွေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အချင်းချင်း
ယုံကြည်မှု တည်ဆောက်ပြီးေ တာ့ မှ အစိုးရလုပ်ချင်တဲ့ ပုံစံအတိုင်း ဆိုရင်တော့
ကောင်းတာပေါ့။ ဘယ်လိုပဲပြောပြော နောက်ဆုံးမှာတော့ စားပွဲပေါ် မှာ နိုင်ငံရေး
ဆွေးနွေးရမှာပဲ။ အဲဒါမှ မဟုတ်ရင်တော့ အဖြေမရနိုင်ဘူး'' ဟု ကချင် နိုင်ငံရေး
ခေါင်းဆောင် တစ်ဦးဖြစ် သည့် ဒေါက်တာတူးဂျာက ဆိုသည်။
Eleven Media Group
No comments:
Post a Comment