မြေမြှုပ်မိုင်းကြောင့် ခံစားနေရသူများကို ကန်ဒေါ်လာ နှစ်သိန်းကျော် ဂျာမနီကူညီ

21.9.2013
မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ
ချို့ယွင်းသူများ ပြန်လည် သန်စွမ်းရေး အတွက် ဂျာမနီ အစိုး ရက အမေရိကန်ဒေါ်လာ
နှစ်သိန်းကျော်ကို မြေမြှုပ်မိုင်းကြောင့် ဓားစာခံ ဖြစ်ခဲ့ရသူများ အတွက်
ပံ့ပိုးကူညီနေသည့် ဒိန်းမတ်နိုင်ငံ အခြေစိုက် Danchurch Aid (DCA) သို့
ထောက်ပံ့ထားကြောင်း စက်တင်ဘာလ ၁၈ရက်နေ့တွင်(DCA) ကထုတ်ပြန်သည်။
ဂျာမနီအစိုးရက ထောက်ပံ့သော ယင်းရန်ပုံငွေများသည် ယူရိုတစ်သိန်းခွဲ
တိတိရှိပြီး အစိုးရချင်း ချိတ်ဆက် လှူ ဒါန်းခြင်း မ ဟုတ်ဘဲ မြန်မာနိုင်ငံမှ
မြေမြှုပ်မိုင်းဒဏ်ထိ ဒေသခံများနှင့် တိုက်ရိုက် ထိတွေ့လုပ်ကိုင်နေသည့် DCA
သို့ ထောက်ပံ့ပေးခြင်း ဖြစ်သည်။
အဆိုပါ ထောက်ပံ့မှုများကို
မြန်မာနိုင်ငံရှိ DCA ရုံးက သွားလာရ ခက်ခဲသော နေရာဒေသ များမှ
မြေမြှုပ်မိုင်းဒ ဏ်ကြောင့် ကိုယ် လက်အင်္ဂါ ဆုံးရှုံးခဲ့သူများအတွက်
ရွေ့လျားခြေတု၊ လက်တု တပ်ဆင်ရေး ဆေးခန်းများ ဖွင့်လှစ်ကာ ထည့်သွင်း
သုံးစွဲသွားမည် ဖြစ်ကြောင်း DCA ၏ ထုတ်ပြန် ချက်များအရ သိရသည်။
မြေမြှုပ်မိုင်း အများဆုံးပြည်နယ် တစ်ခုဖြစ်သည့် ကရင်ပြည်နယ်တွင်
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများ စာရင်းကို လိုက်လံ
ကောက်ခံလျက်ရှိပြီး လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်က ထောင်ထားသော
မိုင်းအားလုံး ရှင်း လင်းရေးအတွက်မူ ယခုအချိန်ထိ စတင်ခြင်း မရှိသေးကြောင်း
Mine Action Myanmar မှ ဦးစောမိုးမြင့်က The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် နိုင်ငံတကာက
ပံ့ပိုးမှုများစွာ ရရှိသည့်အထဲမှ မြေမြှုပ်မိုင်းအတွက် အကူအညီ
အများဆုံးပေးသော ဒိန်းမတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ
၃၇၃,၅၈၇ ပံ့ပိုးပေးထားပြီး ဒုတိယအများဆုံး အလှူရှင်ဖြစ်သည့်
အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၈၉,၁၀၆ ထောက်ပံ့ ထားကြောင်း နိုင် ငံ တကာ
မြေမြှုပ်မိုင်း ရှင်းလင်းရေးအဖွဲ့ (Landmines & Cluster Munition
Monitor) ထံမှသိရသည်။
နိုင်ငံတကာ အလှူရှင်များထံမှ
မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ အသိပညာပေးရေး၊ မြေမြှုပ်မိုင်းဒဏ်
ခံစားရသူများအ တွက် ခြေတု၊ လက်တုများ တပ်ဆင်ပေးခြင်းတို့အတွက် ရရှိသည့်
ရန်ပုံငွေ အားလုံးသည် ၂၀၁၁ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၆၇၄,၃၆၈ ရှိသည်။
The Voice Weekly
No comments:
Post a Comment