မအူပင်မြို့တွင် DKBA မှ ဒုဗိုလ်တဦး နယ်ကျော် ခဲယမ်းသယ်ဆောင်သဖြင့် ဖမ်းဆီးခံရ

5.9.2013
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့်
ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) လက်အောက် ခံအ ဖွဲမှ ဒုဗိုလ်တစ်ဦးကို
ခဲယမ်းလက်ဝယ်တွေ့ရှိသဖြင့် မအူပင်မြို့၌ အစိုးရစစ်တပ်မှ
ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သိ ရှိရပါသည်။
ကရင်ပြည်နယ်မှ လာသည်ဟုဆိုသော သူတစ်ယောက်သည် မအူပင်မြို့တွင်း
ဝင်ရောက်လာပြီး ကရင် ပြည်နယ်ဘက် လိုက်မလားဟု၍ မေးမြန်း ခေါ်ဆောင်နေသည်ဟု
ကြားရသဖြင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးရာ DKBA တပ်ဖွဲ့၊ ရင်း ၉၁၀
မှ ဆေးမှူးတာဝန်ခံ ဒုဗိုလ်မြစော ဆိုသူအား ခဲယမ်းအချို့နဲ့ တွေ့ရှိရသဖြင့်
နယ်မြေခံ ခလရ ၂၇ တွင် ခေါ်ဆောင် ထိန်းသိမ်းခဲ့သည်ဟု သိရပါသည်။ မြစောအား
ဆက်လက် စစ်ဆေးရာတွင် ၎င်းမှာ မှတ်ပုံတင် ၂ ခု ကိုင်ဆောင်ထားပြီး
ဝါးခယ်မမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ် များတွင် ပြုလုပ်ထားကြောင်း
တွေ့ရှိရပါသည်။ ထိုအ တွက် မြစောအား ငှက်ပျောချောင်းရဲစခန်းမှ ခဲယမ်း
တွေ့ရှိမှူ၊ လက်နက်ကိုင်ဆောင်မှူတို့ဖြင့် အမှူဖွင့်ထားပြီး မှတ်ပုံ တင်
နှစ်ခုကိုင်ဆောင်သည့်အတွက် မြို့နယ် လဝကမှလည်း တရားစွဲဆိုသွားမည်ဟု ကြား သိရပါသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး “ဒုဗိုလ်မြစောကိုခဲယမ်းလက်ဝယ်ထားရှိမှူ၊ လက်နက်ကိုင်ဆောင်မှူတို့နဲ့ဖမ်း ထား တာ ပါ။ အရင် တုန်းကလည်း သူကအလုပ်သမားတွေလာခေါ်ဖူးပါတယ်။တရက်ကို၅၀၀၀(ငါးထောင်)ဝန်းကျင် ရ မယ်ပြော တယ်။ ဒီဘက်မှာလည်း အလုပ်ရှားတော့ တစ်ချို့လည်းလိုက်သွားဖူးပါတယ်။ အရင်လိုက်သွားဖူးတဲ့ သူ တွေဆီကပြန် ကြားရတာတော့ ခေါ်သွားတဲ့အထဲက တစ်ချို့တော့ သူတို့အဖွဲ့ထဲဝင်ခိုင်းလို့လက်နက်ကိုင် ရဲဘော် ဖြစ်သွားကြတယ် ”
ဟု ဒေသခံ တစ်ဦးထံမှ သိရှိရပါသည်။
DKBA ကလိုထူးဘော အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေးသဘောတူထားသော
ကရင်တိုင်းရင်းသား လက် နက် ကိုင်တပ်ဖွဲ့ တစ်ခုလည်းဖြစ်ပါသည်။
အပစ်အခတ်ရပ်စဲထားသည့် လက်နက် ကိုင်အဖွဲ့များအနေဖြင့် သတ်မှတ် ထား
သောနယ်မြေများမှအပ ကျန်နယ်မြေများကို သွားလာမည်ဆိုပါက လက်နက်ခဲယမ်းများ
ယူဆောင်ခွင့် မပြု ထားသော်လည်း အချို့လက်နက်ကိုင်များမှာ
မိမိတို့ကိုယ်ပိုင်ဆန္ဒသဘောဖြင့်
တိတ်တဆိတ် ယူဆောင်လာ လျှက်ရှိနေ ပါသည်။ ပြီးခဲ့သည့် သြဂုတ်လတွင်
ပြုလုပ်ခဲ့သော ရှစ်လေးလုံးအခမ်းအနားသို့ တက်ရောက်ခဲ့သည့် DKBA မှ
အရာရှိ တစ်ဦးသည်လည်း လက်နက်ယူဆောင်လာပြီး ရန်ကုန်မြို့တွင်း၌ လက်နက်နဲ့ ရမ်းကားမှူဖြစ်ခဲ့သဖြင့် ရဲစခန်း တွင် အမှူ ဖွင့်အရေးယူထားကြောင်းလည်း သိရှိရပါသည်။
photo-DKBA
ဖိုးခွားလေး
No comments:
Post a Comment