ရလာဒ် မရှိသေးသည့် အပစ်အခတ် ရပ်စဲရေး အခြေအနေကို KNU သုံးသပ်

8.9.2013
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသည် ယနေ့ အချိန်ထိ ရလာဒ် တစုံတရာ
မရရှိသေးကြောင်း ကရင် အမျိုးသား အ စည်းအရုံး (KNU) ၏ ခရိုင် (၇) ခု
အလုပ်ရုံ ဆွေးနွေးပွဲမှ ဆုံးဖြတ်သည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော
(KNU) လယ်ယာ စိုက်ပျိုးရေး ဌာန အတွင်းရေးမှူး ပဒို့စောလေ့စေး ကဆိုပါသည်။
“ဒီအစည်းအဝေးကို ကရင်ပြည်နယ် လှိုင်ဘွဲမြို့နယ် (KNU) တပ်မဟာ (၇)
နယ်မြေလေးဝါး စခန်း မှာ စက်တင်ဘာ (၂) ရက်နေ့ကနေ (၆) ရက်နေ့ အထိ ကျင်းပပြီး
လူဦးရေ(၈၀) ခန့် တက်ရောက် ပါတယ်။ အပစ်အခတ် ရပ်စဲရေးက တနှစ်ကျော် တောင်
ရှိနေပြီးလေ၊ သဘော တူထားတာတွေလည်းဘာမှ အကောင်ထည် မဖော်နိုင်ဘူး ဘာရလဒ်မှ
လည်း မရှိသေးဘူး။” ဟုဆိုပါသည်။
အပစ်အခတ် ရပ်စဲရေး
လုပ်ထားပါလျှက်နှင့် တပ်မဟာ (၅) ၌ တိုက်ပွဲ ဖြစ်ပွားသည့် အခြေအနေ၊ KNU
နယ်မြေထဲသို့ အစိုးရ အုပ်ချုပ်ရေး တိုးချဲ့လာသည့် ကိစ္စ ၊ မြေယာ ပြသနာများ
တိုးများ လာခြင်းနှင့် မူးယစ်ဆေးဝါးတွေ သုံးစွဲမှု အပြင် ရောင်းဝယ်မှု
တိုးများ လာသည့် ကိစ္စများကို ဆွေးနွေးကြပါသည်။
ထို့အပြင်
ဒုက္ခသည်များ ပြန်ပို့ရေး ကိစ္စ၊ အစိုးရ တပ်များ စခန်း (၁၀၀) နီးပါး
ဆုတ်ပေးရေး ကိစ္စ၊ Code of Conduct အတည်ပြုရေး ကိစ္စ၊ ၂၀၀၈ အခြေခံ ဥပဒေ
ပြုပြင် ပြောင်းလဲရေး ကိစ္စနှင့် နိုင်ငံရေး Frame work ကိစ္စများကို
ဆွေးနွေးခဲ့ ကြပါသည်။
KNU နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေးသည်
တနှစ်ကျော် ကြာလာပြီး ဖြစ်သည်။ သို့သော် နှစ်ဖက် ယုံကြည်မှု
တည်ဆောက်နိုင်ရန် တပ်နေရာ ချထားရေး၊ နိုင်ငံရေး ဆွေးနွေးမှုများ အာမခံ
ရှီလာရေးနှင့် ဒေသ ဖွံ့ဖြိုးရေး များသည် ယနေ့ထိ တစုံတရာ တိုးတက် လာမှု
မရှိကြောင်း သုံးသပ်ကြပါသည်။
ဤသို့ကြောင့် ယခု ဆွေးနွေးပွဲမှ ရရှိ
ထားသော သုံးသပ်ချက် များကို KNU ဗဟို ကော်မီတီသို့ တင်ပြရန် ရှိပါသည်။ ယခု
ဆွေးနွေးပွဲသို့ ဗဟို ကော်မီတီများ အပါအ၀င် ခရိုင် ခေါင်းဆောင်များ
တက်ရောက် ကြပြီး ရှေ့လုပ်ငန်း စဉ် ရေး ဆွဲရန် ပူးပေါင်း သုံးသပ်သည့်
ဆွေးနွေးပွဲ ဖြစ်ပါသည်။
အထူးသဖြင့် ဥက္ကဌ မူတူးဆေးဖိုး၊ အထွေထွေ
အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း၊ အတွင်းရေးမှူး (၁) ပဒို စောသော သီဘွဲ ၊
ပဒိုစောအာတိုး၊ ပဒိုစောအောင်ဝင်းရွှေ နှင့် ဗိုလ်မှူးကြီး နော်ဒါးမြ
တို့လည်း တက်ရောက် ခဲ့ပါသည်။ ထို့အပြင် အမျိုးသမီး အဖွဲ့နှင့် လူငယ်
အဖွဲ့များ၊ ခရိုင် ဥက္ကဌများ တက်ရောက် ခဲ့ပါသည်။
KNU သည် အပစ်အခတ်
ရပ်စဲရေး ပိုမို ခိုင်မာ လာစေရန် နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာ
စေရန် နှစ်ဖက်နား လည်မှု ရှိရှိနှင့် သဘောထား မကွဲလွဲသည့် နည်းဖြင့်
ကိုယ်လိုရာ ပန်းတိုင် အရောက် ရရှိရေး အတွက် အားလုံး ပါဝင် ကြိုးစားသွား
ကြရန် ရည်ရွယ် ထားပါသည်။
ရွှေဟင်္သာ
No comments:
Post a Comment