ဓားပြတိုက်မှု တရားခံဟုဆိုကာ ဖမ်းဆီးထားသည့် KNU/KNLA တပ်ဖွဲ့ဝင် များကို လွှတ်ပေးရန် တောင်းဆို
13.9.2013
မွန်ပြည်နယ် သထုံမြို့နယ်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးခရီးသည်
တင်ယာဉ်ကို ဓားပြတိုက်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ KNU/KNLA
ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ပြည်ထောင်စု
ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့်
နယ်စပ်ရေးရာ ဝန်ကြီးဌာနကို စာပို့တောင်း ဆိုထားကြောင်း အဆိုပါတပ်ဖွဲ့မှ
စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးစောမင်းအောင်က ပြောကြားသည်။
“စဖမ်းတုန်းကတော့ ဓားပြမူနဲ့ ဖမ်းသွားတယ်။ အခု သထုံ ဓားပြတိုက်တဲ့ သူတွေ
ဖမ်းမိတော့လည်း တရားမဝင် လက်နက်ကိုင်ဆောင်မူ၊ မှောင်ခိုကား
တင်သွင်းမှုတွေနဲ့ ထပ်ပြီးဖမ်းထားတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဓားပြတိုက် လူသတ်မှုသည် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ပတ်သက်ခြင်း မရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
မွန်ပြည်နယ် သထုံမြို့တွင် ရာဇာမင်း အဝေးပြေး ခရီးသည်တင်ယာဉ်
ဓားပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး KNU/KNLA ငြိမ်းချမ်းရေးကောင်စီ
အဖွဲ့ဝင်လေးဦးကို မသင်္ကာမှုဖြင့် ဖမ်းဆီးထားသော်လည်း ယင်းအဝေးပြေးယာဉ်ကို
ဓားပြတိုက် သည့် တရားခံများ ဖမ်းဆီးရမိသည့်တိုင် အဆိုပါ KNU/KNLA
တပ်ဖွဲ့ဝင်လေးဦးကို ပြန်လည် လွှတ်ပေးခြင်း မရှိသေးေ ကြာင်း ၎င်းကရှင်းပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရကို ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားမည့်သူ မရှိသြ ဖင့် မေးမြန်း၍မရပေ။
ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန်-မော်လမြိုင် အဝေးပြေး
ခရီးသည်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်အ ကူ ကို ပစ်သတ်ခဲ့ပြီး
ဓားပြတိုက်ခဲ့သည့် တရားခံများကို ဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ်
ရဲတပ်ဖွဲ့က ဆိုထားသော် လည်း ယင်းတရားခံမှာ မည်သူမည်ဝါ ဖြစ်ကြောင်း
ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
The Voice Weekly
No comments:
Post a Comment